Friday, April 25, 2014

အမေရိကန်နိုင်ငံမှ နည်းပညာရှင်များကကန်တော်ကြီးဥယျာဉ်သန့်ရှင်း သာယာရေး နောက် ၂ လအတွင်း အပြီးသတ်ဆောင်ရွက်မည်





ဂျပန်နိုင်ငံမှ နည်းပညာရှင်များကိုယ်တိုင်လက်လျော့ထားသည့် ကန်တော်ကြီးဥယျာဉ်သန့်ရှင်းသာယာရေး နှင့် ရေသန့်ရှင်းမှုအားအမေရိကန်နိုင်ငံနည်းပညာရှင်များမှစတင်လုပ်ဆောင်ရန်အတွက် တိုင်းတာမှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဧပြီလ ၂၄ ရက်နေ့ကစုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ Myanmar Mega Tri ကုမ္ပဏီမှ အဆိုပါ နည်းပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပြီး လက်ရှိတွင် ကန်တော်ကြီးမှ ရေ နမူနာအချို့အားအမေရိကန်နိုင်ငံ၏ ဓါက်ခွဲခန်းတွင် စမ်းသပ်လျက်ရှိပြီး ကန်တော်ကြီးဥယျာဉ်တွင် ရေသန့်ရှင်းရေးစနစ် စတင် လုပ်ဆောင်နေကြောင်း Myanmar Mega Tri ကုမ္ပဏီမှ တာဝန်ရှိသူ ကိုဇော်ဇော်ကပြောသည်။

” ကန်တော်ကြီးဗိုလ်ချုပ်ပန်းခြံဘက်မှာစလုပ်နေပြီရေကတော့ စပြီးတော့ရေ ကကြည်နေပြီ၊ အဲ့ဒီအတွက် ရေသန့်စင်စက်များကိုစတင်တပ်ဆင်နေပြီ အချို့စက်တွေကတော့ ဆိုလာနဲ့ပဲသုံးမှာပါ အချို့စက်တွေက လျှပ်စစ်မီးနဲ့ သုံးမှာပါ “ဟု ကိုဇော်ဇော်ကဆိုသည်။

ကန်တော်ကြီးရေအား ၉၉ ရာခိုင်နှုန်းအထိရေကြည်လင်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီးဓါတုဆေးဝါးနှင့် ဆေးအရည်များပါအသုံးပြုသွားဖို့ရှိကြောင်းသိရသည်။” စက်တွေကတော့ ရေအောက်ထဲမှာလှိုင်းတစ်ခု အဖြစ်နဲ့အသုံးပြုမှာပါ။ ဆေးကတော့ရေကြည်ဖို့အတွက် သုံးမှာ ပါ လူနဲ့ရေအောက် သတ္တဝါတွေကို ဘာအန္တရာယ်မှမဖြစ်စေပါဘူး၊ ဒီဆေးရည်ဟာရေညှိတွေနဲ့ ဒိုက်တွေရွံ့တွေ ကို သဲအဖြစ်နဲ့ပြောင်းစေဖို့ ထည့်တာပါ “ဟု ကိုဇော်ဇော်က ထပ်မံပြောကြားသည်။

ကန်တော်ကြီးဥယျာဉ်သန့်ရှင်းသာယာရေး နှင့် ရေသန့်ရှင်းမှုအားအမေရိကန်နိုင်ငံနည်းပညာရှင်များ အနေဖြင့် ယခုဧပြီလ ၁ ရက်နေ့တွင်စတင်လုပ်နေပြီးလာမည့်၂ လ အတွင်းအပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ဆောင်ရွက်နေသည့်ကာလအတွင်းကန်တော်ကြီးဥယျာဉ်အတွင်းရှိဈေးဆိုင်များနှင့်စားသောက်ဆိုင် များအားဆိုင်သန့်ရှင်းရန်နှင့် သုံးစွဲသည့်အမှိုက် များအားကန်အတွင်းသို့မလွှင့်ပစ်ရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ညွှန်ကြားချက်ထုတ်ပြန်ထားပြီးကန်တော်ကြီး ဥယျာဉ်သို့လာရောက် အနားယူလည်ပတ်ကြသောမိဘပြည်သူများအားကန်အတွင်းသို့အမှိုက်မပစ်ရန် အသိပညာပေးရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားဖို့ရှိကြောင်း သိရသည်။

နှင်းနွယ်
The Myanmar AGe

No comments:

Post a Comment

My Blog List