Thursday, April 24, 2014

အမေရိကန်သမ္မတ ဂျပန်နိုင်ငံကို ရောက်ရှိ



ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေ 

အမေရိကန်နိုင်ငံ ​သမ္မတ ​ဘရက်အိုဘားမားရဲ့ ​ဂျပန်နိုင်ငံ ​ခရီးစဉ်အတွင်း ​ဟီရိုရှီးမားနဲ့ ​နာဂါဆာကီကို ​သွားရောက်မှာမဟုတ်တဲ့အတွက် ​စိတ်ပျက်မှုတွေ ​ရှိနေပါတယ်။

၁၉၄၅ ​ခုနှစ် ​ကမ္ဘာစစ်ကာလအတွင်း ​ဂျပန်နိုင်ငံ ​ဟီရိုရှီးမားနဲ့ ​နာဂါဆာကီဒေသကို ​အဏုမြူဗုံးတွေ ​ကျဲခဲ့တဲ့အတွက် ​ထိခိုက်နစ်နာမှုတွေ ​အများကြီး ​ဖြစ်ခဲ့ရပြီး ​ဒုတိယကမ္ဘာစစ်ကို ​အဆုံး ​သတ်စေ ​ခဲ့တဲ့ ​ဖြစ်ရပ် ​တစ်ခုလည်း ​ဖြစ်ပါတယ်။

အဏုမြူဗုံးကျဲခံခဲ့ရတဲ့ ​ဒေသကို ​အမေရိကန်သမ္မတအနေနဲ့ ​လာရောက်ပြီး ​နျူကလီးယားလက်နက်တွေ ​မထုတ်လုပ်ကြဖို့ ​အကြောင်း ​ပြော ​ဆို ​ဖို့ ​ဒေ ​သ ​ခံ ​တွေက ​မျှော်လင့် ​ခဲ့ကြတာ ​ဖြစ်ပါတယ်။

ဒါပေမယ့် ​အဲဒီဒေသကို ​အမေရိကန် ​သမ္မတ ​မသွားဖို့ ​ဆုံးဖြတ်လိုက်တဲ့အတွက် ​စိတ်ပျက်နေကြတာ ​ဖြစ်ပါတယ်။ ​ဒီကနေ့မှာတော့ ​အမေရိကန်သမ္မတ ​ဘရက်အိုဘားမားက ​ဂျပန်ဝန်ကြီးချုပ် ​ရှင်ဇိုအာဘေနဲ့ ​တွေ့ဆုံဖို့ရှိပြီး ​နှစ်နိုင်ငံအကြား ​ဆက်ဆံရေးတိုးမြှင့်တဲ့အကြောင်း ​ကြေညာနိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

အာရှ-ပစိတ်ဖိတ် ​ဒေသအတွင်း ​တရုတ်က ​နယ်ချဲ့လာနေတဲ့အပေါ် ​အမေရိကန်နဲ့ ​ဂျပန်က ​အတူတကွ ​တုန့်ပြန်မှုတွေလုပ်ဖို့ရှိပြီး ​ပြဿနာတိုင်းကို ​ဆွေးနွေးမှုတွေနဲ့ ​သံတမန်နည်းအရ ​ဖြေရှင်းဖို့ ​လိုတယ်လို့ ​ပြောသွားခဲ့ပါတယ်။

အဲဒါ့အပြင် ​စီးပွားရေးကိစ္စနဲ့ ​မြောက်ကိုးရီးယားအရေးကိုပါ ​ဆွေးနွေးဖို့ရှိပါတယ်။

အမေရိကန်သမ္မတ ​ဘရက်အိုဘားမားရဲ့ ​အာရှလေးနိုင်ငံ ​ခရီးစဉ်အတွင်း ​ဂျပန်နိုင်ငံကို ​အရင်ဆုံး ​ဝင်ရောက်တာ ​ဖြစ်ပြီး ​နောက်ပိုင်းမှာ ​တောင်ကိုးရီးယား၊ ​မလေးရှားနဲ့ ​ဖိလိပိုင်နိုင်ငံကို ​သွားရောက်ဖို့ ​ရှိပါတယ်။

ABC 

No comments:

Post a Comment

My Blog List