Thursday, April 24, 2014

အဆိုတော် ဒေါ်မာမာအေး အား Artist of The Year 2013 ၂ဝ၁၃ ဆု ပေးအပ်ချီးမြှင့်




မန္တလေးမြို့မအပျော်တမ်း တူရိယာအသင်းကြီးမှ နာယကကြီးများကို (၈၉)ကြိမ်မြောက် ပူဇော်ပွဲအဖြစ် မန္တလေးမြို့မအသင်းတိုက်၌ ဧပြီ ၁၂ရက်က ကျင်းပရာ ထန်းရိပ်ညိုအနုပညာစင်တာမှ ချီးမြှင့်ခဲ့သော Artist of The Year 2013 ၂ဝ၁၃ ဆုကို မြို့မအသင်းဥက္ကဋ္ဌ ဒေါက်တာလှခိုင်ကဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးသို့ ပန်းချီဆရာကြီးဦးမျိုးခင်ကိုယ်စား ပြန်လည် လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

Artist of The Year 2013မ ၂ဝ၁၃ ဆု ကို ၂ဝ၁၃ခုနှစ် နိုဝင်ဘာလက ပြင် ဦးလွင်မြို့ အနီးစခန်း စည်သာရပ်ရှိ ထန်းရိပ်ညိုအနုပညာစင်တာမှ ပန်းချီဆရာကြီးဦးမျိုးခင် (ထန်းရိပ်ညို)က စကျင်ကျောက် သားဖြင့်ပြု လုပ်ထားသော အနုပညာလက်ရာ မြောက်ရုပ်တုပေးအပ်ရာ ဆုချီးမြှင့်သည့်အချိန်က အဆိုတော်ကြီး ဒေါ်မာမာအေးမှာ အမေရိကန် နိုင်ငံသို့ရောက်ရှိနေသဖြင့် မြို့မအသင်းဥက္ကဋ္ဌ ဒေါက်တာလှခိုင်က ဒေါ်မာမာအေးကိုယ်စား လက်ခံ ရယူခဲ့သည်။

မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် မြို့မငွေငန်း အလှပြယာဉ်ကြီးနှင့်အတူ အဆိုတော်ကြီး ဒေါ်မာမာအေး ပါဝင်သီဆိုရန် မန္တလေးမြို့သို့ရောက်ရှိ လာသဖြင့် နာယကကြီးများပူဇော်ပွဲတွင် ပြန်လည် လွှဲပြောင်းပေးအပ် ခြင်းဖြစ်သည်။

အခမ်းအနားတက်ရောက်လာသူ ပန်းချီဆရာကြီး ဦးမျိုးခင် (ထန်းရိပ်ညို)ကလည်း အဆိုတော်ကြီး ဒေါ်မာမာအေး အား ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကားတစ် ချပ်ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။

(၈၉)ကြိမ်မြောက် မြို့မအပျော် တမ်းတူရိယာအသင်း နာယက ကြီးများ ပူဇော်ကန်တော့ပွဲတွင် ကန်တော့ခံ နာယကကြီးများဖြစ် ကြသော ဦးစိန်ထွန်း(မြင်းမူ) အသက် ၉ဝ၊ မြို့မဦးပေါ အသက် ၈၆ နှစ်၊ ဦးချစ်ဝိန် အသက် ၈၃နှစ်၊ ဦးဝင်းအသက် ၈၁နှစ်၊ ဦးကျော် ညွန့်အသက် ၇၇နှစ်၊ ဦးကျော်ဇော အသက် ၇၄ နှစ်တို့အား အသင်းသား၊ အသင်းသူများက ကန်တော့ပစ္စည်းများနှင့်အတူ စုပေါင်းကန် တော့ကြကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List