ဧ၀ရက်ရေခဲတောင် တက်ရောက်မည့် မြန်မာတောင် တက်အဖွဲ့ဝင်များမှ လီဆူးအမျိုး သားတောင်တက် သမား ကီယို ဒွေးမှာ ကျန်းမာရေးချို့ယွင်းမှု ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း ထူးဖောင် ဒေးရှင်းမှ သတင်းရရှိသည်။
လီဆူအမျိုးသားတောင် တက်သမား ကီယိုဒွေးမှာ ဧ၀ရက် တောင်ခြေစခန်းရောက်ရှိချိန်တွင်သွေး ထဲ၌အောက်ဆီဂျင်ပါဝင်မှု ပမာဏ ၃၀ ရာခိုင်နှုန်းထိ ကျဆင်းသွားသည့်အတွက် အရေး ပေါ် အောက် ဆီဂျင်ပေးခဲ့ရပြီး ဆရာဝန်က တောင်ထိပ်တက် ရောက်ရန် တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။
ကီယိုဒွေးမှာ အမြင့်ပေ ၂၉,၀၀၀ ကျော်ရှိသော ဧ၀ရက်တောင်တွင် မြန်မာအလံစိုက်ထူရန်အတွက် ကြိုးပမ်းရာတွင် အားထားရသူတစ်ယောက်ဖြစ်ပြီး ဧ၀ရက်တောင်မတက်မီ အမြင့်ပေပေါင်း နှစ်သောင်းကျော်မြင့်သည့် တောင်တန်းများပေါ်တွင် အောင်မြင်စွာလေ့ကျင့်ခဲ့သူလည်းဖြစ်သည်။
မြန်မာတောင်တက်သမား ငါးဦးမှ လီဆူအမျိုးသားတောင် တက်သမား ကီယိုဒွေးမှာ ပြန် လည်ရောက် ရှိလာသော်လည်း ကျန်တောင်တက်အဖွဲ့ဝင်များမှာ ဧ၀ရက်တောင်ထိပ်သို့ ဆက်လက်တက်ရောက် သွားမည်ဟု သိရသည်။
လက်ရှိတွင် မြန်မာတောင် တက်အဖွဲ့မှာ ၁၇၅၆၅ ပေရှိ ဧ၀ရက်တောင်ခြေသို့ရောက်ရှိ သွားပြီဖြစ်ပြီး ထူးဖောင်ဒေးရှင်းမှ လည်း အချိန်နှင့်တစ်ပြေးညီကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက် ရှိကြောင်း ဦးတေဇက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။
ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ဧ၀ရက်တောင်ကို ထူးဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ သား တောင်တက် သမားငါးဦး တက်ရောက်ပြီး ခါကာဘိုရာဇီ ရေခဲတောင်ကို တက်ရောက်ခဲ့သည့် နမားဂျွန် ဆင်၊ လီဆူတိုင်းရင်းသား ကီယို ဒွေး၊ ထူးဖောင်ဒေးရှင်းနှင့် ခြေလျင်တောင်တက်မှ တောင်တက် သမားနှစ်ဦးတို့သည် ဧပြီလဆန်းက စတင်တက်ရောက်ခဲ့သည်။
ထို့အပြင် ဧပြီလ ၁၈ ရက်က ဧ၀ရက်တောင်ပေါ်တွင် အမြင့် ပေ ၁၉,၀၀၀ ၌ ရေခဲတောင်ပြိုကျ မှုကြောင့် ဒေသခံလမ်းပြများအ ပါအ၀င် အနည်းဆုံး၁၂ဦးသေဆုံး ခဲ့ပြီး အခြားတောင်တက်သမားကိုးဦး မှာလည်း ရေခဲတောင်ပြိုကျမှုတွင် ပျောက်ဆုံးလျက်ရှိသည်။
7Day News Journal

No comments:
Post a Comment