Tuesday, December 16, 2014

ထားဝယ်အထူးဇုန်မှ ရင်းနှီးမြှုပ်နှံမှု ပြန်ထုတ်ယူခဲ့ခြင်း မက်စ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရှင်း


ထားဝယ်ရေနက်ဆိပ် ကမ်းနှင့်  အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုသည် အချိန်ကာလကြာမြင့်မည်ဖြစ်၍ မက်စ်မြန်မာကုမ္ပဏီ၏ အစုရှယ် ယာများ ပြန်လည်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးဇော်ဇော် ကပြောကြားသည်။

‘‘ကျွန်တော်လုပ်တဲ့ အလုပ် တွေက မပြီးဘဲထားခဲ့တာမျိုး မရှိ ချင်ဘူး။ ဒါကြီးက ချက်ချင်းဖြစ်ဖို့ ခက်ခဲတယ်’’ဟု ၎င်းကပြောကြား သည်။

မက်စ်မြန်မာကုမ္ပဏီသည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် အစုရှယ်ယာအနည်းစုသာ  ပိုင် ဆိုင်ပြီး ကုမ္ပဏီလုပ်ငန်းနှင့် ပတ် သက်၍ ဆုံးဖြတ်နိုင်စွမ်းမရှိသဖြင့်ရှယ်ယာများ ပြန်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဦးဇော်ဇော်ကရှင်းပြ သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်ကို စစ် အစိုးရလက်ထက်တွင် ထိုင်းနိုင်ငံ မှ အီတာလျံထိုင်းကုမ္ပဏီနှင့် စ တင်အကောင်အထည်  ဖော်ခဲ့ သည်။ ယင်းနောက်လုပ်ငန်းလုပ် ကိုင်မှုပိုင်းနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ ရှုပ်ထွေးခဲ့ပြီး အီတာလျံထိုင်း ကုမ္ပဏီနုတ်ထွက်ခဲ့သည်။


  ယင်းနောက်စီမံကိန်းကို တစ်နှစ်နီးပါးရပ်နားခဲ့ပြီးနောက် မြန်မာအစိုးရသည် ဂျပန်နိုင်ငံနှင့် ပူးပေါင်းပြီး အကောင်အထည် ဖော်ရန်စီစဉ်နေသည်။ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီပွား ရေးဇုန်စီမံကိန်းကိုနေပြည်တော် တွင် သမ္မတဦးသိန်းစိန်နှင့် ထိုင်း နိုင်ငံမှ အာဏာသိမ်းခေါင်းဆောင်ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ကလည်း မကြာမီက သဘောတူညီခဲ့သည်။

7Day

No comments:

Post a Comment

My Blog List