Sunday, April 20, 2014

(၄)ကြိမ်မြောက် တာဝန် ထမ်းဆောင်တော့မယ့် အယ်လ်ဂျီးရီးယားသမ္မတ


ဧပြီလ(၁၇)ရက်နေ့က ကျင်းပခဲ့တဲ့ အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတရာထူး ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ “အဘ်ဒယ်လဇီး ဘူဖလီကာ” ကမဲ(၈၀) ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့ပြီး သမ္မတရာထူးကို (၄)ကြိမ်မြောက် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 



အယ်လ်ဂျီးရီးယားသမ္မတ “အဘ်ဒယ်လဖီး ဘူဖလီကာ” ဟာ ဧပြီလ(၁၇)ရက်နေ့က ကျင်းပ ခဲ့တဲ့ သမ္မတ ရာထူး ရွေးကောက်ပွဲမှာ မဲအရေအတွက်(၈၁)ရာခိုင်နှုန်းနဲ့ (၄)ကြိမ်မြောက် သမ္မတရာထူးကိုထမ်းဆောင်
တော့မှာ ဖြစ်တယ်လို့ အယ်လ်ဂျီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြား ထားပါတယ်။

အသက်(၇၇)နှစ်ရှိပြီဖြစ်တဲ့ သမ္မတ“ဘူဖလီကာ”ဟာ ပြီးခဲ့တဲ့နှစ်ကလေဖြတ်ရောဂါ ခံစားခဲ့ရတာေ ကြာင့် ပြည်သူတွေကြားမှာ သိပ်မတွေ့ ရဘူးလို့လည်း သိရပါတယ်။ သမ္မတဟာ ကျန်းမာရေး အခြေအနေကြောင့် ကြာသပတေးနေ့က ကျင်းပတဲ့ မဲပေးပွဲကို ဘီးတပ်ကုလားထိုင် အသုံးပြုပြီး တက်ရောက်မဲပေးခဲ့ပါတယ်။

သူဟာ ရွေးကောက်ပွဲမှာ တစ်ခြားသမ္မတလောင်းတွေကို လူကိုယ်တိုင် မဲဆွယ်စည်းရုံးခဲ့ခြင်း မရှိဘဲနဲ့ မဲအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မဲပေးဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံသား(၂၃)သန်းထဲကမှ (၅၁.၇)ရာခိုင်နှုန်းပဲ ပါဝင်မဲပေးခဲ့ကြတယ်လို့ သိရပါ တယ်။ အစ္စလာမစ် ညွန့်ပေါင်းအစိုးရနဲ့ အတိုက်အခံပါတီတွေဟာ ဒီရွေးကောက်ပွဲဟာ အတုအယောင်ဖြစ် တယ်လို့ပြောကြားခဲ့ပြီး မစ္စတာ “ဘူဖလီကာ” ဟာ ကျန်းမာရေး အခြေအနေကြောင့်သမ္မတရာထူးဝင်ရောက် အရွေးခံဖို့ မသင့်တော်တော့ဘူးလို့ ပြောကြားကာရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ပါဝင်ရွေးကောက်ခံမယ့် သမ္မတလောင်း(၃)ဦးဟာ မစ္စတာ“ဘူဖလီကာ” ရွေးကောက်ပွဲဝင်မယ်လို့ သိတဲ့အခါမှာ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ နှုတ်ထွက်ခဲ့တယ်လို့သိရပါသည်။

Mrtv-4

No comments:

Post a Comment

My Blog List