Friday, April 25, 2014

အမှန်တရားဘက်က ရပ်တည်မယ်ဟု ထွန်းအိန္ဒြာဗိုပြောကြား




ထွန်းအိန္ဒြာဗိုက လင်းလင်း၊ ချစ်သုဝေတို့နဲ့အတူ သြစတြေးလျ ရန်ပုံငွေဖျော်ဖြေပွဲက ရရှိခဲ့တဲ့အလှူ ငွေများကို ဧပြီ ၄ရက်နေ့က
MCC မှာ ကျင်းပတဲ့ NLD ပညာရေးကွန်ရက်ဂုဏ်ပြုပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်ထံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ဒီဓာတ်ပုံများကိုလည်း ပရိသတ်တွေ ပွင့်လင်းမြင်သာမှုရှိအောင် နောက်ထပ် ရန်ပုံငွေပွဲတွေထဲ သဒ္ဓါပေါက်အောင်လို့ ဖေ့စ်ဘုတ်ပေါ် မှာ တင်ဖြစ် ခဲ့ခြင်းဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ သြစတြေးလျမှာ ရရှိခဲ့တဲ့ဆုကြေးငွေများ ကိုတော့ လင်းလင်းတာဝန် ယူပြီး ကော့မှူးမြို့ နယ်မှာရှိတဲ့ ဘကကျောင်းတွေမှာ သွား ရောက်လှူဒါန်းမှာဖြစ်ကြောင်းသိရပါတယ်။ 
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးနဲ့ ပညာရေးကွန်ရက်များအတွက် နောက်ထပ်ရန်ပုံငွေပွဲများကိုလည်း လုပ်ဆောင်နိုင် သလောက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းကိုထွန်းအိန္ဒြာဗိုက

" အမေ့အတွက်ကို တော့ ကျွန်မကဘယ်ဘက်က ကူရ ကူရ ကူနိုင်သမျှကူနိုင်တဲ့ဘက်က ကူမှာပါပဲ။ အမေရိကကလည်း အလှူပွဲ လုပ်ဖို့ ကမ်းလှမ်းလာတယ်။

အမေရိကလိုနိုင်ငံမျိုးက သိပ်လုပ်သင့်တဲ့နေရာပေါ့။ မြန်မာလည်းများတဲ့ အပြင် ဖျော်ဖြေပွဲလုပ်ရမယ့် စတိတ်တွေလည်း သိပ်များတယ်။ သြစတြေးလျဆိုရင် အလွန်ဆုံး ၄ မြို့လောက်ပဲရှိတာ။ အမေရိကဆိုရင် ၁ဝမြို့ လောက် အနည်းဆုံးရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂နှစ်ကတည်းက လက်ခံထားတာက ရက်ရွှေ့လာတာ။ အခု ဒီနှစ်မှ သွားဖြစ် သွားတော့ ကိုယ့်ရဲ့အပြင်ပွဲနဲ့ charity ပွဲနဲ့သွားတိုက်နေတော့ ရန်ပုံငွေပွဲက နောက်မှ လာတော့ရန်ပုံငွေပွဲ ကို နောက်ရွှေ့လိုက်ရတယ်။ နောက် နှစ်နှစ်လောက်နေမှပဲ
သွားဖြစ်မယ်ထင်တယ်။

နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေက မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ကလေးတွေရဲ့ ပညာရေးအတွက် လှူလိုက်တာပေါ့။ အမေ့ကို ယုံကြည်လို့ လှူ တယ်။ ကလေးတွေကို သဒ္ဓါတရားပေါက်ပြီး သားသမီးချင်းကိုယ်ချင်းစာပြီး လှူဒါန်းတာဖြစ်တဲ့အတွက် တအားသာဓုခေါ်ပါတယ်" လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကူပေးနိုင်သလောက်ကူ ပေးခြင်းဖြစ်ပေမယ့် ပါတီ၊ နိုင်ငံရေးကိုလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ပြောတဲ့ ထွန်းအိန္ဒြာဗိုက ...

" နိုင်ငံရေးမှာ တကယ်တမ်းလုပ်မယ်ဆိုရင် လေ့လာစရာတွေ အများကြီး ရှိသေးတယ်။ ကိုယ်လုပ်နိုင်သလားဆိုရင်လည်း အချိန်ပေးဖို့ တစ်ခုတည်းနဲ့တင် ကိုယ်နဲ့ မကိုက်ညီဘူးလို့မြင်တယ်။ အဲဒီအတွက်ကြောင့် ပါတီနိုင်ငံရေး လုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့အထိကတော့ လုံးဝမလုပ်ဘူးဆိုတဲ့ စိတ်နဲ့ပဲ နေနေတယ်။ အနာဂတ်တော့ ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ အမေစုကိုတော့ တအားကြည်ညိုတဲ့အတွက် ဘယ်လိုများကူနိုင်မလဲဆိုတဲ့ စိတ်နဲ့စဉ်းစားတော့ ကူနိုင်တဲ့ဘက်ကကူမှာပဲ။ အမေ့ကို တအားယုံကြည်တယ်။ ကျွန်မတို့ တိုင်းပြည်အတွက်လည်း တကယ်လိုအပ်တဲ့အတွက်ပါ။ အမေ့ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ကိုယ်ကူနိုင် သလောက် လိုက်ကူမယ်။ အမေ သမ္မတဖြစ်ဖို့ကတော့ အခြေခံဥပဒေ မပြောင်းမချင်းကတော့ မလွယ်ဘူး။ အမေ့ကို သမ္မတဖြစ်စေချင်ပါတယ်" လို့ ပြော ပါတယ်။

အနုပညာရှင်တွေရော၊ နိုင်ငံသူနိုင်ငံသားတိုင်းပါ အမှန်တရားဘက်က ပါဝင်ပံ့ပိုးသင့်ကြောင်းကို ထွန်းအိန္ဒြာဗိုက

" အမှန်တရားဘက်ကနေ လူတိုင်းပါဝင်သင့်တယ်။ နိုင်ငံသူနိုင်ငံသားတိုင်းက အမှန်တရားတစ်ခုအပေါ်မှာ ဝိုင်းဝန်းပံ့ပိုးသင့်တယ်။ ပံ့ပိုးတဲ့ နိုင်ငံသားရဲ့ အနေအထားက သာမန်အရပ်သားဆိုရင် သူနိုင်သလောက် celebrity တစ်ယောက်ဖြစ်ရင်လည်း သူလုပ်သမျှက အင်အားပိုကြီးတာပေါ့။

celebrity တွေအနေနဲ့ အမှန်တရားဘက်မှာ ပိုပြီးတော့ ပါသင့်တယ်။ ကျွန်မရဲ့ စိတ်ထဲမှာလည်း အမေစုက အမှန်တရားလမ်းကြောင်းပေါ်မှာသွားနေတယ် ဆိုတာ ယုံကြည်တဲ့အတွက် အမေစုဘက်က အမှန်တရားဘက်ကိုပါတာပါ" လို့ ပြောပါတယ်။

Popular Journal

No comments:

Post a Comment

My Blog List