Wednesday, December 17, 2014

မြောက်ကိုရီးယား နိုင်ငံ၏ လူ့အခွင့်ရေး ချိုးဖောက်မှုကိစ္စ လာမည့် သီတင်းပတ်၌ လုံခြုံရေးကောင်စီတွင် ဆွေးနွေးမည်



NorthRight
မြောက်ကိုရီးယားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး အထူးသဖြင့် အကျဉ်းထောင်များတွင် ဖြစ်သည်။

လူ့အခွင့်ရေးကို ချိုးဖောက်သည့် ရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ မြောက်ကိုရီးယားနိုင်ငံ ကို နိုင်ငံတကာ တရားရုံးသို့ တင်ရန် တောင်းဆိုမှုများ ရှိနေစဉ် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လာမည်သီတင်းပတ် တွင် မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်ရေး ချိုးဖောက်မှု မှတ်တမ်းကို ဆွေးနွေး သွားမည်ဖြစ်သည်။

လုံခြုံရေးကောင်စီသည် မြောက်ကိုရီးနိုင်ငံ၏လူ့အခွင့်ရေး ချိုးဖောက်မှုနှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေး မှုများပြုလုပ်ရန် ရက်ကို ဒီဇင်ဘာ ၂၂ သို့မဟုတ် ၂၃ ရက် သတ်မှတ်ခဲ့ကြောင်း ကောင်စီဥက္ကဌ ချက်ဒ်နိုင်ငံ၏ ပြောရေးဆိုခွင့် ရှိသူကပြောကြား ခဲ့သည်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂလူ့အခွင့်ရေးအရာရှိက တင်သွင်းသော အချက်လက် အကျဉ်းချုပ်ကို ကြားနာသွားမည် ဖြစ်ကြောင်းနှင့် အရာရှိက  ၎င်း၏တင်သွင်းမှုကို အတည်ပြုနိုင်ပါက ရက်အတိကျ သတ်မှတ်မည် ဖြစ်ကြောင်း ပြောရေး ဆိုခွင့် ရှိသူက ပြောကြားသည်။

ကောင်စီရှိ သံအမတ်၁၅ဦးအနက်၁၀ဦးက ယခုလအတွင်း ဆွေးနွေးပွဲကိုလုပ်ဆောင်ရန် တိုက်တွန်းလျက်ရှိသော်လည်း တရုတ်နှင့် ရုရှမှကန့်ကွက်နေသူများက ယင်းကိစ္စရပ်ကို ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီကသာ ကိုင်တွယ်သင့်ကြောင်းတိုက်တွန်းလျက်ရှိသည်။

မြောက်ကိုရီးယား နိုင်ငံ၏လူ့အခွင့်ရေးချိုးဖောက်မှုများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေကြောင်း မြောက်ကိုရီးယားနိုင်ငံနှင့် စပ်လျဉ်း၍ ကော်မရှင်က ဖေဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သော စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တွေ့ရှိချက်များကို ကိုးကား၍ သံအမတ် ၁၀ ဦးက တိုက်တွန်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံမှပြည်ပြေးများ၏ထွက်ဆိုချက်များကို ကာလကြာရှည် စုံစမ်းစစ်ဆေး ကြားနာခဲ့သည့် အပြင် လူ ၁၂၀၀၀၀ ခန့်ကို ထိန်းသိမ်းထားသော အကျဉ်းစခန်း များတွင် ညှင်းပန်းနှိပ်စက်မှုများ၊ ကွပ်မျက်ခံရမှုနှင့် အဓမ္မပြုကျင့်ခံရမှု ဖြစ်ရပ်များနှင့် ပတ်သက်၍ အထောက်ထားများရှိသည်ဟု စုံစမ်းစစ်ဆေးမှုက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂတွင် မြောက်ကိုရီးယားနိုင်ငံ၏လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းများကို ကိုင်တွယ်ဖြေရှင်း ရန် လုပ်ဆောင်နေသော  သြစတြေးလျ ဦးဆောင်သော ကြိုပမ်းမှုများကို တားဆီးရန် ကြိုးပမ်းသည့် အနေဖြင့် CIA စစ်ကြောမေးမြန်းမှု နည်းလမ်းများကို အရေးပေါ်ဖြေရှင်းရန် လုံခြုံရေးကောင်စီကို မြောက်ကိုရီးယားက ဒီဇင်ဘာ ၁၅ ရက်က တောင်းဆိုခဲ့သည်။ ရာဇ၀တ် တရားရုံး (ICC) သို့တင်သွန်းရန် လုံခြုံရေးကောင်စီကိုတောင်းဆိုထားသော ဆုံးဖြတ်ချက် မှုကြမ်းနှင့်ပတ်သက်၍ ယခု သီတင်းပတ်နှောင်း ပိုင်းတွင် မဲပေးဆုံးဖြတ်သွားမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment

My Blog List