Tuesday, April 22, 2014

သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၀၄ ဦး ရှိပြီဟု သတင်းထုတ်ပြန်



ပြီးခဲ့တဲ့ ၁ ပတ် ဧပြီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တောင်ကိုးရီးယား ဆုဝါးသင်္ဘောနစ်မြှပ်မှုမှာ သေဆုံးသူ ဦးရေ ၁၀၄ ဦး ရှိခဲ့ပြီး ၁၉၈ ဦး ဆက်လက် ပျောက်ဆုံးဆဲလို့ ကယ်ဆယ်ရေး အာဏာပိုင်တွေက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

သင်္ဘောကပ္ပတိန်နဲ့ ၀န်ထမ်းတွေအပါအ၀င် စုစုပေါင်း ၁၇၄ ဦးကိုတော့ ကယ်ဆယ် နိုင်ခဲ့ကြပါတယ်။

တန်ချိန် ၆၈၀၀ ကျော်ရှိတဲ့ သင်္ဘောနစ်မြုပ်ချိန်မှာ သင်္ဘောပေါ်မှာ စုစုပေါင်းခရီးသည် ၄၇၆ ဦး လိုက်ပါလာ ခဲ့ပြီး အများစုဟာ ကျောင်းသားလူငယ်တွေဖြစ်ပါတယ်။

ဒီသဘောင်္နှစ်မြှပ်မှုမှာ သေဆုံးသူ စုစုပေါင်း ၃၀၀ လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး တောင်ကို ရီးယားနိုင်ငံရဲ့ အဆိုးဆုံးရေကြောင်းဖြစ်ရပ်တခုဖြစ်လာခဲ့ပါတယ်။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူဖို့ ရေငုပ်သမား ၅၀၀ ကျော်၊ စက်လှေ ၁၆၀ ကျော်နဲ့ လေယာဉ် ၂၉ စီးတို့ကို အသုံးပြုပြီး အပြင်းအထန် ကြိုးစားနေကြပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ရာသီဥတုဆိုးဝါးမှု၊ ပင်လယ်ရေနောက်ကျိနေမှုနဲ့ ရေလှိုင်းကြမ်းတာကြောင့် မအောင်မြင်ခဲ့ပါဘူး။

သင်္ဘောဟာ ရေအောက် မီတာ ၃၀ နဲ့ ၄၅ မီတာမှာ နစ်မြုပ်နေတာကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ခက်ခဲနေပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေအဆင်ပြေအောင် ကရိန်းတွေနဲ့ သင်္ဘောကို မတင်ပြီး ရေအနက်မီတာကို လျော့ချဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List