Thursday, December 18, 2014

အခြေခံဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းကော်မတီတွင် တပ်မတော်သား အမတ်များ မပါတော့


အခြေခံဥပဒေပြင်ဆင် ချက်ဥပဒေကြမ်း ရေးဆွဲရမည့် ပြည်ထောင်စုလွှတ်တော်ဥပဒေ ကြမ်း ပူးပေါင်းကော်မတီမှ တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များ ထုတ်ကာ အသစ်ပြန် လည်ဖွဲ့စည်းလိုက်ကြောင်း သ တင်းရရှိသည်။

ဥပဒေကြမ်းပူးပေါင်းကော်မ တီတွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ၁၅ ဦး၊ အမျိုးသားလွှတ်တော်မှ ၁၅ ဦးပါဝင်ဖွဲ့စည်းထားရာမှ ကော်မတီဝင်ခုနစ် ဦးစီနှင့် ဥက္ကဋ္ဌအပါအ၀င် ၁၅ ဦး ဖြင့်သာ ပြန်လည်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် အသစ်ဖွဲ့လိုက် သည့် ပူးပေါင်းကော်မတီတွင် အ မျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီ၌ ပါဝင်သည့် တပ်မတော်သားကိုယ်စားလှယ်များလည်း မပါဝင်တော့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်မည့် ဥပဒေကြမ်းကို လွှတ် တော်နှစ်ရပ် ပေါင်းစည်းထား သည့် ဥပဒေကြမ်းပူးပေါင်းကော် မတီကသာ ရေးဆွဲမည်ဖြစ်ကြောင်းအခြေခံဥပဒေပြင်ဆင်နိုင်ရေး အ ကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားထားသည်။

လွှတ်တော် နှစ်ရပ်စလုံးမှ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များသည် အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုများတွင် ပုဒ်မအများစုကို မူလအတိုင်းသာထားရှိရန် ဆွေးနွေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ၎င်း၏ မိန့်ခွန်းများတွင် တရားဝင်အသိပေးထားသည်။

အခြေခံဥပဒေအရပင် ဥပ ဒေကြမ်းပူးပေါင်းကော်မတီက ရေးဆွဲရမည်ဖြစ်သော်လည်း မည် သည့်အချက်များ ပြင်ဆင်မည် ဆိုသည်ကို လွှတ်တော်က ဆုံး ဖြတ်ပြီး တရားဝင်တာဝန်ပေးမှ သာ စတင်ရေးဆွဲရမည်ဟု ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော် မတီ အတွင်းရေးမှူး ဦးစောလှ ထွန်းက ပြောသည်။

ဥပဒေကြမ်းပူးပေါင်းကော် မတီ၏ အစည်းအဝေးကို ဒီဇင်ဘာ၁၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီကပါ ပါဝင်၍ ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်အတွက် ဘတ် ဂျက်ညှိနှိုင်းခြင်းကို စတင်ပြုလုပ် မည်ဟု ပူးပေါင်းကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

7Day Daily

No comments:

Post a Comment

My Blog List