Thursday, April 24, 2014

ပြည်သူ့အကျိုးစီးပွား ခြိမ်းခြောက်ခံရရင် လက်တုံ့ပြန်မည်ဟု ရုရှားပြော




တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်ခံရရင်၊ ပိုင်နက်ကို ထိပါးခံရရင် ရုရှားက လက်တုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က ရုရှားတူဒေး ရုပ်သံဌာနက ထုတ်လွှင့်တဲ့ လူတွေ့မေးမြန်းခန်းမှာ မနေ့က ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံတွင်း က ဖြစ်ရပ်တွေနောက် ကွယ်မှာ အမေရိကန် က ကျောထောက် နောက် ခံပေးနေတယ်လို့လည်း ဆိုပါတယ်။

“အမေရိကန် ဒုသမ္မတ အလည်လာချိန်မှာ စစ် ဆင်ရေးတွေ ပြန်စဖို့ ကြေ ညာရေး ရွေး ချယ်ခဲ့တယ် လို့ ပြောနေကြတယ်။ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဂျွန်ဘရန်နန်က ယူကရိန်းမြို့တော်ကို လာလည်အပြီး ခုလို ချက်ချင်း ဖြစ်လာတာပဲ။ အမေရိကန်က အင်မတန် အနီးကပ် ပြကွက်တွေ လုပ်နေတာ မဟုတ်ဘူးလို့ ကျနော်ယုံစရာ အကြောင်းပြချက် မရှိဘူး။”

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီက နေ့တိုင်းဖုန်းလာပြီး လုပ်ရမယ်၊ လုပ်ရမယ်၊ လုပ်ရ မယ်နဲ့ ခင်ဗျားကို ပြောနေတယ်။ အမေရိကန်က ယူကရိန်းနဲ့ ဘယ်လောက်မိုင်ထောင်ချီဝေး တယ်ဆိုတာ နားလည်မယ်။ သူတို့ စပွန်ဆာပေးထားတဲ့ လူတွေကို မြင်သာတာ ဘာမှ မပေးဘဲ သူတို့ ဘယ်လို သွေးထိုး လှုံ့ဆော်တယ် ဆိုတာကိုလည်း မြင်မယ်ဆိုရင် ဒီပွဲကို သူတို့ လုပ်နေတာဆိုတဲ့ ထင်မြင်ချက်ကို ခင်ဗျား ရှောင်နိုင်မှာ မဟုတ်ဘူး” လို့ သူက ဆက်ပြောပါတယ်။

ရုရှားအစိုးရဟာ ရုရှားအကျိုးစီးပွား ဒါမှမဟုတ် ရုရှားပြည်သူတွေရဲ့ အကျိုးစီးပွားကို တိုက်ခိုက်ခံရရင် တုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်က ပြောပါတယ်။

၂၀၀၈ သြဂုတ်လမှာ ရုရှားအစိုးရက တပ်တွေကို ဂျော်ဂျီယာနိုင်ငံတွင်း ခွဲထွက်ရေး သမားတွေရဲ့ပိုင်နက်ထဲစေလွှတ်မှုကိုလည်း ရည်ညွှန်းပြောကြားပါတယ်။

ဒီလူတွေ့မေးမြန်းခန်းက ရွေးချယ်ကောက်နုတ်ချက်တွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဧပြီ ၂၄ ရက်နေ့က တင်ပြထားပြီး အမေရိကန်အစိုးရကတော့ ရုရှာနိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက်တွေကို အဲဒီနေ့မှာပဲ ပယ်ချလိုက်ပါတယ်။

“လူတွေ့မေးမြန်းခန်းထဲမှာ သူရဲ့ ပြောဆိုမှုတွေ အများအပြားက သဘာဝမကျ မြင်မကောင်း ရှုမကောင်း ဖြစ်နေတယ်။ ပြီးတော့ အချက်အလက်တွေအပေါ် အခြေခံတာလည်း မဟုတ်ဘူး” လို့ အမေရိကန်အစိုးရရဲ့ ပြောခွင့်ရ ဂျန်စာကီက ပြောပါတယ်။

“ယူကရိန်းရဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်က ပတ်သက်တယ်။ လုပ်ပြနေတယ်။ ထောက်ပံ့နေတယ်ဆိုတဲ့ စကားတွေ အားလုံးကို အဓိပ္ပာယ်မရှိ တဲ့ ကဏ္ဍထဲမှာ ထည့်ရလိမ့်မယ်” လို့ ဆိုပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်နေ့ ပိတ်ရက်အပြီး ယူကရိန်းအရာရှိတွေက ယူကရိန်းအရှေ့ပိုင်းက ပြည်သူပိုင် အဆောက်အဦ ၁ ဒါဇင်လောက်ကို သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ခွဲထွက်ရေး စစ်သွေးကြွတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး ပြန်စဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့် တင်းမာမှု ဖြေလျော့ရေး ရည်မှန်းထားတဲ့ ဂျီနီဗာသဘောတူညီချက်ကို အရင် အပတ်က လက်မှတ်ထိုးခဲ့တဲ့ ယူကရိန်း အစိုးရဟာ နိုင်ငံတကာသဘောတူညီချက်ကို မကျိုးပေါက် အောင် ဘယ်လို စစ်ဆင်ရေးစမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

DVB

No comments:

Post a Comment

My Blog List