Friday, April 25, 2014

ရုရှားလေယာဉ်များ နောက်သို့ ဗြိတိန်လေယာဉ် နောက်ယောင်ခံ ပျံသန်း




ဗြိတိန်လေပိုင်နက် အနီးတွင် ပျံသန်း မောင်းနှင်ခဲ့သည့် ရုရှားလေယာဉ်များကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ဗြိတိန်လေတပ်မှ Typhoon အမည်ရှိ လေယာဉ်တစ်စင်းက နောက်ယောင်ခံ ပျံသန်းခဲ့ကြောင်း

ဧပြီ ၂၄ ရက် ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။ ရုရှား လေယာဉ်များကို ဗြိတိန်လေပိုင်နက် အနီးတွင် တွေ့ရှိခဲ့ပြီးနောက် နောက်ယောင်ခံ ပျံသန်းရန် ဗြိတိန်လေတပ်က Scottish လေတပ်အခြေစိုက် စခန်းမှ Typhoon အမည်ရှိ လေယာဉ်တစ်စင်းကို စေလွှတ်ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

အဆိုပါ လေယာဉ်က ဗြိတိန်လေပိုင်နက် အနီးတွင် တွေ့ရှိခဲ့သည့် လေယာဉ်များသည် ရုရှားစစ်လေယာဉ် များ ဖြစ်သည်ဟု ခွဲခြားနိုင်ခဲ့ပြီး ရုရှားစစ်လေယာဉ်များ အနေဖြင့် နိုင်ငံတကာ လေပိုင်နက်တွင် အချိန်ပြည့် ရှိနေခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

၂ဝ၁၃ ခုနှစ်အတွင်း ဗြိတိန်လေပိုင်နက် အနီးတွင် အခြားပြည်ပနိုင်ငံမှ အလားတူ စစ်လေယာဉ်ပျံသန်းမှု ဖြစ်စဉ် (၈) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ 

လွန်ခဲ့သော ရက်သတ္တပတ် အတွင်း၌ ဗြိတိန်ရေပိုင်နက် အနီးတွင် ရုရှား သင်္ဘောတစ်စင်း တွေ့ရှိခဲ့သည့် အတွက် ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ရေတပ် စစ်သင်္ဘော တစ်စင်း စေလွှတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ပြီးနောက် အဆိုပါ နောက်ယောင်ခံလိုက် ပျံသန်းမှုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံ၏ အကျိုးစီးပွားများရှိရာ ရေပိုင်နက်နှင့် နိုင်ငံတကာ လေပိုင်နက်အတွင်း ဖြတ်သန်း ဝင်ရောက် သည့် ရုရှားစစ်လေယာဉ်နှင့် သင်္ဘောများကို ကြားဖြတ် နောက်ယောင်ခံ လိုက်ခြင်းနှင့် အမျိုးအစား ခွဲခြားမှုများကို ပုံမှန်ပြုလုပ်လျက်ရှိသော်လည်း မကြာသေးမီ ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ရုရှား နိုင်ငံ၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ပိုမို၍ အလေးထား စောင့်ကြည့်ခဲ့ကြောင်းနှင့် ဗြိတိန် နိုင်ငံ၏ပိုင်နက်အတွင်း NATO အဖွဲ့ဝင် မဟုတ်သည့် အခြားသော နိုင်ငံများမှဝင် ရောက်လာသော တပ်ဖွဲ့များကို ကြားဖြတ် ဟန့်တားမှု ပြုလုပ်ရန် အသင့်ရှိနေပြီး ဗြိတိန်ရေတပ်နှင့် လေတပ်တို့ကို တပ်လှန့်သတိပေးမှု ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List