Monday, September 09, 2013

အိန်္ဒိယ အမျိုးသမီးများ ဘေးကင်းကြရဲ့လား

Monday, September 9, 2013
အိန္ဒိယတွင် လတ်တလော မုဒိမ်းမှုများ ဖြစ်ပေါ်နေခြင်းအရ အိန္ဒိယနိုင်ငံသည် အမျိုးသမီးများ အတွက် ဘေးကင်းရာ နေရာ မဟုတ်ဟု ထိုသတင်းကို ကြားရသူတိုင်းက မှတ်ယူနေကြသည်။ သို့သော် ထိုအခြေအနေ မျိုးသည် တစ်နိုင်ငံလုံး ၌ ဖြစ်နေကြသည်တော့ မဟုတ်ပါ။ တစ်ဦးချင်း မုဒိမ်းကျင့်သည့် ကိစ္စနှင့် လူအုပ်စုဖြင့် မုဒိမ်းကျင့်သည့် ကိစ္စများသည် လက်တစ်ဆုပ်စာ လူတစ်စု၏ ရာဇာဝတ်မှု ကျူးလွန်ကြခြင်း မျှသာဖြစ်သည်။

Photo: အိန်္ဒိယ အမျိုးသမီးများ ဘေးကင်းကြရဲ့လား
 Monday, September 9, 2013

အိန္ဒိယတွင်   လတ်တလော မုဒိမ်းမှုများ ဖြစ်ပေါ်နေခြင်းအရ အိန္ဒိယနိုင်ငံသည် အမျိုးသမီးများအတွက် ဘေးကင်းရာ နေရာ မဟုတ်ဟု ထိုသတင်းကို ကြားရသူတိုင်းက မှတ်ယူနေကြသည်။ သို့သော် ထိုအခြေအနေ မျိုးသည် တစ်နိုင်ငံလုံး ၌ ဖြစ်နေကြသည်တော့ မဟုတ်ပါ။   တစ်ဦးချင်း မုဒိမ်းကျင့်သည့် ကိစ္စနှင့်  လူအုပ်စုဖြင့် မုဒိမ်းကျင့်သည့် ကိစ္စများသည် လက်တစ်ဆုပ်စာ လူတစ်စု၏ ရာဇာဝတ်မှု ကျူးလွန်ကြခြင်း မျှသာဖြစ်သည်။

သို့သော်လည်း မကြာသေးမီက ထိုအမှုများကြောင့် ထိုကိစ္စအပေါ် သတိပြုအာရုံစိုက်မိ လာခဲ့ကြခြင်း ဖြစ်ပေသည်။ အိန္ဒိယ အမျိုးသမီးများသည်  ခေတ်မီစွာ ဝတ်စား ဆင်ယင်ကြသော်လည်း ယဉ်ယဉ်ကျေးကျေး ဝတ်စားဆင်ယင် နေထိုင်သွားလာကြပြီး  မိမိတို့၏ လုံခြုံဘေးကင်းမှုအတွက် ကိုယ်ခံပညာရပ် များကိုလည်း  သင်ကြားလေ့ကျင့် ထားသင့် သည်ဟု ထင်မြင်မိသည်။ ယခုဆိုလျှင် အမျိုးသမီး တချို့သည် ကိုယ်ခံပညာ ရပ်တစ်ခုခုကို သင်ယူ လေ့ကျင့် နေကြပြီ ဟု ကြားသိရသည်။  အလွန်ပင် လုပ်သင့်သော  ကိစ္စဖြစ်သည်ဟု ထင်သည်။  

မီဒီယာများကလည်း အဆိုပါ သတင်း များကို ဖော်ပြပေးပြီး ထိုပြစ်မှု ကျူးလွန်သည့်လူကို  ဖမ်းမိသည့် နေရာတွင်ပင် လူထုက ကိုယ်ထိလက်ရောက် တစ်ယောက် တစ်ချက် ဆိုသလို ဝိုင်းဝန်း၍ ဆုံးမကြပုံများကို မီးမောင်းထိုး ပြလိုက်လျှင် အတင့်ရဲစွာ အမှုကျူးလွန်နေသူ တစ်စုအဖို့  ကိုယ်ရှိန်သတ် သွားစရာရှိပါသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း  ကဲရားလားပြည်နယ်ဆိုလျှင် နယူးဒေလီမြို့တော်မှာကဲ့သို့ မိန်းကလေးတစ်ဦးတည်းသွားလျှင် အန္တရာယ်ရှိနိုင်၍ လုံခြုံစိတ်ချမှုမရှိသည့် ဒေသမျိုးမဟုတ်ပါ။  အမျိုးသမီးများကို အလွန်လေးစားစရာ အဖြစ် တွေ့ရသည့်

အတွက် မိန်းမသားများ အဖို့ လုံခြုံစိတ်ချရသည်ဟု သိရပါသည်။

တခြားနိုင်ငံများနှင့် ယှဉ်လျှင် အိန္ဒိယသည် အမျိုးသမီးများကို  လေးစားသော တိုင်းပြည်ဖြစ်သည်။ အိန္ဒိယတွင် မိန်းက လေးများကို ဘုရားတစ်ဆူ၊ ဂူတစ်လုံးသဖွယ် သဘောထားသည့် ရွာတစ်ရွာရှိသည်။ ရွာ၏အမည်မှ ပန်ချာလီပရာ ဖြစ်၏။ ထိုရွာ၌ မိန်းမတစ်ယောက်သည် ယောက်ျားအများကြီး ယူခွင့်ရှိပြီင်္း၊ ယောက်ျားများကတော့ မိန်းမတစ်ယောက် သာ ယူခွင့်ရှိသည့်နေရာ ဖြစ်လေ၏။ သတို့သမီးဘက်မှ မိဘများကို Dowry ခေါ်သည့် မင်္ဂလာကြေး အမြောက် အမြား ပေးရလေ့ ရှိသည်။

ရှေးခေတ်ကတည်းက အိန္ဒိယ တိုင်းရင်းသားများ ဒေသတွင် အမျိုးသမီးများက အဓိက ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသည်။  သူတို့ကိုယ်တိုင်  ရွေးချယ်ပိုင်ခွင့် ရှိပြီး လက်မထပ်ဘဲ ယောက်ျား တစ်ယောက်ကို ယူပိုင်ခွင့် ရှိသည်။ ထို့အတူ ကွာရှင်း ပိုင်ခွင့်လည်းရှိသည်။  ဟာရာယားနား ဘက်က ရွာများ၌လည်း မိန်းမများပင် လွှမ်းမိုးသည်။ ဤအချက်က အိန္ဒိယသည် မိန်းမများကို  လေးစား တန်ဖိုးထားသည် ဆိုသည်ကို ထောက်ပြလိုက်ခြင်းဖြစ်သည်။

အိန္ဒိယသည် မိန်းမသားများ အတွက်  လုံခြုံစိတ်ချမှု မရှိသော တိုင်းပြည်ဟူ၍ ထင်မှတ်ပြောဆိုခြင်း ခံခဲ့ရသည်မှာ  မကြာသေးမီက နယူးဒေလီတွင် အသက် ၂၃နှစ်အရွယ်ရှိ ဆေးတက္ကသိုလ် ကျောင်းသူနှင့် ယောက်ျားလေး သူငယ်ချင်း အဖော်နှစ်ဦးတို့ ဘတ်စကား စီးသွားရာ၌ ကားပေါ်တွင်ပါလာသော လူငယ်တစ်စုတို့က ဘတ်စကားပေါ်မှာပင်  အုပ်စုဖြင့် မုဒိမ်းကျင့်ပြီး ယောက်ျားလေး နှစ်ယောက်စလုံးကို သံတုတ်များနှင့် ရိုက်နှက်၍ မိန်းကလေးကို အဝတ်အစား ကင်းမဲ့ လျက် ကားပေါ်မှ ကန်ချထားခဲ့သော အမှုသည် ကမ္ဘာကျော် သွားသကဲ့သို့ ကမ္ဘာ့ အမျိုးသမီး ထုမှာ  ကြားရချက် မသက် သာသဖြင့် မိန်းမချင်း ကိုယ်ချင်းစာ၍   စိတ်မကောင်းဖြစ်မိ ကြရသည်။ အိန္ဒိယကိုလည်း   အမျိုးသမီး များအတွက် စိတ်မချရသော တိုင်းပြည် အဖြစ် ထင်မှတ်သွားစေခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန်ခြင်းနှင့် အုပ်ချုပ်ကွပ်ကဲမှု တာဝန်ရှိခြင်း အခြေခံမူများနှင့်ပတ်သက်၍  JVC က ၁၉၅၈ ခုနှစ် လက်နက်ကိုင် တပ်ဖွဲ့များ အက်ဥပဒေပုဒ်မ(၆) ကို အစားထိုး ပြင်ဆင်ရန် ထောက်ခံ တင်ပြသည်။ ယင်းပြဋ္ဌာန်း ချက်တွင်  လက်နက်ကိုင် တပ်ဖွဲ့ဝင်များက မုဒိမ်းမှုနှင့် လိင်စော်ကားမှု ကျူးလွန်လျှင် တရားစွဲဆိုခြင်း မပြုမီ   ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟူ၍ ဖော်ပြထားရာ ယင်းကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန် လျှင်လည်း သာမန် ရိုးရိုးတရားရုံး များတွင်သာ တရားစွဲ ဆိုရမည်ဟု ပြင်ဆင်လိုသည်။ အကယ်၍ မုဒိမ်းမှုကို အချုပ်ခန်းတွင် ကျူးလွန်သည် ဆိုလျှင် အထက်အရာရှိကိုပါ တာဝန်ရှိသူ အနေဖြင့် မုဒိမ်းမှု ကျူးလွန်သူ နှင့်အတူ အရေးယူ ရမည်ဟု ပြင်ဆင်လိုသည်။

ပြီးခဲ့သည့်ရက်များက  မွန်ဘိုင်းမြို့တွင် လိင်စော်ကားမှု သတင်းကြားရပြီးနောက် တွစ်တာမှ နေ၍ မွန်ဘိုင်း မြို့သူများ  မိမိကိုယ်ကို ဂရုစိုက်ရန်၊  လုံခြုံ ဘေးကင်းအောင် နေရန်ဟူ၍ တောင်းဆို သတိပေးချက်နှင့် ပတ်သက်၍ ဒါအဓိပ္ပာယ် မရှိ တာပဲ။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ကြပါ၊  ဂရုစိုက်ကြပါလို့ ပြောနေမည့် အစား  ယောက်ျားလေး တွေက အမျိုးသမီးများ အတွက် မွန်ဘိုင်းမြို့ကို ပိုပြီး လုံခြုံမှုရှိအောင် တစ်ခုခုတော့ ပီပီပြင်ပြင် လုပ်ပေးကြပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေကို စောင့်ရှောက်ဖို့ အချိန်ကျ ရောက်လာပါပြီ ဟူ၍သာ နှိုးဆော် တိုက်တွန်း ကြရန် လိုပါသည်။

မိန်းကလေးများကို လိင်စော်ကားမှုသည် လူမှုရေး ပြစ်မှုဖြစ်သည်။ ဤအပြစ်များမှ လွတ်ကင်းအောင် မည်သို့လုပ်ရမည် နည်း။ မီဒီယာများကရော အခြေအနေကို ကောင်းအောင် မည်သို့လုပ်ဆောင် မည်နည်း။ အသက်အရွယ် မရောက်သေး သူများ လိင်စော်ကားမှု ဖြစ်လျှင်လည်း လူကြီးများကဲ့သို့ စဉ်းစားမည်လော။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို လုံခြုံမှုရှိ အောင် မည်သို့လုပ်ဆောင်ရမည်နည်း။ စသည်ဖြင့် အချေအတင် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်ဟုသိရ၏။

တချို့ကလည်း အစိုးရပိုင်းရော  အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုပါ အမျိုးသမီးများ အတွက်   အိန္ဒိယကို လုံခြုံ အောင်နှင့် ဘေးကင်းမှု ရှိအောင်လုပ်ရမည် သာဖြစ်ကြောင်း မွန်ဘိုင်းအမှုကို ကြည့်လျှင် အိန္ဒိယ နိုင်ငံ၏ အရေးကြီးဆုံး စီးပွားရေး မြို့တော်ကြီး ဖြစ်၍ လုံခြုံရေး ရဲတပ်ဖွဲ့အင်အား ၄၅ဝဝဝရှိသည့်အနက် ၃ဝဝဝလောက်မှာ  ပြန်လည်ဖြည့်တင်း ခန့်အပ်ခြင်း မရှိသေးသဖြင့် နေရာလစ်လပ် လျက်ရှိနေသည်။

မွန်ဘိုင်းတွင် ယခုနှစ် ပထမနှစ်လ အတွင်းက ရဲတပ် ဖွဲ့အင်အား ၂၇၇၄ဝမှာ အရေးကြီး ပုဂ္ဂိုလ်များ အတွက် တာဝန်ချ ထားပေးခြင်းနှင့် နိုင်ငံရေး သမားများ၏ လုံခြုံရေးကို လုပ်ဆောင် ပေးနေရခြင်း စသည်တို့ကြောင့် လမ်းများ၊ ရပ်ကွက် များတွင် လုံခြုံရေးအင်အား နည်းသွားခဲ့သည်ဟု ဆို၏။  မွန်ဘိုင်းမြို့ကြီးတွင် လူဦးရေ သန်း ၂ဝ ခန့်ရှိရာ ရဲအင်အားက နှစ်သောင်း ခန့်သာ ရှိနေသည်။ တကယ်တော့ လုံခြုံရေးအတွက် လူတစ်သိန်းရှိလျှင် ရဲအင်အား တစ်ရာ အနည်းဆုံးရှိ သင့်သည်။ ပိုမို၍ လုံခြုံမှု လုပ်ပေးနိုင်စေရန် ဆိုလျှင်  ရဲအင်အား ၁၆၅ယောက် ရှိသင့်သည်ဟု သိရသည်။

ကုလသမဂ္ဂ၏ ထောက်ပြချက်အရ ဆိုပါက လူတစ်သိန်းရှိလျှင် ရဲတပ်ဖွဲ့အင်အား ၂ဝဝမှ ၂၅ဝအထိရှိမှသာ လုံခြုံရေးကို ကောင်းစွာ ဆောင်ရွက် နိုင်မည်ဟုဆို၏။

ဒါဆိုတရားရုံးတွေ ကရော ဘယ်လိုအခြေအနေ ရှိနေသလဲဟု ပြန်ကြည့်လျှင် အိန္ဒိယ တရားရုံးများသည် အမှုပေါင်းသန်း နှင့်ချီ၍ မစစ်ဖြစ်သေးဘဲ  အမှုလက်ကျန်များအဖြစ် ဆိုင်းငြံ့ဖစ်နေသည်ကို တွေ့ရသည်။ အမျိုးသမီးများအပေါ် ကျူးလွန်

သော အမှုပေါင်း ၄၉၁၇ဝသည် မဟာရာရှတ ပြည်နယ် တစ်ခုလုံးတွင် မစစ်ဆေးရဘဲ အမှု လက်ကျန် ဆိုင်းငံ့ဖြစ် နေကြောင်း တွေ့ရသည်။  ဤအမှုအရေအတွက်သည် ၂ဝဝ၈ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်များ အကြားတွင် ၄ဝရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။ 

မုဒိမ်းမှုပေါင်း ၁၄၄၁၄ မှုတွင်လည်း ၁၃၃၈၈ မှုမှာ မစစ်ဆေးရဘဲ အမှုလက်ကျန် အဖြစ် ဆိုင်းငံ့ နေသေးကြောင်း တွေ့ရသည်ဆို၏။ အစိုးရအနေဖြင့် နှစ်စဉ်တိုးလာသော လူဦးရေ နှင့်အညီ  အလုပ်အကိုင်များ အလုံအလောက် ရရှိရေး ကို ကြိုးပမ်း၍ အလုပ်အကိုင် အသစ်များကို ဖန်တီးပေးနိုင်ခဲ့ သော်လည်း နိုင်ငံအနေဖြင့်  အလုပ်လက်မဲ့များ ရှိနေကာ ဝန်ဆောင်မှု လုပ်ငန်းများ ပင်လယ်ကြောတွင်  တစ်ပြိုင်နက်တည်း မျောပြီး ရေနစ်နေသူပမာ ဖြစ်နေရသည် ဟုဆို၏။

ဤပြုပြင်ပြောင်းလဲမှုများသည် အလွန်ရှုပ်ထွေးသောကြောင့် ဤသို့မဖြေရှင်း နိုင်ဘဲဖြစ်နေရ ပါသလားဟု ပြောစရာရှိ သည်။ မွန်ဘိုင်း ရဲတပ်ဖွဲ့အတွက် နှစ်စဉ် ဘတ်ဂျက်မှ ရူပီးငွေ  ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၉၁ သန်း)ခန့် ခွင့်ပြု ချက်ချထား ပေးလျက်ရှိသည်။ ဤဘတ်ဂျက်၏ ၈၅ ရာခိုင်နှုန်းမှာ ရဲတပ်ဖွဲ့ဝင် များ၏ လစာငွေများအတွက် ဖြစ်သည်။

အမျိုးသမီးများ၏ ဘေးကင်း လုံခြုံမှုရှိရေးအတွက် ရဲတပ်ဖွဲ့ကို ပြုပြင်မည်၊ တရားရုံး များတွင် တရားသူကြီး အသစ်များ ခန့်ထားမည်၊ တရားရုံး အသစ်များ ထပ်ဖွင့်မည်၊ စသည်တို့ကို လုပ်ပြန်လျှင်လည်း နိုင်ငံရေးအပိုင်းက ရှိနေသေး၍ အစိုးရသည် လုပ်ဆောင်ရန် အခက်အခဲ ရှိနေသည်။ အိန္ဒိယ၏ ပြဿနာများကို ဆွေးနွေး အဖြေရှာရာ၌ အားလုံးက ဖြစ်ရိုး ဖြစ်စဉ်တွေပါဟု ပြောရပါမည်။  မုဒိမ်းမှုများ အမေရိကန် နိုင်ငံတွင်ဖြစ်သလို လာဘ်စားမှုများလည်း တရုတ် ပြည်တွင် ရှိနေသည်။  

အာဟာရ ချိုတဲ့မှုများလည်း အင်ဒိုနီးရှားတွင် ရှိနေသည်သာဖြစ်၏။ ရဲတပ်ဖွဲ့ကို ပြန်လည်ပြုပြောင်းလဲရန် ရှုပ်ထွေး၍ ပညာရေးကို ပြုပြင်ပြောင်းလဲရန်လည်း ရှုပ်ထွေးမည်ဖြစ်သည်။ အခွန်ကောက်ခံရေး ကလည်း ရှုပ်ထွေးမည်။  စသည်ဖြင့် လုပ်၍ မရနိုင်ဘဲဖြစ်နေသည်။

ရဲတပ်ဖွဲ့နှင့် တရားရုံးတွေကို ယခုချက်ချင်း အကြီးအကျယ် ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးဟု ဆိုပါလျှင် မွန်ဘိုင်း၊  နယူးဒေလီနှင့်  အခြားဒေသဆိုင်ရာ အုပ်ချုပ်မှုအပိုင်းက  ပုဂ္ဂိုလ်များ အနေဖြင့် တရားဥပေဒ စိုးမိုးရေးကို တိုးတက် ကောင်းမွန် လာစေရန် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သော အဆင့်များ ရှိနိုင်သည်။ လူမှုဝန်ထမ်းများ၊ လုပ်အားပေးများဖြင့် ဆောင်ရွက်ခြင်း၊ လူမှုရေး အသိစိတ်ဓာတ်ဖြင့် စည်းရုံးလှုံ့ဆော် ဆောင်ရွက်ခြင်းနှင့် အနီးအနား ဆင်ခြေဖုံး နေရာများကို လျစ်လျှူရှု မထားဘဲ စောင့်ကြည့် စနစ်များဖြင့် လုပ်ဆောင်မည် ဆိုလျှင် အတိုင်းအတာ တစ်ရပ် အထိ တိုးတက် ကောင်းမွန် လာနိုင်ပါသည်။   

 မြ၀တီ သို့သော်လည်း မကြာသေးမီကထိုအမှုများကြောင့်ထိုကိစ္စအပေါ် သတိပြုအာရုံစိုက်မိ လာခဲ့ကြခြင်း ဖြစ်ပေသည်။ အိန္ဒိယ အမျိုးသမီးများသည် ခေတ်မီစွာ ဝတ်စား ဆင်ယင်ကြသော်လည်း ယဉ်ယဉ်ကျေးကျေး ဝတ်စားဆင်ယင် နေထိုင်သွားလာကြပြီး မိမိတို့၏ လုံခြုံဘေးကင်းမှုအတွက် ကိုယ်ခံပညာရပ် များကိုလည်း သင်ကြားလေ့ကျင့် ထားသင့် သည်ဟု ထင်မြင်မိသည်။ ယခုဆိုလျှင် အမျိုးသမီး တချို့သည် ကိုယ်ခံပညာ ရပ်တစ်ခုခုကို သင်ယူ လေ့ကျင့် နေကြပြီ ဟု ကြားသိရသည်။ အလွန်ပင် လုပ်သင့်သော ကိစ္စဖြစ်သည်ဟု ထင်သည်။

မီဒီယာများကလည်း အဆိုပါ သတင်း များကို ဖော်ပြပေးပြီး ထိုပြစ်မှု ကျူးလွန်သည့်လူကို ဖမ်းမိသည့် နေရာတွင်ပင် လူထုက ကိုယ်ထိလက်ရောက် တစ်ယောက် တစ်ချက် ဆိုသလို ဝိုင်းဝန်း၍ ဆုံးမကြပုံများကို မီးမောင်းထိုး ပြလိုက်လျှင် အတင့်ရဲစွာ အမှုကျူးလွန်နေသူ တစ်စုအဖို့ ကိုယ်ရှိန်သတ် သွားစရာရှိပါသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရားလားပြည်နယ်ဆိုလျှင် နယူးဒေလီမြို့တော်မှာကဲ့သို့ မိန်းကလေးတစ်ဦးတည်းသွားလျှင် အန္တရာယ်ရှိနိုင်၍ လုံခြုံစိတ်ချမှုမရှိသည့် ဒေသမျိုးမဟုတ်ပါ။ အမျိုးသမီးများကို အလွန်လေးစားစရာ အဖြစ် တွေ့ရသည့်အတွက် မိန်းမသားများ အဖို့ လုံခြုံစိတ်ချရသည်ဟု သိရပါသည်။
တခြားနိုင်ငံများနှင့် ယှဉ်လျှင် အိန္ဒိယသည် အမျိုးသမီးများကို လေးစားသော တိုင်းပြည်ဖြစ်သည်။ အိန္ဒိယတွင် မိန်းက လေးများကို ဘုရားတစ်ဆူ၊ ဂူတစ်လုံးသဖွယ် သဘောထားသည့် ရွာတစ်ရွာရှိသည်။ ရွာ၏အမည်မှ ပန်ချာလီပရာ ဖြစ်၏။ ထိုရွာ၌ မိန်းမတစ်ယောက်သည် ယောက်ျားအများကြီး ယူခွင့်ရှိပြီင်္း၊ ယောက်ျားများကတော့ မိန်းမတစ်ယောက် သာ ယူခွင့်ရှိသည့်နေရာ ဖြစ်လေ၏။ သတို့သမီးဘက်မှ မိဘများကို Dowry ခေါ်သည့် မင်္ဂလာကြေး အမြောက် အမြား ပေးရလေ့ ရှိသည်။
ရှေးခေတ်ကတည်းက အိန္ဒိယ တိုင်းရင်းသားများ ဒေသတွင် အမျိုးသမီးများက အဓိက ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသည်။ သူတို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိပြီး လက်မထပ်ဘဲ ယောက်ျား တစ်ယောက်ကို ယူပိုင်ခွင့် ရှိသည်။ ထို့အတူ ကွာရှင်း ပိုင်ခွင့်လည်းရှိသည်။ ဟာရာယားနား ဘက်က ရွာများ၌လည်း မိန်းမများပင် လွှမ်းမိုးသည်။ ဤအချက်က အိန္ဒိယသည် မိန်းမများကို လေးစား တန်ဖိုးထားသည် ဆိုသည်ကို ထောက်ပြလိုက်ခြင်းဖြစ်သည်။အိန္ဒိယသည် မိန်းမသားများ အတွက် လုံခြုံစိတ်ချမှု မရှိသော တိုင်းပြည်ဟူ၍ ထင်မှတ်ပြောဆိုခြင်း ခံခဲ့ရသည်မှာ မကြာသေးမီက နယူးဒေလီတွင် အသက် ၂၃နှစ်အရွယ်ရှိ ဆေးတက္ကသိုလ် ကျောင်းသူနှင့် ယောက်ျားလေး သူငယ်ချင်း အဖော်နှစ်ဦးတို့ ဘတ်စကား စီးသွားရာ၌ ကားပေါ်တွင်ပါလာသော လူငယ်တစ်စုတို့က ဘတ်စကားပေါ်မှာပင် အုပ်စုဖြင့် မုဒိမ်းကျင့်ပြီး ယောက်ျားလေး နှစ်ယောက်စလုံးကို သံတုတ်များနှင့် ရိုက်နှက်၍ မိန်းကလေးကို အဝတ်အစား ကင်းမဲ့ လျက် ကားပေါ်မှ ကန်ချထားခဲ့သော အမှုသည် ကမ္ဘာကျော် သွားသကဲ့သို့ ကမ္ဘာ့ အမျိုးသမီး ထုမှာ ကြားရချက် မသက် သာသဖြင့် မိန်းမချင်း ကိုယ်ချင်းစာ၍ စိတ်မကောင်းဖြစ်မိ ကြရသည်။ အိန္ဒိယကိုလည်း အမျိုးသမီး များအတွက် စိတ်မချရသော တိုင်းပြည် အဖြစ် ထင်မှတ်သွားစေခဲ့သည်။လုံခြုံရေးအဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန်ခြင်းနှင့် အုပ်ချုပ်ကွပ်ကဲမှု တာဝန်ရှိခြင်း အခြေခံမူများနှင့်ပတ်သက်၍ JVC က ၁၉၅၈ ခုနှစ် လက်နက်ကိုင် တပ်ဖွဲ့များ အက်ဥပဒေပုဒ်မ(၆) ကို အစားထိုး ပြင်ဆင်ရန် ထောက်ခံ တင်ပြသည်။ ယင်းပြဋ္ဌာန်း ချက်တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များက မုဒိမ်းမှုနှင့် လိင်စော်ကားမှု ကျူးလွန်လျှင် တရားစွဲဆိုခြင်း မပြုမီ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည် ဟူ၍ ဖော်ပြထားရာ ယင်းကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန် လျှင်လည်း သာမန် ရိုးရိုးတရားရုံး များတွင်သာ တရားစွဲ ဆိုရမည်ဟု ပြင်ဆင်လိုသည်။ အကယ်၍ မုဒိမ်းမှုကို အချုပ်ခန်းတွင် ကျူးလွန်သည် ဆိုလျှင် အထက်အရာရှိကိုပါ တာဝန်ရှိသူ အနေဖြင့် မုဒိမ်းမှု ကျူးလွန်သူ နှင့်အတူ အရေးယူ ရမည်ဟု ပြင်ဆင်လိုသည်။
ပြီးခဲ့သည့်ရက်များက မွန်ဘိုင်းမြို့တွင် လိင်စော်ကားမှု သတင်းကြားရပြီးနောက် တွစ်တာမှ နေ၍ မွန်ဘိုင်း မြို့သူများ မိမိကိုယ်ကို ဂရုစိုက်ရန်၊ လုံခြုံ ဘေးကင်းအောင် နေရန်ဟူ၍ တောင်းဆို သတိပေးချက်နှင့် ပတ်သက်၍ ဒါအဓိပ္ပာယ် မရှိ တာပဲ။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ကြပါ၊ ဂရုစိုက်ကြပါလို့ ပြောနေမည့် အစား ယောက်ျားလေး တွေက အမျိုးသမီးများ အတွက် မွန်ဘိုင်းမြို့ကို ပိုပြီး လုံခြုံမှုရှိအောင် တစ်ခုခုတော့ ပီပီပြင်ပြင် လုပ်ပေးကြပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေကို စောင့်ရှောက်ဖို့ အချိန်ကျ ရောက်လာပါပြီ ဟူ၍သာ နှိုးဆော် တိုက်တွန်း ကြရန် လိုပါသည်။
မိန်းကလေးများကို လိင်စော်ကားမှုသည် လူမှုရေး ပြစ်မှုဖြစ်သည်။ ဤအပြစ်များမှ လွတ်ကင်းအောင် မည်သို့လုပ်ရမည် နည်း။ မီဒီယာများကရော အခြေအနေကို ကောင်းအောင် မည်သို့လုပ်ဆောင် မည်နည်း။ အသက်အရွယ် မရောက်သေး သူများ လိင်စော်ကားမှု ဖြစ်လျှင်လည်း လူကြီးများကဲ့သို့ စဉ်းစားမည်လော။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို လုံခြုံမှုရှိ အောင် မည်သို့လုပ်ဆောင်ရမည်နည်း။ စသည်ဖြင့် အချေအတင် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်ဟုသိရ၏။
တချို့ကလည်း အစိုးရပိုင်းရော အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုပါ အမျိုးသမီးများ အတွက် အိန္ဒိယကို လုံခြုံ အောင်နှင့် ဘေးကင်းမှု ရှိအောင်လုပ်ရမည် သာဖြစ်ကြောင်း မွန်ဘိုင်းအမှုကို ကြည့်လျှင် အိန္ဒိယ နိုင်ငံ၏ အရေးကြီးဆုံး စီးပွားရေး မြို့တော်ကြီး ဖြစ်၍ လုံခြုံရေး ရဲတပ်ဖွဲ့အင်အား ၄၅ဝဝဝရှိသည့်အနက် ၃ဝဝဝလောက်မှာ ပြန်လည်ဖြည့်တင်း ခန့်အပ်ခြင်း မရှိသေးသဖြင့် နေရာလစ်လပ် လျက်ရှိနေသည်။
မွန်ဘိုင်းတွင် ယခုနှစ် ပထမနှစ်လ အတွင်းက ရဲတပ် ဖွဲ့အင်အား ၂၇၇၄ဝမှာ အရေးကြီး ပုဂ္ဂိုလ်များ အတွက် တာဝန်ချ ထားပေးခြင်းနှင့် နိုင်ငံရေး သမားများ၏ လုံခြုံရေးကို လုပ်ဆောင် ပေးနေရခြင်း စသည်တို့ကြောင့် လမ်းများ၊ ရပ်ကွက် များတွင် လုံခြုံရေးအင်အား နည်းသွားခဲ့သည်ဟု ဆို၏။ မွန်ဘိုင်းမြို့ကြီးတွင် လူဦးရေ သန်း ၂ဝ ခန့်ရှိရာ ရဲအင်အားက နှစ်သောင်း ခန့်သာ ရှိနေသည်။ တကယ်တော့ လုံခြုံရေးအတွက် လူတစ်သိန်းရှိလျှင် ရဲအင်အား တစ်ရာ အနည်းဆုံးရှိ သင့်သည်။ ပိုမို၍ လုံခြုံမှု လုပ်ပေးနိုင်စေရန် ဆိုလျှင် ရဲအင်အား ၁၆၅ယောက် ရှိသင့်သည်ဟု သိရသည်။
ကုလသမဂ္ဂ၏ ထောက်ပြချက်အရ ဆိုပါက လူတစ်သိန်းရှိလျှင် ရဲတပ်ဖွဲ့အင်အား ၂ဝဝမှ ၂၅ဝအထိရှိမှသာ လုံခြုံရေးကို ကောင်းစွာ ဆောင်ရွက် နိုင်မည်ဟုဆို၏။
ဒါဆိုတရားရုံးတွေ ကရော ဘယ်လိုအခြေအနေ ရှိနေသလဲဟု ပြန်ကြည့်လျှင် အိန္ဒိယ တရားရုံးများသည် အမှုပေါင်းသန်း နှင့်ချီ၍ မစစ်ဖြစ်သေးဘဲ အမှုလက်ကျန်များအဖြစ် ဆိုင်းငြံ့ဖစ်နေသည်ကို တွေ့ရသည်။ အမျိုးသမီးများအပေါ် ကျူးလွန်သော အမှုပေါင်း ၄၉၁၇ဝသည် မဟာရာရှတ ပြည်နယ် တစ်ခုလုံးတွင် မစစ်ဆေးရဘဲ အမှု လက်ကျန် ဆိုင်းငံ့ဖြစ် နေကြောင်း တွေ့ရသည်။ ဤအမှုအရေအတွက်သည် ၂ဝဝ၈ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်များ အကြားတွင် ၄ဝရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။
မုဒိမ်းမှုပေါင်း ၁၄၄၁၄ မှုတွင်လည်း ၁၃၃၈၈ မှုမှာ မစစ်ဆေးရဘဲ အမှုလက်ကျန် အဖြစ် ဆိုင်းငံ့ နေသေးကြောင်း တွေ့ရသည်ဆို၏။ အစိုးရအနေဖြင့် နှစ်စဉ်တိုးလာသော လူဦးရေ နှင့်အညီ အလုပ်အကိုင်များ အလုံအလောက် ရရှိရေး ကို ကြိုးပမ်း၍ အလုပ်အကိုင် အသစ်များကို ဖန်တီးပေးနိုင်ခဲ့ သော်လည်း နိုင်ငံအနေဖြင့် အလုပ်လက်မဲ့များ ရှိနေကာ ဝန်ဆောင်မှု လုပ်ငန်းများ ပင်လယ်ကြောတွင် တစ်ပြိုင်နက်တည်း မျောပြီး ရေနစ်နေသူပမာ ဖြစ်နေရသည် ဟုဆို၏။
ဤပြုပြင်ပြောင်းလဲမှုများသည် အလွန်ရှုပ်ထွေးသောကြောင့် ဤသို့မဖြေရှင်း နိုင်ဘဲဖြစ်နေရ ပါသလားဟု ပြောစရာရှိ သည်။ မွန်ဘိုင်း ရဲတပ်ဖွဲ့အတွက် နှစ်စဉ် ဘတ်ဂျက်မှ ရူပီးငွေ ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၉၁ သန်း)ခန့် ခွင့်ပြု ချက်ချထား ပေးလျက်ရှိသည်။ ဤဘတ်ဂျက်၏ ၈၅ ရာခိုင်နှုန်းမှာ ရဲတပ်ဖွဲ့ဝင် များ၏ လစာငွေများအတွက် ဖြစ်သည်။
အမျိုးသမီးများ၏ ဘေးကင်း လုံခြုံမှုရှိရေးအတွက် ရဲတပ်ဖွဲ့ကို ပြုပြင်မည်၊ တရားရုံး များတွင် တရားသူကြီး အသစ်များ ခန့်ထားမည်၊ တရားရုံး အသစ်များ ထပ်ဖွင့်မည်၊ စသည်တို့ကို လုပ်ပြန်လျှင်လည်း နိုင်ငံရေး အပိုင်းက ရှိနေသေး၍ အစိုးရသည် လုပ်ဆောင်ရန် အခက်အခဲ ရှိနေသည်။ အိန္ဒိယ၏ ပြဿနာများ ကို ဆွေးနွေး အဖြေရှာရာ၌ အားလုံးက ဖြစ်ရိုး ဖြစ်စဉ်တွေပါဟု ပြောရပါမည်။ မုဒိမ်းမှုများ အမေရိကန် နိုင်ငံတွင်ဖြစ်သလို လာဘ်စားမှုများလည်း တရုတ် ပြည်တွင် ရှိနေသည်။
အာဟာရ ချိုတဲ့မှုများလည်း အင်ဒိုနီးရှားတွင် ရှိနေသည်သာဖြစ်၏။ ရဲတပ်ဖွဲ့ကို ပြန်လည်ပြုပြောင်းလဲရန် ရှုပ်ထွေး၍ ပညာရေးကို ပြုပြင်ပြောင်းလဲရန်လည်း ရှုပ်ထွေးမည်ဖြစ်သည်။ အခွန်ကောက်ခံရေး ကလည်း ရှုပ်ထွေးမည်။ စသည်ဖြင့် လုပ်၍ မရနိုင်ဘဲဖြစ်နေသည်။
ရဲတပ်ဖွဲ့နှင့် တရားရုံးတွေကို ယခုချက်ချင်း အကြီးအကျယ် ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးဟု ဆိုပါလျှင် မွန်ဘိုင်း၊ နယူးဒေလီနှင့် အခြားဒေသဆိုင်ရာ အုပ်ချုပ်မှုအပိုင်းက ပုဂ္ဂိုလ်များ အနေဖြင့် တရားဥပေဒ စိုးမိုးရေးကို တိုးတက် ကောင်းမွန် လာစေရန် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သော အဆင့်များ ရှိနိုင်သည်။ လူမှုဝန်ထမ်းများ၊ လုပ်အားပေးများဖြင့် ဆောင်ရွက်ခြင်း၊ လူမှုရေး အသိစိတ်ဓာတ်ဖြင့် စည်းရုံးလှုံ့ဆော် ဆောင်ရွက်ခြင်းနှင့် အနီးအနား ဆင်ခြေဖုံး နေရာများကို လျစ်လျှူရှု မထားဘဲ စောင့်ကြည့် စနစ်များဖြင့် လုပ်ဆောင်မည် ဆိုလျှင် အတိုင်းအတာ တစ်ရပ် အထိ တိုးတက် ကောင်းမွန် လာနိုင်ပါသည်။

မြ၀တီ

No comments:

Post a Comment

My Blog List