Wednesday, December 17, 2014

စီအိုင်အေက ရက်စက်ယုတ်မာသော နည်းများကို အသုံးပြုခြင်းမှာ တရားမျှတသည်ဟု အမေရိကန် ပြည်သူတစ်ဝက်က ယုံကြည်



အကြမ်းဖက်ဝါဒတိုက်ဖျက် ရေးစစ်ပွဲဆင်နွှဲရာတွင် ဖမ်းဆီးရမိ ပြီး ထိန်းသိမ်းထားသူများကို စီအိုင် အေက ညှဉ်းပန်းနှိပ်စက်သည့် ရက် စက်ကြမ်းကြုတ်သော နည်းလမ်းများ ကို အသုံးပြုလျက် စစ်ဆေးမေးမြန်း ခြင်းသည် တရားမျှတမှုရှိသည်ဟု အမေရိကန်နိုင်ငံသား တစ်ဝက်ခန့် တို့က ယုံကြည်သည်ဟု သိရသည်။

အယ်လ်ခိုင်ဒါဟု သံသယဖြစ် ရသူများကို စီအိုင်အေက စစ်ဆေး မေးမြန်းရာတွင် ရိုက်ခြင်း၊ စအိုမှ ရေသွင်းခြင်း၊ မအိပ်ရစေရန်နှောင့် ယှက်ခြင်း အပါအဝင်နှုတ်ဖြင့်၊ စာ ဖြင့်ဖော်ပြခြင်းငှာ မစွမ်းနိုင်လောက် အောင် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုသည်ဟု အမေရိကန် အထက်လွှတ်တော်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုအစီရင်ခံစာကို လွန်ခဲ့သောသီတင်း ပတ်၌ ထုတ်ပြန်ခဲ့သည်။

အမေရိကန်အထက်လွှတ်တော် ၏ အစီရင်ခံစာပေါ်ထွက်လာသော အခါ စီအိုင်အေ၏လုပ်ရပ်ကို နိုင်ငံ တကာက အပြစ်တင်ရှုတ်ချပြီး စီ အိုင်အေ၏ ရက်စက် ယုတ်မာမှုများ တွင် တာဝန်ရှိသူများနှင့် ကိုယ်ထိ လက်ရောက် ကျူးလွန်သူများကို တ ရားဥပဒေနှင့်အညီ အရေးယူရန် တောင်းဆိုကြသည်။

သို့ပင်ဖြစ်သော်လည်း စီအိုင် အေက ရက်စက်ယုတ်မာသော နည်း လမ်းများကို အသုံးပြုခြင်းသည် တရား နည်းလမ်းကျသည်ဟု အမေရိကန် ပြည်သူလူထု၏ ၅၁ ရာခိုင်နှုန်းက ယုံ ကြည်ပြီး ၂၉ ရာခိုင်နှုန်းကမူ မည်သို့ မျှမဆိုကြောင်း၊ ထို့ပြင် စီအိုင်အေက ရက်စက်ယုတ်မာသောနည်းများကို အသုံးပြုခြင်းသည် အကြမ်းဖက်သ မားများ၏ တိုက်ခိုက်မှုမှ ကာကွယ် ခြင်းဖြစ်သည်ဟု ၅၆ ရာခိုင်နှုန်းက ဆိုကြောင်း Pew Research Center ၏ ကွင်းဆင်းလေ့လာမှုက တွေ့ရ သည်ဟုဆို၏။

Ref : AFP

Democracytoday

No comments:

Post a Comment

My Blog List