သင်္ဘောကပ္ပတိန် Lee Joon-Seok ကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်
မကြာသေးခင်က တိမ်းမှောက်သွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံပိုင် သင်္ဘော ကပ္ပတိန်ရဲ့ လုပ်ရပ်ဟာ လုံးဝ လက်ခံနိုင်စရာ မဟုတ်သလို လူသတ်မှုနဲ့တူတယ်လို့ တောင်ကိုရီးယား သမ္မတ Park Geun-Hye က ပြောကြားလိုက်ပါတယ်။
သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောသား တချို့ရဲ့လုပ်ရပ်တွေဟာ လုံးဝကို နားလည်နိုင်စရာမဟုတ်သလို လက်ခံနိုင်ငံစရာလည်းမဟုတ်ကြောင်းနဲ့ ဒါဟာ လူသတ်မှုသဘော သက်ရောက် တယ်လို့လည်း တောင်ကိုရီးယား သမ္မက ပြောပါတယ်။
အခုဆိုရင် သင်္ဘော ကပ္ပတိန် Lee Joon-Seok ကို အာဏာပိုင် တွေက ဖမ်းဆီး ထားပြီးတော့ တာဝန် ပေါ့ဆမှုနဲ့ ဒုက္ခရောက် သူတွေကို မကြည့်ပဲ ကိုယ်လွတ်
ရုန်းတဲ့ အမှုတွေ အပါအ၀င် အမှုပေါင်း ငါးခုနဲ့ တရားစွဲဆို ခံထားရပါတယ်။
နစ်မြုပ်သွားတဲ့ သင်္ဘောဟာ လူပေါင်း ၄၇၆ ယောက် တင်ဆောင် ခဲ့တာ ဖြစ်ပြီး အများစုဟာ လေ့လာ ရေးခရီး သွားကြတဲ့ အထက်တန်း ကျောင်းသား
ကျောင်းသူတွေ ဖြစ်ကြပါတယ်။
အခုဆိုရင် သေဆုံး သူဦးရေ ၈၇ ယောက်ရှိပြီး ကယ်ဆယ်လို့ မရသေးတဲ့ အယောက်ပေါင်း ၂၀၀ ကျော်လည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
ABC

No comments:
Post a Comment