Wednesday, April 23, 2014

ဦးဝင်းတင် ၏ ဒီမိုကရေစီ စနစ်အချို့ကို သဘောမတူဟု ဦးရဲထွဋ်ပြော




သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က ကွယ်လွန်သွားတဲ့ ဆရာကြီး ဦးဝင်းတင်ရဲ့ နိုင်ငံရေးအယူအဆတွေအနက် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ နည်းနာတွေနဲ့ပတ်သက်ပြီး သဘောမတူဘူးလို့ သူ့ရဲ့ လူမှု ကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သို့သော်လည်း သတင်းစာပညာနဲ့ပတ်သက်ရင် အများကြီးလေးစားတယ်လို့ဆိုပါတယ်။

ကျွန်တော်က ဆရာကြီးဦးဝင်းတင် ကွယ်လွန်မှုနဲ့ပတ်သက်ပြီးမှတ်ချက်ပေးတဲ့အခါ တစ်ချို့က အခုမှ လွမ်းပြ တယ်ဆိုတဲ့ သဘောနဲ့မှတ်ချက်ရေးတာတွေ့ရပါတယ်။

ဆရာကြီးဦးဝင်းတင်ရဲ့နိုင်ငံရေးအယူအဆများအနက် ဒီမိုကရေစီစနစ်ကို အကောင်အထည်တဲ့နေရာမှာ နည်းနာများနဲ့ ပတ်သက်ပြီး ကျွန်တော်သဘောမတူပါဘူး။ ဒါဟာ ကျွန်တော့်ရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမယ့် သတင်းစာပညာနဲ့ပတ်သက်ရင် ဆရာကြီးကို ကျွန်တော်အများကြီးလေးစားပါတယ်။

ကျွန်တော်ပြန်ကြားရေးဝန်ကြီးဌာနကို ပြောင်းရွှေ့ရောက်ရှိပြီးတဲ့အခါ စာနယ်ဇင်းအတတ်ပညာကိုလေ့ လာနိုင် ဖို့အတွက် စာအုပ်စာတမ်းတွေ ရှာဖွေစုဆောင်းပါတယ်။ အဲဒီထဲမှာ ငယ်ငယ်တုံးက မှတ်သားမိတဲ့ ဒေသ ကောလိပ် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းအတတ်ပညာဌာနက ထုတ်ဝေခဲ့တဲ့ ဆရာကြီး ဦးဝင်းတင် ရဲ့စာတည်း လုပ်ငန်း ၊ စွယ်စုံကျမ်းတည်းဖြတ်ခြင်း၊ ကလေးလူငယ်စာပေတည်းဖြတ်ခြင်းနဲ့ ဘာသာပြန်ဝတ္ထု ကွိ တို့ပါ ၀င်ပါတယ်။

နောက်ကျွန်တော်ညွှန်ချုပ်ဖြစ်တော့ ဆရာကြီးရဲ့ စာတည်းလုပ်ငန်းစာအုပ်ကို အခြေခံပြီး ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၀န်ထမ်းများအတွက် စာတည်းနဲ့စာပြုလုပ်ငန်းစာစောင်တစ်ခု ပြုစုခဲ့ပါတယ်။

ရှာမယ်ဆိုရင်တော့ ပန်းဆိုးတန်း အဟောင်းဆိုင်များမှာ မိတ္တူဆွဲထားတာတွေရှိနိုင်ပါတယ်။

အမြင်ချင်းထပ်တူကျသူကိုမှ လေးစားရမယ်ဆိုတာ မဟုတ်ပါဘူး။ အမြင်မတူပေမယ့် လေးစားအပ်သော အရာ များရှိရင် လေးစားတန်ဖိုးထားလို့ရပါတယ်။ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ပါပဲ။

ဧရာဝတီ

No comments:

Post a Comment

My Blog List