Thursday, December 18, 2014

မလေးရှားတွင် ၁၆ ရက်အတွင်း တရားမဝင်မြန်မာလုပ်သား နှစ်ရာကျော် ဖမ်းမိ


မလေးရှားနိုင်ငံရှိ တရားမဝင်မြန်မာလုပ်သားများ မြန်မာနိုင်ငံသို့ အောက်လမ်းမှ ပြန်လာနေသည်ကို မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးလျက်ရှိရာ ၁၆ ရက်အတွင်း မြန်မာလုပ်သား ၂၀၀ ကျော်ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

၂၀၁၅ ဇန်နဝါရီတွင် စတင်မည့် တရားမဝင်လုပ်သားများဖမ်းဆီးမည့်စီမံချက်ကို ကြောက်၍ မြန်မာလုပ်သားများပြန်လာနေရာ ဒီဇင်ဘာ ၁၆ ရက်ကမြန်မာလုပ်သား ၇၆ ဦးကို ကီဒါးပြည်နယ်၊ ပန်ဒန်းစတုကျေးရွာ၌ မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အဆိုပါဖမ်းဆီးခံရသူများ အနက် အမျိုးသား ၆၅ ဦးနှင့် အမျိုးသမီးခုနစ်ဦးတို့သည် တရား မဝင်နေထိုင်သူများဖြစ်ပြီး ကျန်လေးဦးသည် ပါမစ်သက်တမ်းရက်လွန်နေထိုင်သူများဖြစ်သည်။

တရားမဝင်နေထိုင်သူများကို တရားမဝင်နေထိုင်မှု ဥပဒေ ၁၉၅၉/၆၃ အရ ပုဒ်မ ၆(၁)(ခ) ဖြင့်၊ ပါမစ်သက်တမ်း ရက်လွန်နေထိုင်သူများကို ပုဒ်မ၁၅(၁)(ခ)ဖြင့် အရေးယူသွားမည်ဟု မလေးရှားရဲတပ်ဖွဲ့ကပြော ကြားခဲ့သည်။

ဖမ်းဆီးခံရသော မြန်မာလုပ် သားများသည် ကွာလာလမ်ပူ၊ ဂျိုဟိုး၊ ပီနန်စသည့်မြို့များတွင် နေထိုင်လုပ်ကိုင်သူများဖြစ်သည်။

ယခုဖမ်းဆီးခံရသော မြန်မာ လုပ်သားများအပါအဝင် ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း မလေး ရှားနိုင်ငံမှ တရားမဝင်အောက် လမ်းမှပြန်လာသော မြန်မာလုပ် သား ၂၀၀ ကျော် ဖမ်းဆီးခံရကြောင်း အိုဗာစတေးကူညီမှု ဖောင်ဒေးရှင်း(မလေးရှား)မှ ဦးချစ်ကောင်းကပြောသည်။

‘‘ဟိုနေ့ကလည်း အောက် လမ်းကပြန်တဲ့ မြန်မာခုနစ်ဆယ် ကျော်ဖမ်းဆီးခံလိုက်ရတယ်။ အခု မလေးရှားမှာ တရားမဝင် တွေဖြစ်နေတာက အောက်လမ်း ကပြန်ရင်လည်း အဖမ်းခံရတယ်။ ဆက်နေရင်လည်း အဖမ်းခံရမှာ အဲဒီလိုဖြစ်နေတယ်’’ဟု မလေးရှား ရောက်မြန်မာလုပ်သားများ အားကူညီပေးနေသော ဦးမျိုး ညွန့်ကပြောသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးပြန်ရန် မလေးရှားအစိုးရက ကြေညာထားသည်။ဖမ်းဆီးခံရပါက (3+1)စီမံချက် အရထောင်သုံးလနှင့် ကြိမ်ဒဏ်တစ်ချက်ချမှတ်ခံရမည်ဟုကြေညာချက်၌ဖော်ပြသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံသားများဖမ်းဆီးမည့် အစီအစဉ်ကြောင့် နိုင်ငံသို့ပြန်လာရန် တရားမဝင်နေထိုင်သော မြန်မာလုပ်သားများမှာ နိုင်ငံသားမှတ်ပုံတင်မရှိ၍ အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

My Blog List