" သင်္ကြန်ပြတိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်က ခင်ဝင့်ဝါ၊ နန်းဆုဦးတို့နဲ့ ရိုက်ကူးနေပြီး သင်္ကြန်မှာ သူငယ်ချင်းတွေ မဏ္ဍပ်စုဆောက်ကြတဲ့ အထဲမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်သူ စိုင်းစိုင်း ဆိုတဲ့ကောင်လေး တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာပါ။ သင်္ကြန်မဏ္ဍပ်ကို တာဝန်ယူပြီးလုပ်ရတဲ့ အတွက်နဲ့ ဇာတ်ကားရိုက်ကူး မှုအကြောင်းကို
" သင်္ကြန်မတိုင်ခင်က စရိုက်တာ၊ သင်္ကြန်အကြိုနဲ့ အကျနေ့ကို ဇာတ်လမ်းရိုက်တယ်။ ကျန်တဲ့ရက်တွေ ကိုတော့ ဇာတ်လမ်းအတွက်တခြားရိုက်ကူးစရာတွေကိုရိုက်ပါတယ်။
သင်္ကြန်မဏ္ဍပ်ကလည်း ကိုယ်တိုင်တာဝန်ယူပြီးလုပ်တာဖြစ်တဲ့အတွက် သင်္ကြန်မဏ္ဍပ်ကလည်း တစ်ဖက်၊ ရုပ်ရှင်ကလည်းတစ်ဖက်ဆိုတော့ တာဝန်လည်းတအားကြီးတယ်။တအားလည်း စိတ်ပင်ပန်းပါတယ်။ သင်္ကြန်အစစ်အတွက် လိုအပ်တဲ့ရိုက်ချက်တွေအတွက် သင်္ကြန်မှာ ရိုက်ဖြစ်တာပါ" လို့ စိုင်းစိုင်းခမ်းလှိုင် ကပြောပြပါတယ်။
သင်္ကြန်တွင်း ဇာတ်ကားရိုက်ကူးမှုအဆင်ပြေပေမယ့် ပရိသတ်တွေ အတွက် ကောလာဟလတစ်ခုအပေါ် စိတ်အနှောင့်အ ယှက်ဖြစ်ခဲ့ရကြောင်းကိုလည်း စိုင်းစိုင်းခမ်းလှိုင်က "
ကျွန်တော်နဲ့ ခင်ဝင့်ဝါဇာတ်ဝင်ခန်း ရိုက်နေတော့ အွန်လိုင်းမီဒီယာတစ်ခုကနေပြီး ဓာတ်ပုံရိုက်ပြီး ပရိသတ် ကိုထင်ယောင်ထင်မှားဖြစ် အောင်ရေးသားခဲ့တဲ့အတွက် ကျွန်တော်က ကိစ္စမရှိပေမယ့် တစ်ဖက်သား မိန်းကလေးရဲ့သိက္ခာကို အနည်းနဲ့အများထိခိုက်တာပေါ့။ မိန်းကလေးဖြစ်တယ်။ဆယ်ကျော်သက်တက် သစ်စလူငယ်လည်း ဖြစ်တယ်။ ကျွန်တော်တို့ ရိုးရိုးသားသားအ လုပ်လုပ်နေတဲ့အပေါ် ဒီလိုမပြည့်မစုံတဲ့ သတင်းဖော်ပြမှုအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။
ကျွန်တော်တို့ ဒီသင်္ကြန်ပြတိုက်ဆိုတဲ့ သင်္ကြန်ဇာတ်ကားလေးကို ရိုက်နေတာပါ။ အလုပ်ကိစ္စကလွဲပြီးတော့ ဘာမှထူးခြားတဲ့ ပတ်သက်မှုမျိုးမရှိပါဘူး။ ဒီလိုမျိုး ရှင်းပြရတာကလည်း ကျွန်တော်က ယောက်ျားလေး၊ အရေလည်းထူနေပြီ။ ကျွန်တော့်အတွက် ဘာမှမဖြစ်ဘူး။ ကျွန်တော့်ကြောင့် ဘယ်သူမှ မနစ် နာစေချင်ဘူး။ ဒါကြောင့် ရှင်းပြရတာပါ။ ပရိသတ်ကိုလည်း အမှန် အတိုင်းသိစေချင်လို့ပါ" လို့ ပြောပြပါတယ်။
မေမွန်မောင်
Popular Journal
No comments:
Post a Comment