သြစတြေးလျနိုင်ငံနဲ့ ပူးပေါင်းမှုတွေ ပြန်လည်လုပ်ကိုင်ဖို့အတွက် လုပ်ဆောင်တဲ့ ဆွေးနွေးမှုတွေဟာ တိုးတက်မှုတွေ ရှိလာပေမယ့် တရားဝင်လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ အင်ဒိုနီးရှား အစိုးရက ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ သမ္မတအပြင် သမ္မတနဲ့ နီးစပ်သူတွေရဲ့ ဖုန်းတွေကို သြစတြေးလျက ခိုးနားထောင် ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေး အမှုထမ်း ဟောင်းက ဖော်ထုတ်ပြီး တဲ့နောက် အင်ဒိုနီးရှား နိုင်ငံက သြစတြေးလျနဲ့ ထားရှိတဲ့ ပူးပေါင်းမှု တချို့ကို ရပ်ဆိုင်း လိုက်ပါတယ်။
သြစတြေးလျနိုင်ငံမှာ အမှုထမ်း ဆောင်နေတဲ့ အင်ဒိုနီးရှား သံအမတ်ကိုလည်း ပြန်လည် ဆင့်ခေါ်ခဲ့ပြီး သြစတြေးလျနဲ့ လုပ်ဆောင်တဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေ၊ သတင်း ဖလှယ်မှုတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို အင်ဒိုနီးရှား ဘက်က ဆိုင်းငံ့လိုက်ပါတယ်။
အခုလောလောဆယ် နှစ်နိုင်ငံ အစိုးရအကြား ပူးပေါင်းမှုတွေ ပြန်လည် လုပ်ဆောင်ဖို့ ညိုနှိုင်း ဆွေးနွေးနေကြပြီး နှစ်နိုင်ငံ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို အရင်ဆုံးရေးချပြီးမှ တရားဝင် ပူးပေါင်းမှုတွေ ပြန်လုပ်တော့မယ်လို့ အင်ဒိုနီးရှား အစိုးရက ပြောလိုက်ပါတယ်။
ခုလောလောဆယ် အချိန်အထိ နှစ်နိုင်ငံ လိုက်နာရမယ့် စည်းကမ်းတွေကို အင်ဒိုနီးရှား ဘက်က ရေးဆွဲရာမှာ ပြီးပြတ်မှု မရှိသေးသလို ရေးဆွဲပြီး ရင်တောင် အင်ဒိုနီးရှား သမ္မတရဲ့ သဘောတူညီချက် လက်မှတ်ရရှိမှပဲ နှစ်နိုင်ငံ ဆက်ဆံရေးက အပြည့်အဝ ပြန်လည် တရားဝင်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လာမယ့် စက်တင်ဘာလ ကြရင် အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်ယူဒိုရိုနိုရဲ့ သမ္မတ သက်တမ်းပြည့်သွားမှာ ဖြစ်တဲ့အတွက် အချိန်မီ လက်မှတ်မထိုးနိုင်ရင်တော့ သြစတြေးလျအနေနဲ့ လက်ရှိသမ္မတသာမက သမ္မတဖြစ်လာမယ့် သူနဲ့ပါ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။
ABC
No comments:
Post a Comment