Saturday, April 26, 2014

ဒီမိုကရေစီအတွက် အသက်၊ ဘဝ ဆုံးရှုံးခဲ့မှုများကို အစိုးရက အသိအမှတ်ပြုပါ


မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပေါ်ထွန်းလာစေရေး ယခင် စစ်အစိုးရများ လက်ထက် က မတရားသဖြင့် ဖမ်းဆီး နှိပ်စက် ထောင်ချမှုများကြောင့် ဘဝ ပျက်ခဲ့ရသူများရဲ့ ဆုံးရှုံးခဲ့ မှုတွေနဲ့ ပေးဆပ် မှုတွေကို လက်ရှိအစိုးရက အသိ အမှတ်ပေးဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ဧရာဝတီကိုပြောပါတယ်။
“မြန်မာပြည်ရဲ့ အပြောင်းအလဲမှာ Transitional Justice အတွက် အသက်၊ အိုးအိမ် စည်းစိမ် ဆုံးရှုံးခဲ့ သူတွေ၊ ဘဝတွေ ပေးဆပ်ခဲ့သူတွေအတွက် လက်ရှိအစိုးရအနေနဲ့ အသိအမှတ်ပြုဖို့ လိုတယ်။ ဦးဝင်းတင် ရဲ့ ဆုံးရှုံးမှုဟာ ဒါတွေအတွက် ပြယုဂ် တခုဖြစ်တယ်” လို့ ဦးကိုကိုကြီးက ဧရာဝတီကိုပြောပါတယ်။

အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှာ ရက်သတ္တ တပတ်ကြာကျင်းပမယ့် Milken Institute ရဲ့ Global Conference ကို တက်ရောက်ဖို့ ထွက်ခွာခါနီး လေဆိပ်ရောက်ခိုက် ဧရာဝတီကို အဲဒီလို ပြောဆို သွားတာ ဖြစ်ပါတယ်။

ယခင်စစ်အစိုးရရဲ့ လက်ကိုင်တုတ် စစ်ထောက်လှမ်းရေးများက မတရား ဖမ်းဆီး နှိပ်စက်ကာ မြန်မာနိုင်ငံ အကျဉ်း ထောင် ထဲ နှစ်ပေါင်း ၁၉ နှစ်လောက် ခါးသည်းစွာ ဖြန်သန်းခဲ့ကာ ပြန်လည်လွတ်မြောက်ပြီး ၅ နှစ်ကျော်သာ ပြင်ပလောကမှာ နေ ထိုင်သွားခဲ့ရတဲ့ ဦးဝင်းတင် ကွယ်လွန်အပြီး အခုလို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးက ထုတ်ဖော် ပြောဆို လိုက်တာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့အတွက် ထောင်နဲ့ချီတဲ့ အလွှာပေါင်းစုံ က မြန်မာ နိုင်ငံသားကောင်းတွေဟာ စစ်အစိုးရများရဲ့ ဖမ်းဆီး၊ နှိပ်စက်၊ ဘဝပျက်ခဲ့ကြသည်မှာ အထင်အရှား ဖြစ်ပြီး ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီ ဖော်ဆောင်နေသော အစိုးရအနေနဲ့ အဆိုပါ ကိစ္စများ အပေါ် တာဝန်ခံ အသိအမှတ်ပြုမယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတို့အတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်မှာ သေချာတယ်လို့ နိုင်ငံရေးအကျဉ်း သားဟောင်းတွေကလည်း ဆိုနေကြပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List