Thursday, April 24, 2014

ယူကရိန်းအရေးမှာ ကန်က ဇာတ်ဆရာ လုပ်နေတယ်လို့ ရုရှားစွပ်စွဲ




ယူကရိန်းနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြဿနာနဲ့ပတ်သက်ပြီးတော့ ​အမေရိကန်နိုင်ငံက ​ဇာတ်ဆရာဝင်လုပ် ​နေသလိုဖြစ်ပြီး ​ယူကရိန်းအရှေ့အလယ်ပိုင်းက ​လှုပ်ရှားမှုတွေအပေါ်လည်း ​သြဇာလွမ်းမိုးနေတယ်လို့ ​ရုရှား ​နိုင်ငံခြားရေးဝန်ကြီး ​ဆာဂေး ​လက်ဗ်ရော့ဗ်က ​ပြောလိုက်ပါတယ်။ 

ယူကရိန်းနိုင်ငံက ​စစ်တပ်တွေ ​အနေနဲ့ ​ရုရှားထောက်ခံသူတွေအပပေါ် ​ဖြိုခွင်းမှုတွေ ​လုပ်ဖို့ ​ယူကရိန်း ​ယာယီသမ္မတက ​အမိန့်ပေးလိုက်ပြီး ​တရက်အပြီးမှာပဲ ​ရုရှားက ​ခုလို ​တုန့်ပြန် ​ပြောလိုက်တာ ​ဖြစ်ပါတယ်။

အဲ့ဒါအပြင် ​ယူကရိန်းနဲ့ ​အမေရိကန်တို့ဟာ ​ယူကရိန်းမှာဖြစ်နေတဲ့ ​ပဋိပက္ခတွေ ​လျှော့ချနိုင်ဖို့အတွက် ​ပြီးခဲ့တဲ့ ​တပတ် ​ဂျီနီဗာ ​ဆွေးနွေးပွဲက ​သဘောတူထားခဲ့တဲ့ ​နိုင်ငံတကာ ​သဘောတူညီမှုကိုလည်း ​ပျက်စီးအောင်လုပ်ဆောင်နေတယ်လို့ ​ရုရုားက ​စွပ်စွဲပြောဆိုလိုက်ပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ ​ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ​အမှန်တကယ် ​ငြိမ်းချမ်းရေးကို ​လိုလားတယ်လို့ ​ရုရှားက ​ယုံကြည်နေပေမယ့် ​တကယ့်လက်တွေ့မှာဖြစ်နေတဲ့ ​အခြေအနေနဲ့ ​ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ​ရုရှားနိုင်ငံခြားရေး ​၀န်ကြီးဌာနက ​ထုတ်ပြန်တဲ့ ​ကြေညာချက်ထဲမှာ ​ဖော်ပြထားပါတယ်။

ယူကရိန်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ ​အစိုးရအဆောက်အဦး ​တွေကို ​၀င်ရောက် ​စီးနင်းထားတဲ့ ​ရုရှားထောက် ​ခံသူတွေအနေနဲ့ ​လက်နက်တွေချပြီး ​အဲဒီ ​အဆောက်အဦးတွေကနေ ​ထွက်ခွာသွားအောင် ​ရုရှားအနေနဲ့ ​ပြောပေးဖို့ ​အမေရိကန်က ​ရုရှားကို ​တောင်းဆိုလိုက်ပါတယ်။

ဒါပေမယ့် ​ယူကရိန်းမှာဖြစ်နေတဲ့ ​ပြဿနာတွေဟာ ​ရုရှားအပေါ် ​ခြိမ်းခြောက်မှုတွေ ​ဖြစ်လာမယ် ​ဆိုရင်တော့ ​ရုရှားဘက်က ​ပြန်လည် ​လက်တုန့်ပြန်သွားမယ်လို့ ​ရုရှားနိုင်ငံခြားရေးဝန်ကြီး ​ဆာဂေး ​လက်ဗ်ရော့ဗ် ​ကဆိုပါတယ်။

ABC

No comments:

Post a Comment

My Blog List