Thursday, April 24, 2014

ဟားမတ်အုပ်စုနှင့် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ပူးပေါင်းရန် သဘောတူ




ပါလက်စတိုင်း ဂါဇာကမ်းမြောင်အခြေစိုက် ဟားမတ်အစ္စလာမ်မစ်အုပ်စုနဲ့ သမ္မတ မာမွတ်အာဘတ် ခေါင်းဆောင်တဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (ပီအယ်လ်အို)တို့ ပူးပေါင်းဖို့ ဧပြီ ၂၃ ရက်နေ့က သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

Hamas, Abbas's PLO၂၀၀၆ ပါလက်စတိုင်းရွေးကောက်ပွဲမှာ ဟားမတ်အဖွဲ့က အနိုင်ရခဲ့ပြီးနောက်ပိုင်း ဂါဇာ ကမ်းမြောင်ဒေသကို ထိန်းချုပ်ခဲ့ပါတယ်။

ပါလက်စတိုင်း ၂ ဖွဲ့ ပူးပေါင်းဖို့ ၂၀၀၇ ကတည်းက ကြိုးစားလာခဲ့ကြပြီး အခုလို သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဟားမတ်ဝန်ကြီးချုပ် အစ္စမေလ်း ဟာနီယာက နှစ်ဖက်သွေးကွဲနေတဲ့ခေတ် ကုန်ဆုံးသွားပြီလို့ ၂ ဖွဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆို ခဲ့ပါတယ်။

“ပါလက်စတိုင်း ၂ ခြမ်းကွဲခဲ့တဲ့ခေတ် ကုန်ဆုံးသွားပြီဆိုတဲ့ သတင်းကောင်းကို ပါလက်စတိုင်းတွေ အားလုံးကို ပေးချင်ပါတယ်။”ပူးပေါင်းရေး သဘောတူညီမှုရရှိပြီး ရက်သတ္တပတ် ၅ ပတ်အတွင်း ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ဟားမတ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို တောက်လျှောက်တိုက်ခိုက်လာခဲ့ပြီး အစ္စရေး နိုင်ငံကိုလည်း အသိအမှတ်မပြုတဲ့အဖွဲ့ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံကလည်း ဟားမတ်အဖွဲ့ကို အကြမ်းဖက်စစ်သွေးကြွအဖွဲ့အဖြစ် သတ်မှတ်ပြီး အခုလို ပါလက်စတိုင်း ၂ ဖွဲ့ကြား ရရှိခဲ့တဲ့ သဘောတူညီချက်ကို ရှုတ်ချပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အခုလို ပီအယ်လ်အိုအဖွဲ့ဟာ ဟားမတ် အဖွဲ့နဲ့ ပူးပေါင်း လိုက်တာကြောင့် ပီအယ်လ်အိုနဲ့ လက်ရှိ လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်ပြီး အစ္စရေးနဲ့ ငြိမ်းချမ်းရေးယူမလား၊ ဟားမတ်နဲ့ ငြိမ်းချမ်းရေးယူမလားလို့ မေးခွန်း ထုတ်ခဲ့ပါတယ်။

အမေရိကန်က ကမကထ လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တိုးတက်မှု သိပ်မရှိဘဲ လာမယ့် ဧပြီ ၂၉ ရက်နေ့ သက်တမ်းကုန်မှာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List