Wednesday, December 17, 2014

ကျူးကျော်တဲများကို အင်အားသုံးဖယ်ရှား ခြောက်ဦးဒဏ်ရာရ


လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်အိမ်ရာစီမံကိန်းမြေ အတွင်းရှိ ကျူးကျော်တဲနှစ်ထောင် ကျော်ကို မြေပိုင်ရှင်များက လူအင် အား သုံးရာခန့်ဖြင့် ညအချိန် ၀င်ရောက်ဖယ်ရှားရာ ကျူးများက တဲတစ်လုံးကိုမီးရှို့ခဲ့ပြီး နှစ်ဖက်တိုက်ခိုက်မှု များဖြစ်ပွားကာ လူ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။

မြစိမ်းရောင် အိမ်ရာစီမံ ကိန်းမြေအတွင်း ဒီဇင်ဘာ ၁၅ရက်ညက မြေပိုင်ရှင်များနှင့် ကျူးကျော်သူများ ထိပ်တိုက်တွေ့ခဲ့ကြ သည်။ ယင်းဖြစ်စဉ်တွင် ကျူးကျော်သူ လူခြောက်ဦးဒဏ်ရာရ ကာ ရဲတပ်ဖွဲ့ အကူအညီဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း နယ်မြေအပိုင်ဖြစ်သည့် အတွင်း ပဒံရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။ဒေသခံအချို့နှင့် ကျူးကျော် နေထိုင်သူများက ၀င်ရောက်ဖျက် ဆီးသူများမှာ ကုမ္ပဏီက ငှားထား သည့် လူမိုက်များဖြစ်ကြောင်း ပြောပြီး မြစိမ်းရောင်အိမ်ရာစီမံ ခန့်ခွဲရေးကော်မတီဘက်ကမူ ကော်မတီဝင်အားလုံး၏ ဆုံး ဖြတ် ချက်ဖြင့် ကျူးများကို နိုင်အောင် ရှင်း နိုင်သည့်သူများကို ရှင်းခိုင်းခြင်းဖြစ်သည်ဟု ပြောသည်။

‘‘စီမံခန့်ခွဲရေး ကော်မတီ ကနေရှင်းတာ။ လူမိုက်ငှားရှင်း တာမဟုတ်ဘူး။ ရှင်းပေးတတ်တဲ့ လူကိုရှင်းခိုင်းတာ။ ကိုယ့်စည်းစိမ် ကို ကိုယ်ကာကွယ်တာ။ ကျူးရန် ကနေ ကိုယ့်ပိုင်ဆိုင်မှုကို ကာ ကွယ်တဲ့အနေနဲ့ ရှင်းတာ’’ဟု မြစိမ်းရောင်အိမ်ရာစီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြစိမ်းရောင်အိမ်ရာစီမံကိန်း နယ်မြေအတွင်း မြေကွက်ပေါင်း လေးရာနှင့် ပိုင်ဆိုင်သူ သုံးရာ ရှိပြီး အဆိုပါ ကျူးပြဿနာကို ဖြေရှင်းရန် ၁၇ ဦးပါဝင်သည့် စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်း ထားကြောင်း ၎င်းက ပြောသည်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၀င်က ကုမ္ပဏီဘက်တွင် ကျူးများ ကိုရှင်းရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း ထားကြောင်း ပြောသည်။

‘‘လှိုင်သာယာ ဒီဘက်မှာနေ တဲ့ လူမိုက်တွေပါတယ်လို့ ဆိုင် ကယ်ကယ်ရီသမားတွေက ပြော တယ်။ ဒီလိုလုပ်နေတာ မှန်တယ်၊ မှားတယ်။ ကျွန်တော်တို့ မပြော ဘူး။ ဒါပေမဲ့ ဆိုးရွားလွန်းတယ်။ကျူးနဲ့ ကုမ္ပဏီ ဒီလိုရှင်းနေတာ ထက် အစိုးရက ၀င်ဖြေရှင်းသင့် နေပြီ’’ဟု လှိုင်သာယာအဝေးပြေးဝင်းအနီးနေသူတစ်ဦးက ပြောသည်။တဲဖျက်ဆီးခံရသူအများစု မှာ ကျူးများထံမှ မြေကွက်ဝယ် ထားသူများဖြစ်ပြီး ၎င်းတို့မှာ အမှန်တကယ်နစ်နာရကြောင်း တဲတစ် လုံးဖယ်ရှားခံလိုက်ရသည့် အ သက် (၅၀)နှစ်အရွယ် ဒေါ်အေး မြင့်က ပြောသည်။

ကျူးကျော်တဲများကို ၀င် ရောက်ဖယ်ရှားသူများက အိမ်ရာ စီမံကိန်းနယ်မြေအတွင်းသို့ မည် သူ့ကိုမျှ ၀င်ခွင့်မပေးဘဲ ခြံဝင်းအ တွင်း ရှင်းခြင်းဖြစ်သည်။ ကျူးကျော်သူများက တဲအိမ်တစ်လုံး ကို မီးရှို့ခဲ့၍ ငြှိမ်းသတ်ရန် မီးသတ်ကားနှစ်စီးလာခဲ့သည်။ သို့သော် အခြားတဲများသို့ မီးမကူးဘဲ တစ်လုံးသာလောင်ကျွမ်းခဲ့သောကြောင့် မီးသတ်ကားမှာ အရန်သင့်စောင့် နေခဲ့ရသည်။ ခြံအတွင်းတွင် နှစ်ဖက်တိုက်ခိုက်နေကြပြီး လေး ခွများဖြင့်လည်း အပြန်အလှန်ပစ် ကြကာ ခြောက်ဦးဒဏ်ရာရ ကြောင်းဒေသခံ ကိုစိုးမိုးက ပြောသည်။

လှိုင်သာယာမြို့နယ် ရဲတပ် ဖွဲ့မှူး ရဲမှူး သန်းမြင့်ဦးက နှစ်ဖက် တိုက်ခိုက်မှုကြောင့် လူ ခြောက်ဦး ဆေးရုံတင်ထားရကြောင်း အ တည်ပြုပြီး နှစ်ဖက်စလုံးမှ အမှုဖွင့်တိုင်ထားခြင်းမရှိကြောင်း ပြောသည်။ ဒီဇင်ဘာ ၁၅ ရက်ည ဖြစ်စဉ်တွင် လူတစ်ဦးသေဆုံး ကြောင်း ဒေသခံများအကြား ပြောနေကြသော်လည်း မြို့နယ်ရဲ တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးက မဟုတ်ကြောင်း ငြင်းဆို သည်။ဒီဇင်ဘာ ၁၆ ရက် နံနက်တွင်ကျူးကျော်တဲဖယ်ရှားခံရသူ အင် အား ၁၅၀ ခန့်က မြစိမ်းရောင်အိမ် ရာစီမံကိန်းအရှေ့ဘက်၌ အမှန် တကယ်မြေနေရာမရှိသူများဖြစ် ကြောင်း ပြောဆိုဆန္ဒထုတ်ဖော်ခဲ့ ပြီး ခရိုင်ရဲမှူးနှင့် အစိုးရတာဝန်ရှိ သူများ လာရောက်ပြောဆိုပြီး နောက် လူစုခွဲသွားကြသည်

7Day Daily

No comments:

Post a Comment

My Blog List