Thursday, April 24, 2014

ရခိုင်က ECC အဖွဲ့ရဲ့ ခွင့်ပြုချက်ရမှ NGO တွေ အလုပ် လုပ်ကိုင်ခွင့် ရမယ်




ရခိုင်ပြည်နယ်အတွင်း ​လူသားချင်းစာနာတဲ့ ​အကူအညီပေးရေးလုပ်ငန်းတွေ ​လုပ်ကိုင်မယ့် ​NGO ​အဖွဲ့အစည်းတွေ ​အနေနဲ့ ​ရခိုင်ပြည်နယ်မှာ ​ဖွဲ့စည်းထားတဲ့ ​အရေးပေါ် ​ပေါင်းစပ်ညှိနှိုင်းရေးစင်တာ ​(ECC) ​အဖွဲ့ကို ​လုပ်ငန်း ​အသေးစိတ်တင်ပြပြီးမှသာ ​လုပ်ဆောင်ခွင့်ရမှာဖြစ်တယ်လို့ ​ဧပြီလ ​၂၃ရက်နေ့ ​စစ်တွေမြို့မှာ ​ပြုလုပ်ခဲ့တဲ့ ​ECC ​အစည်းအဝေးက ​ဆုံးဖြတ်ခဲ့ပါတယ်။

အစိုးရပြန်ကြားရေးဝန်ကြီးဌာနကတော့ ​ရခိုင်ပြည်နယ်အတွင်းမှာ ​ကုလသမဂ္ဂလက်အောက် ​ခံအဖွဲ့အစည်းတွေအပါအ၀င် ​နိုင်ငံ ​တကာNGO ​အဖွဲ့အစည်းတွေအနေနဲ့ ​သူတို့ရဲ့လုပ်ငန်းတွေကို ​ပြန်လည် ​လုပ်ကိုင် ​ဆောင်ရွက်နေ ​တဲ့အကြောင်း ​မနေ့ကပဲ ​ထုတ်ပြန်ကြေညာ ​ထားပါတယ်။

 အစိုးရကနိုင်ငံတကာ ​NGO ​အဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေ ​ပြန်လည် ​လုပ်ဆောင်နေပြီလို့ ​ကြေညာ ​ခဲ့ပေမယ့် ​Emergency ​Coordination ​center ​(ECC) ​အစည်း ​အဝေးကို ​လုပ်ငန်း ​တင်ပြမှ ​လုပ်ဆောင် ​ခွင့်ရမှာဖြစ် ​တယ်လို့ ​အစည်းဝေး ​တက်ရောက် ​ခဲ့တဲ့ ​မြို့မိမြို့ဖ ​တဦး ​ဖြစ်သူ ​ဦးသန်းထွန်းက ​အခုလိုပြောပါတယ်။

“ပြည်ထောင်စု ​အစိုးရအဖွဲ့က ​ကြေညာတာ ​လည်းမှန်ပါတယ်၊ ​ဒါပေမဲ့ ​ECC ​အစည်းအဝေး ​ဒီနေ့ပဲ ​လုပ်တော့ ​UN ​INGO ​တွေကို ​သူတို့လုပ် ​ငန်းဆောင် ​တာတွေ ​ဆက်လုပ် ​ခွင့်ရပြီဆိုပေမဲ့ ​ပြည်နယ် ​အဆင့် ​ECC ​အစည်း ​အဝေးကို ​အဲဒီလုပ် ​ငန်းတွေရဲ့၊ ​Procedure ​တွေတင်ပြပြီးမှ ​ဖြတ်သန်း ​ရပါလိမ့်မယ်၊ ​သူတို့က ​ECC ​အစည်း ​အဝေးပေါ်မှာ ​ဧပြီလ ​၉ရက်နေ့ ​ကတည်းက ​တင်ပြထားတဲ့ ​Procedure ​တွေဟာ ​ပွင့်လင်းမြင် ​သာမှုမရှိဘူး၊ ​အသေး ​စိတ်မရှိဘူး၊ ​ရည်ရွယ်ချက် ​ဘာတွေမှန်းမသိဘူး။” 

ဒါပေမယ့် ​မနေ့က ​ဆွေးနွေးပွဲမှာ ​MSF ​နယ်စည်း ​မခြား ​ဆရာဝန်များ ​အဖွဲ့နဲ့ ​မာတီဇာ ​အဖွဲ့အစည်းကို ​ရခိုင်ပြည်နယ်ထဲမှာ ​လုပ်ကိုင်ခွင့် ​မပေးဖို့ ​အပါအ၀င် ​အချက် ​၃ခုကို ​အဓိကထား ​ဆွေးနွေးခဲ့ ​တယ်လို့လည်း ​ဦးသန်းထွန်းက ​အခုလို ​ပြောပါတယ်။

 “ဒီနေ့အစည်း ​အဝေးမှာ ​UN ​၊ ​INGOတွေရဲ့ ​ရုံးခန်းတွေနဲ့ ​နေထိုင်မယ့် ​အဆောက် ​အဦးတွေကို ​စစ်တွေမြို့ ​တောင်ဘက် ​စွန်းမှာ ​ပထမ ​အစည်းအဝေးက ​ဆုံးဖြတ်ထား ​တဲ့အတိုင်းပဲ ​သူတို့နေဖို့ဆုံးဖြတ်ခဲ့ကြတယ်၊ ​UN ​၊ ​INGOတွေဟာ ​လုပ်ငန်း ​ဆောင်တာဒီနေ့လုပ်ချင်ရင် ​ဒီနေ့လုပ်လို့ရတယ်၊ ​ဒါပေမဲ့ ​ဒီနေ့လုပ်ဖို့က ​ဒီနေ့ဟာ ​ပွင့်ပွင့် ​လင်းလင်းမြင် ​သာ ​တင်ပြပေးရမယ် ​အဲဒါကို ​သဘောတူရင် ​လုပ်လို့ရတယ်၊ ​MSF ​နဲ့ ​မာတီဇာဆိုတဲ့အဖွဲ့ ​၂ဖွဲ့ဟာ ​အစိုးရကိုယ် ​တိုင်က ​ရခိုင်ပြည်နယ်ထဲမှာ ​လှုပ်ရှားဆောင်ရွက်ခွင့် ​ရပ်ဆိုင်း ​ထားတဲ့အဖွဲ့ ​နှစ်ဖွဲ့ ​ဖြစ်တဲ့အတွက် ​အဲဒီအဖွဲ့ ​၂ဖွဲ့ရဲ့ ​တရားမ၀င်လုပ်ဆောင်ချက်တွေဟာ ​UN ​၊ ​INGOတွေ ​ရဲ့လုပ်ငန်းအပေါ်မှာ ​ဆိုးကျိုးတွေထိခိုက်နိုင်တယ်ဆိုတဲ့ ​အဲဒီ ​၃ခု ​ထင်ထင်ရှားရှားရပါတယ် ​ဒီနေ့။” 

လောလောဆယ်မှာ ​ရခိုင်ပြည်နယ်အစိုးရခွင့်ပြုချက်နဲ့ ​ဒုက္ခသည်စခန်းတွေကို ​ကမ္ဘာ့စားနပ် ​ရိက္ခာများအဖွဲ့ ​(WFP) ​နဲ့ ​နိုင်ငံတကာ ​ကြက်ခြေနီအဖွဲ့ ​(ICRC) ​က ​အရေးပေါ်စားနပ် ​ရိက္ခာထောက်ပံတာတွေကို ​ပေါက်တောမြို့နယ်မှာ ​ သောက်သုံးရေပေးပို့တာတွေ ​တကြိမ်၊ ​နှစ်ကြိမ် ​လောက်ရှိပြီလို့လည်း ​ဆိုပါတယ်။

မနေ့ကပြုလုပ်တဲ့ ​အစည်းအဝေးကို ​ကုလသမဂ္ဂ ​လက်အောက်ခံအဖွဲ့အစည်းနဲ့ ​နိုင်ငံတကာ ​အဖွဲ့ အစည်းတွေအပြင် ​ရခိုင်ပြည်နယ်အစိုးရ ​နယ်လုံဝန်ကြီး ​ဗိုလ်မှူးကြီးထိန်လင်း၊ ​စည်ပင်ဝန်ကြီးဦးမြအောင်၊ ​နယ်စပ်ရေးရာဝန်ကြီးဌာနက ​ညွန်မှူးဦးထွန်းဦးနဲ့ ​စစ်တွေမြို့မိမြို့ဖတွေအပါအ၀င် ​အဖွဲ့ ​အားလုံး ​၁၀ ဖွဲ့ကျော် ​တက်ရောက်ခဲ့ကြတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။


ABC

No comments:

Post a Comment

My Blog List