Wednesday, December 17, 2014

ရခိုင်ပြည်နယ်နေ့ အခမ်းအနား ဘင်္ဂလာဒေရှ့် နယ်စပ် အနီးတွင်ကျင်းပ


arakan-state-day-on-border-2

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်ခဲ့သော နှစ် (၄၀) မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းကို မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ကျေးရွာ တစ်ခုဖြစ်သော ကြိမ်ချောင်းရွာတွင် ကျင်းပခဲ့ရာ အထူးစည်ကားခဲ့သည်ဟု သတင်း ရရှိသည်။

“ ဒီနှစ်မှာ ကျရောက်တဲ့ နှစ် ၄၀ မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို မောင်တောခရိုင် မြောက်ပိုင်းက ကြိမ်ချောင်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ အနီးအနားက ဒေသခံတွေလည်း တက်ရောက်ကြတဲ့ အတွက် အထူးစည်ကားပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အခမ်းအနားအား ၎င်းနေ့ နံနက် ၉ နာရီ အချိန်တွင် ကြိမ်ချောင်းကျေးရွာ၌ ရခိုင်မင်္ဂလာစည်တော်အား တီခတ်ပြီး ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက်ပိုင်းတွင် ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ကြသော ရခိုင်အာဇာနည် သူရဲကောင်းများအား တစ်မိနစ်ခန့် ငြိမ်သက်စွာဖြင့် ဂုဏ်ပြုခဲ့ကြသည်ဟု သူက ဆိုသည်။

ယင်းနောက်ပိုင်း သဘာပတိဦးမောင်သိန်း(ကြိမ်ချောင်း)ကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတမှ ပေးပို့သောသ၀ဏ်လွှာကို ဒေါက်တာ နုကေသီစံမှ ဖတ်ကြားပြီး ပြည်ထောင်စု လွတ်တော် နာယက သူရဦးရွှေမန်းမှပေးပို့သော သ၀ဏ်လွှာကို ဦးထွန်းထွန်းဝင်းမှဖတ်ကြားခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကျင်ကိုင်ပွဲ ပထမဆုကို ခြံပြင်ကျေးရွာမှ၎င်း၊ ချောတိုင် ပထမဆုကို ကပ်ပကောင်းကျေးရွာမှ၎င်း၊ လွန်ဆွဲ ပထမဆုကို ရန်အောင်ပြင် ကျေးရွာမှ၎င်း၊ ပိုက်ကျော်ခြင်း ပထမဆုကို ငါးခူရကျေးရွာမှ၎င်း၊ ဘော်လုံး ပထမဆုကို မင်းခမောင်းကျေးရွာမှ၎င်း အသီးသီး ရရှိ သွားခဲ့သည်။

ဆုပေးပွဲ အခမ်းအနားကို ညနေ ၅ နာရီတွင် ကျင်းပရာ ဌာနဆိုင်ရာများနှင့် ရပ်မိ မိရပ်ဖများမှ ဆုအသီးသီး ချီးမြှင့်ပေးပြီး ရိုးရရာယဉ်ကျေးမှု အကပဒေသာများနှင့် ကပြ ဖျော်ဖြေကြရာ လောင်းဒုံကျေးရွာမြိုရိုးရာယဉ် ကျေးမှုနှင့် ကြိမ်ချောင်း ကျေးရွာ အနုပညာအသင်းတို့မှ ကပြဖြေဖျော်ကြပါသည်။

၂၀၁၅ ခုနှစ်တွင် ကျရောက်မည့် နှစ် (၄၁) မြောက် ရခိုင်ပြည်နယ်နေ့ကို မောင်တောမြောက်ပိုင်း ကိုယ်စားပြု ငါးခူရကျေးရွာတွင် ကျင်းပနိုင်ရေး အလံငယ်ကို ပေးအပ်ခဲ့ရာ ဦးဘတင်မှ လက်ခံရယူခဲ့ပါသည်။

(၃၉) နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို မောင်တော မြောက်ပိုင်းကိုယ်စားပြု တောင်ပြိုလက်ဝဲမြို့တွင်၂၀၁၃ နှစ်က ကျင်းပခဲ့ပြီး ယခုနှစ် ပြည်နယ်နေ့ကို  ကြိမ်ချောင်းတွင်၎င်း၊ လာမည့်နှစ်တွင် ငါးခူရ ကျေးရွာတွင်၎င်း ကျင်းပသွားမည်ဟု သိရှိရပါသည်။

လာမည့်နှစ်တွင် ရှေးဟောင်းယဉ်ကျေးမှု သမိုင်းပြခန်း၊ စာပေယဉ်ကျေးမှုပြခန်းများနှင့် မျိုးဆက်သစ် လူငယ်များအတွက် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်များထည့်သွင်း ကျင်းပသွားမည်ဖြစ် ဖြစ်ကြောင်း ဒေသခံမှ ပြောဆိုသွားသည်။


Narinjara

No comments:

Post a Comment

My Blog List