Wednesday, April 23, 2014

ထိုင်းဝန်ကြီးချုပ်ကို ရက်ပိုပေးမပေး ဆုံးဖြတ်မည်




၂၀၁၁ ​ခုနှစ်တုန်းက ​ထိုင်း ​အမျိုးသား ​လုံခြုံရေး ​ကောင်စီဥက္ကဋ္ဌကို ​ရာထူးအပြောင်းအလဲ ​လုပ်တဲ့နေရာမှာ ​၀န်ကြီးချုပ်ရဲ့ ​အာဏာကို ​အလွဲသုံးစား ​လုပ်မလုပ်ဆိုတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ် ရှင်နာဝဒ်ကို ​စစ်ဆေးဖို့ ​ဖွဲ့စည်းပုံတရားရုံးက ​ဆုံးဖြတ်ချက်ချတဲ့အပေါ် ​အချိန်ပိုပေးဖို့ ​ထိုင်းဝန်ကြီးချုပ်က ​တောင်းဆိုထားပါတယ်။

ဒါနဲ့ ​ပတ်သက်ပြီး ​နောက်ထပ် ​၁၅ ​ရက် ​အချိန်ပိုပြီး ​ပေးမပေးကို ​ထိုင်းတရားရုံးက ​ဒီကနေ့မှာ ​ဆုံးဖြတ် သွားမှာ ​ဖြစ်ပါတယ်။

ပြစ်မှုထင်ရှားခဲ့ရင်တော့ ​သူမ ​အပါအ၀င် ​သူ့ရဲ့ ​ကက်ဘီနက် ​၀န်ကြီးအဖွဲ့တွေဟာ ​ရာထူးက ​ဖယ်ရှားခံရမှာ ​ဖြစ်ပါတယ်။

ရှပ်နီအဖွဲ့လို့ ​လူသိများတဲ့ ​လက်ရှိထိုင်းအစိုးရကို ​ထောက်ခံသူတွေကတော့ ​အခုကိစ္စကို ​တရားရေးနဲ့ ​အာဏာသိမ်းတဲ့ ​လုပ်ရပ်လို့ ​မြင်ကြပြီး ​ဘန်ကောက် ​လမ်းမတွေပေါ်မှာ ​ဆန့်ကျင် ​ဆန္ဒပြ ​နေကြပါတယ်။

အလားတူပဲ ​ထိုင်းအစိုးရ ​ဆန့်ကျင်သူ ​တွေကလည်း ​မြို့တော် ​ဘန်ကောက်မှာ ​သပိတ် ​တိုက်ပွဲတွေကို ​ဆက်လက် ​ဆင်နွှဲ ​နေကြပါတယ်။

လက်ရှိ ​ထိုင်းနိုင်ငံရေး ​မငြိမ်သက်မှုတွေဟာ ​အခုဆိုရင် ​၆ ​လ ​ထဲကို ​ရောက်ရှိလာပြီ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List