ကမ္ဘောဒီးယားနိုင်ငံက ရွေးကောက်ခံ အတိုက်အခံ ဥပဒေပြုလွှတ်တော်အမတ် Mu Sochua ကို ထောက်ခံသူတွေနဲ့ ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့တွေ ဖနွမ်းပင်မြို့ လွတ်လပ်ရေးဥယျာဉ် အပြင်ဘက်မှာတနင်္လာနေ့က အပြန်အလှန် တိုက်ခိုက်မှုခဲ့ကြတဲ့အတွက် လူ ၇ ဦး ဒဏ်ရာရသွားပါတယ်။
အရပ်သားလုံခြုံရေးအစောင့်တွေဟာ ဥယျာဉ်အတွင်းကို ဝင်ရောက်မယ့် အမျိုးသမီးဥပဒေပြုအမတ်ရဲ့ အနီးဝန်းကျင်မှာ တွေ့သမျှ လူအားလုံးကို နံပါတ်တုတ်တွေနဲ့ စတင်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေကပြောဆိုပါတယ်။
ဒီပန်းခြံဟာ ပြည်သူတွေ တွေ့ဆုံနိုင်ကြဖို့ တည်ဆောက်ထားတာဖြစ်ပေမယ့် ဇန်နဝါရီလအတွင်း ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ဖြိုခွဲခဲ့ချိန်က စလို့ ပိတ်ထားခဲ့တာပါ။ ဒဏ်ရာရသူတွေထဲမှာ အနည်းဆုံးတယောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
အခုလုပ်ရပ်ဟာ အလွန်ဆိုးရွား ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဥပဒေပြုလွှတ်တော်အမတ် မစ္စမူဆိုချွာ က ပြောပါ တယ်။ ဝန်ကြီးချုပ် ဟွန်ဆန် အစိုးရဟာ ပုဂ္ဂလိကလုံခြုံရေးအဖွဲ့တွေကို အသုံးပြုပြီး သူတို့ကို ဆန့်ကျင်သူတွေကို နှိပ်ကွပ်နေ တယ်လို့လည်း ပြောပါတယ်။
VOA
No comments:
Post a Comment