Tuesday, December 16, 2014

နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေသဖြင့် မြန်မာ့အပြောင်းအလဲရှေ့ဆက်မတိုးဟု The Eldersအဖွဲ့ပြော


 မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က ဆက်လက်ကြီးစိုး ထားဆဲဖြစ်ပြီး လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင် သေးခြင်းတို့ကြောင့် မြန်မာ့နိုင်ငံ ရေးအပြောင်းအလဲ ရှေ့ဆက် မတိုးနိုင်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ ရပ်မိရပ်ဖခေါင်းဆောင်များအဖွဲ့ (The Elders)က ပြောကြားသည်။

မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ လာရောက် မည့် အဆိုပါအဖွဲ့သည် မြန်မာ နိုင်ငံသို့ မရောက်သေးမီ ထိုင်း နိုင်ငံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများအဖွဲ့ချုပ် (WLB) နှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာ့တပ်မတော် ၏ အခန်းကဏ္ဍသည် ရှုပ်ထွေးနေ ပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ပွဲများဆက် လက်ဖြစ်ပွားနေသည်ကိုလည်း The Elders အဖွဲ့က ထောက်ပြ ပြောကြားသည်။

‘‘ကျွန်မတို့ကတော့ အပစ် အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အဓိက အဟန့်အတားတွေကို ဆွေးနွေးဖြစ်တယ်။ ကျွန်မတို့ အနေနဲ့ ထောက်ပြတာကတော့ အချိန်အကန့်အသတ်ပေါ့။ နောက်ပြီး တချို့တိုင်းရင်းသား တွေဘက်က ထောက်ပြတဲ့ အချက်တွေကိုလက်မခံနိုင်တာ၊ အချိန်သတ်မှတ်ထားမှုမရှိတာလည်း ပြောပြခဲ့တယ်။ စစ်တပ်အနေနဲ့က သီးသန့်တည်ရှိမှုအပိုင်းနဲ့ ဖက်ဒရယ်နဲ့ တန်းတူညီမှုကို လက်မခံတာဆွေးနွေးထောက်ပြသလို တိုင်းရင်းသားအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆက်လက်ပြုလုပ်နေမှုနဲ့ တရားမျှတမှုမရရှိတဲ့အနေအထား၊ စစ်ပွဲတွေဆက်ဖြစ်နေတာ စတာတွေကိုဆွေးနွေးဖြစ်ပါတယ်’’ဟု The Elders အဖွဲ့နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့သည့် WLB အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

တပ်မတော်သည် လက်ရှိ မြန်မာနိုင်ငံတွင် အဓိကအားအရှိ ဆုံးအဖွဲ့အစည်းဖြစ်ပြီး သတိထားချဉ်းကပ်မှုများ ပြုလုပ်ရန်လို ကြောင်းနှင့် တပ်မတော်၏ ကောင်းသည့်အချက်များကို အသိအမှတ်ပြု၍ လိုအပ်သည့်အပိုင်းများကိုလည်း အပြုသဘောဆောင်ထောက်ပြရန် The Elders အဖွဲ့က ၎င်းတို့ကို ပြန်လည်တိုက်တွန်းခဲ့ကြောင်း ဒေါ်တင်တင်ညိုက ပြောသည်။

‘‘စစ်တပ်ရဲ့ အခန်းကဏ္ဍ အပေါ်မှာလည်း The Elders အဖွဲ့က သိပ်မရှင်းဘူး၊ ရှုပ်ထွေး တယ်လို့လည်း မှတ်ချက်ပေးပါ တယ်။ သူတို့အနေနဲ့ကတော့ စစ် ပွဲတွေဆက်ဖြစ်နေတာကို တစ် ဖက်က အသိအမှတ်ပြုတယ်ဆို ပေမယ့် မဖြစ်တဲ့နေရာတွေလည်း အများကြီးရှိတယ် ဆိုတာကို လည်း ထောက်ပြပါတယ်’’ဟု ၎င်းက ပြောသည်။

ယခုလာရောက်မည့် The Elders အဖွဲ့တွင် ယခင် နော်ဝေး ဝန်ကြီးချုပ်ဟောင်း ဟာလန် ဘရန်ထ်လန်းလည်း ပါဝင်ခဲ့ပြီး နော်ဝေးနိုင်ငံမှာ မြန်မာနိုင်ငံငြိမ်း ချမ်းရေးဖြစ်စဉ်အတွက် ထောက် ပံ့ကူညီထားသည့် နိုင်ငံဖြစ်ကာ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ် နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အတန်ငယ် ငြင်းခုံပြောဆိုမှုများ ရှိခဲ့ရကြောင်း ၎င်းက ပြောသည်။

‘‘သူ့အနေနဲ့တော့ ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး ထောက်ပံ့မှု တွေအပေါ်မှာတော့ ငြင်းခုံမှုတွေတော့ တချို့ဖြစ်တာပေါ့။ ဒါပေမဲ့ သေချာရှင်းပြတော့လည်း နားထောင်သွားပါတယ်’’ဟု ဒေါ်တင်တင်ညိုက ပြောသည်။

The Elders အဖွဲ့နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ ချုပ်တို့တွေ့ဆုံမှုမှာ ယခုတစ် ကြိမ်နှင့်ဆိုလျှင် သုံးကြိမ်မြောက် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံခေါင်း ဆောင်ဟောင်းများ ဖြစ်သည့် အ တွက် မြန်မာအစိုးရနှင့် တွေ့ဆုံရာတွင် မိမိတို့လိုလားချက်များ ကို တစ်ဆင့်ပြန်လည်ဆွေးနွေး ခြင်းအားဖြင့် ရလဒ်ကောင်းများ မျှော်လင့်နိုင်ဖွယ် ရှိကြောင်း ဒေါ်တင်တင်ညိုက ပြောသည်။

‘‘မြန်မာနိုင်ငံအစိုးရကို ကျွန်မတို့တင်ပြတဲ့ အချက်အလက်တွေကို တစ်ဆင့်ဆွေးနွေးပြောပြခြင်းအားဖြင့် အစိုးရအနေနဲ့ စဉ်းစားပေးနိုင်မယ့် အနေအထားတစ်ခုကို မျှော်လင့်သလို နိုင်ငံတကာရဲ့မူဝါဒတွေ၊ ဒီပလိုမေစီတွေကိုလည်း အတိုင်းအတာတစ်ခုအထိ စည်းရုံးပြောဆိုပေးနိုင်မယ် လို့မြင်ပါတယ်’’ဟု ၎င်းကပြောသည်။

ယခုတစ်ခေါက် မြန်မာနိုင်ငံ သို့လာရောက်မည့် ကမ္ဘာ့ရပ်မိ ရပ်ဖခေါင်းဆောင်များအဖွဲ့တွင် နော်ဝေးဝန်ကြီးချုပ်ဟောင်း ဟာ လန်ဘရန်ထ်လန်း၊ နိုဗယ်ဆုရှင် ဖင်လန်သမ္မတဟောင်း မာ့တ်တီ၊ အယ်လ်ဂျီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဟောင်း သံအမတ်ကြီး လက်ခ်ဒါအပါအဝင် ငါးဦးလာ ရောက်မည်ဖြစ်သည်။ မြန်မာ နိုင်ငံသည် အရေးပါသည့် လမ်း ဆုံလမ်းခွနှစ်တစ်နှစ်ကိုရောက် နေပြီး မြန်မာနိုင်ငံသားအားလုံး ပါဝင်နိုင်သည့် တရားမျှတသော ဒီမိုကရေစီနည်းလမ်းကျသည့် လူ့ အသိုင်းအဝိုင်းတစ်ရပ်ပေါ်ပေါက် စေရေးကို The Elders အဖွဲ့က အားပေးကူညီသွားမည် ဖြစ် ကြောင်း ယင်းအဖွဲ့၏ ယခု မြန်မာခရီးစဉ်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

The Elders အဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက် မှ ၁၈ ရက်အထိ လာရောက်မည် ဖြစ်ပြီး သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ တို့နှင့် တွေ့ဆုံမည်ဖြစ်ကာ သတင်းစာရှင်းလင်းပွဲကိုရန်ကုန်မြို့ ဆီဒိုနားဟိုတယ်၌ ဒီဇင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

7Day

No comments:

Post a Comment

My Blog List