Wednesday, April 23, 2014

ယူကရိန်းကြောင့် အနောက်နဲ့ ရုရှားကြား အခြေအနေ ပိုမိုတင်းမာ




ယူကရိန်းနိုင်ငံကို ​အနောက်နိုင်ငံတွေက ​ထောက်ခံကြောင်း ​ပြသတဲ့အနေနဲ့ ​အမေရိကန်နိုင်ငံ ​ဒု ​သမ္မတ ​Joe ​Biden ​က ​ယူကရိန်း ​နိုင်ငံက ​ခေါင်းဆောင်သစ်တွေနဲ့ ​တွေ့ဆုံခဲ့ပါတယ်။

ဘယ်နိုင်ငံကမှ ​အိမ်နီးချင်းနိုင်ငံတွေကို ​ခြိမ်းခြောက်တဲ့အနေနဲ့ ​နယ်စပ်ဒေသမှာ ​စစ်တပ်တွေကို ​ချမထားသင့်ကြောင်း၊ ​ရုရှားအနေနဲ့ ​ယူကရိန်းနယ်စပ်မှာ ​ချထားတဲ့ ​သူတို့ရဲ့တပ်တွေကို ​ပြန်လည် ​ရုတ်သိမ်း ​အမေရိကန်နိုင်ငံအနေနဲ့တောင်းဆိုကြောင်း ​အမေရိကန် ​ဒုသမ္မတ ​Joe ​Biden ​က ​ခိယက်ဖ်မြို့မှာရှိတဲ့ ​ယူကရိန်း ​ပါလီမန်မှာ ​မိန့်ခွန်း ​ပြောကြား ​စဉ်အတွင်း ​ပြောသွား ​ခဲ့တာ ​ဖြစ်ပါတယ်။

လာမယ့် ​မေလ ​၂၅ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲဟာ ​ယူကရိန်းနိုင်ငံ ​စည်းလုံးညီညွှတ်မှု ​ကို ​ပြန်လည် ​တည်ဆောက်ဖို့ ​အတွက် ​သမိုင်းဝင်မယ့် ​ရွေးကောက်ပွဲတခု ​ဖြစ်လာမယ်လို့ ​Joe ​Biden ​က ​ပြောပါတယ်။

ယူကရိန်း ​နိုင်ငံအနေနဲ့ ​ပြီးခဲ့တဲ့ ​တပတ်က ​Geneva ​မှာ ​သဘော ​တူညီထား ​ခဲ့တဲ့ ​နိုင်ငံတကာ ​သဘော ​တူညီမှုကို ​ချိုးဖောက်​တယ်လို့ ​ရှရှားဘက်က ​စွပ်စွဲပြော ​ဆိုခဲ့ပြီးနောက်ပိုင်းမှာပဲ ​အမေရိကန် ​ဒုသမ္မတ ​က ​ယူကရိန်းနိုင်ငံကို ​ရောက်ရှိလာ တာဖြစ်ပါတယ်။

ယူကရိန်းမှာ ​ဖြစ်နေတဲ့ ​ပြဿနာကို ​ဖြေလျော့နိုင်ဖို့ ​အတွက် ​ရည်ရွယ်တဲ့အနေနဲ့ ​Geneva ​ဆွေးနွေးမှု အတွင်း ​နိုင်ငံတကာ ​သဘောတူညီမှု ​တခုကို ​သဘော တူညီခဲ့ကြတာဖြစ်ပါတယ်။

ယူကရိန်း ​အရှေ့အလယ်ပိုင်းမှာ ​ဖြစ်နေပွားနေတဲ့ ​ပြဿနာနဲ့ ​ပတ်သက်ပြီး ​ရုရှားအနေနဲ့ ​အကူအညီတွေ ​ပေးဖို့ ​အဲဒီဒေသမှာရှိတဲ့ ​ရုရှားထောက်ခံသူတွေက ​တိုးမြှင့်တောင်းဆိုနေတယ်လို့ ​ရုရှား ​နိုင်ငံခြားရေး ​၀န်ကြီး ​ဆာဂေး ​လက်ဗ်ရော့ဗ် ​ကဆိုပါတယ်။

ဒါပေမယ့် ​ရုရှားနိုင်ငံက ​ယူကရိန်းကို ​၀င်ရောက် ​သိမ်းယူတာကို ​အမေရိကန်နိုင်ငံအနေနဲ့ ​အသိအမှတ် ​မပြုနိုင်ဘူးလို့ ​အမေရိကန် ​ဒုသမ္မတ ​Joe ​Biden ​ကပြောပြပါတယ်။

တဆက်တည်းမှာပဲ ​အမေရိကန်နိုင်ငံက ​ရုရှားနိုင်ငံ ​နယ်စပ်တလျှောက်ဖြစ်တဲ့ ​Poland ​နဲ့ ​Baltic ​ဒေသတွေ မှာ ​စစ်တပ်အင်အား ​ခြောက်ရာ ​ချထားလိုက်ပြီလို့လည်း ​သိရပါတယ်။ ​ဥရောပနိုင်ငံတွေရဲ့ ​လုံခြုံရေး အတွက် ​အခုလိုလုပ်ဆောင် ​ရတာဖြစ်တယ်လို့ ​အမေရိကန်နိုင်ငံက ​ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List