Tuesday, December 16, 2014

ရခိုင်ပြည်နယ်၏ စီးပွားရေးအဆင့်မှာ ပြည်ထောင်စုနိုင်ငံအတွင်း အနိမ့်ကျဆုံးအခြေအနေတွင် ရောက်ရှိနေဆဲဖြစ်



ရခိုင်ပြည်နယ်၏ စီးပွားရေးအဆင့်မှာ ပြည် ထောင်စုနိုင်ငံအတွင်း အနိမ့်ကျဆုံး အခြေအနေတွင် ရောက်ရှိနေဆဲပင် ဖြစ်ကြောင်း ပြည်နယ်နေ့ဖြစ်သော ဒီဇင်ဘာ ၁၅ရက်တွင် အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌက ပြောသည်။

ယင်းအခြေအနေနှင့်ပတ်သက် ၍ ဒီဇင်ဘာ ၁၅ရက်က ရန်ကုန် တိုင်းရင်းသား ကျေးရွာ ပြည်ထောင် စုခန်းမတွင်ကျင်းပသော နှစ်(၄ဝ)ပြည့်ရခိုင်ပြည်နယ်နေ့ အခမ်းအနား တွင်အခမ်းအနားကျင်းပရေး ကော် မတီဥက္ကဋ္ဌ ဒေါက်တာ စံလှကျော် တင်သွင်းဖတ်ကြားသည့် ရခိုင်တိုင်း ရင်းသားများ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးစာတမ်းတွင် ထည့်သွင်း ဖတ်ကြားခဲ့သည်။

''မျက်မှောက်ကာလမှာ ကျွန် တော်တို့ရခိုင်ပြည်နယ်ဟာ ဆင်းရဲ မွဲတေနေသော၊ လူမှုဘဝအခွင့်အ လမ်းများပိတ်နေသောဒေသတစ်ခု ဖြစ်နေတယ်ဆိုတာကို မည်သူမှ ငြင်းဆိုနိုင်မည်မဟုတ်ပါဘူး။ အဓိ က စိုက်ပျိုးရေးလုပ်ငန်းက ဆန် စပါးဆိုပေမယ့် မိမိတို့စားဖို့အတိုင်း အတာကိုသာ ထုတ်လုပ်နိုင်တော့ တယ်ဆိုတာမျိုး ကြားသိရပါတယ်''ဟု ယင်းကဆက်လက်ပြောသည်။

''စည်းလုံးညီညွတ်မှုကို တည် ဆောက်ခြင်း၊ Capacity Building တည်ဆောက်ပြီး မိမိကိုယ်ကိုတိုး တက်အောင်ပြုလုပ်ခြင်းနှင့် ကိုယ့်အရပ်ကိုယ့်ဒေသတို့ရဲ့သမိုင်း၊ ကိုယ့် ရဲ့မြေကို တန်ဖိုးထားရမည်''ဟု ပြည် နယ်နေ့သို့ တက်ရောက်လာသည့် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ရခိုင်ပြည်နယ်နေ့ကို ရခိုင်တိုင်း ရင်းသားတို့၏ ပြည်နယ်နေ့ရရှိခဲ့ သည့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန် ကြီးဌာနမှကြီးမှူး၍ ရခိုင်ပြည်နယ် နေ့ကို ဒီဇင်ဘာ ၁၄၊ ၁၅ရက်နှစ် ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကာ အနှစ်နှစ် အလလက တောင်းဆိုခဲ့သော ပြည်နယ်နေ့ကို ရရှိသည့်နေ့ကို ဂုဏ်ပြုခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် အဆိုပြုချက်များကို တင်ပြနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ရက်တွင် ပျော်ပွဲ ရွှင်ပွဲများအဖြစ် ရခိုင်တိုင်းရင်းသား တို့၏ရိုးရာကျင်ပွဲ၊ ခေါင်းအုံးသတ်ပွဲ၊ ရခိုင်တေးဂီတ စတိတ်ရှိုးဖျော်ဖြေပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲစသည့်ပျော်ပွဲရွှင်ပွဲများနှင့်ရခိုင်ရိုးရာအစား အစာရောင်းချပွဲများကို နံနက် ၉ နာရီမှ ညနေ ၆နာရီအထိ တိုင်းရင်း သားကျေးရွာမြတ်ခင်းပြင်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နေ့ကို ပြည် ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ၁၉၇၄ခုနှစ်တွင် ပြည်နယ်အဖြစ် အတည်ပြုခဲ့ပြီး ၁၉၇၅ခုနှစ်တွင် ပထမ အကြိမ်ရခိုင်ပြည်နယ်နေ့ကို စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။

MTZ

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

|─────----------------Yangon Media Group ----------──────-|

No comments:

Post a Comment

My Blog List