Tuesday, December 16, 2014

မောင်တောနယ်စပ်ရှိ တောင်ပေါ် တိုင်းရင်းသားများအား ပြည်နယ်အစိုးရအဖွဲ့ စားနပ်ရိက္ခာ ထောက်ပံ့မည်


ဆက်သွယ်သွား လာမှုခက်ခဲသည့် မောင်တောနယ်စပ်ဒေသရှိ တောင်ပေါ်တိုင်း ရင်းသားများအတွက် ပြည်နယ်အ စိုးရအဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဟု သ တင်းရရှိသည်။

တောင်ပေါ်တိုင်းရင်းသား ကျေးရွာများမှာ တောင်ယာလုပ် ငန်းကိုအဓိကထားလုပ်ကိုင်စား သောက်နေကြသည့် ကျေးရွာများ ဖြစ်ပြီး ဆက်သွယ်သွားလာမှု အလွန်ခက်ခဲသည့်ကျေးရွာများဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးရန် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားသည်ဟု စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းကပြောသည်။

မောင်တောနယ်စပ်ဒေသ မြောက်ဖျား၊ တောင်ပေါ်ဒေသ များတွင် မြိုတိုင်းရင်းသားအများ စုနေထိုင်ကြပြီး စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းတစ်ခုတည်းကိုသာ လုပ်ကိုင်တတ်ကြပြီးတောင်ယာမှ ထွက်ရှိသည့် စပါး၊ သီးနှံများဖြင့် အသက်မွေးနေသူများဖြစ်ကြောင်းနှင့် အဆိုပါတိုင်းရင်းသားများ၏ လူမှုဘ၀အခြေအနေကို ဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးခြင်းများ ပြုလုပ်နေ ကြောင်းသိရသည်။

7Day Daily

ပြန်ခေါက်ထားပေးပါ

No comments:

Post a Comment

My Blog List