Monday, September 09, 2013

"ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့တိုင်းရင်းသား UNFC အဖွဲ့တို့ ဆွေးနွေး"

Sunday, September 8, 2013
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့အဖွဲ့နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ကောင်စီ UNFC အဖွဲ့က ဦးနိုင်ဟံသာ ခေါင်းဆောင် တဲ့အဖွဲ့တို့ဟာ ဒီကနေ့ မနက် ၉ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn Hotel မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာ မူဘောင်ကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံရေးဆွေးနွေး ပွဲ ဖြစ်မြောက်ရေး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အကြိုညှိနှိုင်း တွေ့ဆုံ ဆွေးနွေးပွဲမှာ အစိုးရဖက် က ရေးဆွဲထားတဲ့ လမ်းပြမြေပုံ ၈ ချက်နဲ့ UNFCဖက်က ရေးဆွဲထားတဲ့လမ်းပြမြေပုံ၆ချက်တို့အပါအ၀င် အချက်၃ချက်ကိုအဓိကထား ဆွေးနွေးခဲ့တယ်လို့UNFCက အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အခုလို ပြော ပါတယ်။
"Road Map ကိစ္စ ဆွေးနွေးတယ်၊ ဖရိန်းဝပ်ကိစ္စဆွေးနွေးတယ်၊ နောက်ပြီးတော့မှ သူတို့ဖက်က တင်ပြလာ တဲ့အဓိကတစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကိစ္စတွေကို ဆွေးနွေးကြတယ်၊ တကယ့်သဘောတူ ဆုံးဖြတ် ချက်ချတဲ့အဆင့်မျိုးတော့ တခုမှမရဘူး၊ တချို့ဟာကိုလည်း ပြင်ဆင်ရမယ် တချို့ဟာကိုလည်း ဆက်ရ မယ် နေရှင်းဝပ် စေ့ဖါးရား နဲ့ပတ်သက်ပြီးတော့ သူတို့ဖက်ကပြောတယ် ဒါကတော့ သူတို့ ဖြစ်စေချင် တယ်၊ ကျနော်တို့ဖက်ကတော့ အဲ့ဒါကို အဖြေမပေးသေးဘူး၊ အပစ်ရပ်တယ်ဆိုတာကတော့ ဒီအတိုင်း ရပ်နေဖို့ မဟုတ်ဘူး၊ နိုင်ငံရေးအရ ဆွေးနွေးဖို့ဖြစ်တယ်၊ အဲ့တော့ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေး အရ ဆွေးနွေးဖို့အခြေအနေတွေ နားလည်မှုတွေလည်း ရှိဖို့လည်း လိုတယ်၊ ဒါကိုလည်း နားလည်မှု အခိုင်အမာ ရှိပြီးတော့မှ လက်မှတ်ထိုးတာကတော့ ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ သဘောထားမျိုးပေါ့ဗျား၊ ကျနော်တို့က အဲ့လိုပေးလိုက်ပြီဖြစ်တယ်။"
ဒီမနက် ဆွေးနွေးပွဲအဖွင့်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က UNFC နဲ့ UPWC တို့ ပထမအကြိမ် တွေ့ဆုံခဲ့ချိန်က နောက် နှစ်လအတွင်း ထပ်မံတွေ့ဆုံကြဖို့ ညှိနှိုင်းသဘောတူခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၆ လကျော်ကြာပြီးမှ တွေ့ဆုံနိုင်တာဟာ တိုင်းရင်းသား ပြည်သူလူထုအနေနဲ့ ယုံကြည်မှု ကျဆင်းနိုင်တဲ့အတွက် နှစ်ဖက်စလုံးမှာတာဝန်ရှိသလို အမြန်ဆုံးကြိုးစားလုပ်ဆောင်သွားကြဖို့ နိုင်ဟံသာက အကြံပြု တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီးမှာတော့ ၀န်ကြီးဦးအောင်မင်းက ဒီကနေ့ ဆွေးနွေးပွဲမှာ အောင်မြင်တဲ့ ရလာဒ်ကောင်းတွေ ရရှိပြီးလာမည့် အောက်တိုဘာ တတိယပတ်ထဲမှာ တစ်ပြည်လုံးအပစ် အခတ်ရပ်စဲရေးကို လက်မှတ် ထိုးနိုင်တော့မှာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို အခုလို ပြောပါတယ်။
"အားလုံးပြီးသွားလို့ရှိရင် တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးပေါ့ နေရှင်းဝပ် အင်္ဂလိပ်လိုပြော ရင်တော့ နေရှင်းဝပ် စေ့ဖါးရား အကော့ဒ် လက်မှတ်ရေးထိုးပါမယ်၊ ထိုးတဲ့အခါမှာလည်း အချက် အလက်တွေဘာမှ အသစ်အဆန်းတွေမပါဘူး၊ အဲ့ဒီ အချက်အလက်တွေက ဘာတွေဖြစ်မလဲ ဆိုလို့ရှိ ရင် ပြည်နယ်အဆင့်မှာ လက်မှတ်ထိုးထားတဲ့ အချက် ၄ ချက်ပဲလေ၊ အဲ့ဒီ အချက်လေးချက် မှာ နောက်တစ်ချက်ထပ်ပြီးတော့ ပေါင်းပေးလိုက်မယ်၊ ဘာလဲဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက်လုပ်မယ် ဆိုတာလေးကို ပေါင်းပေးလိုက်မယ်၊ အဲ့ဒါလေးကို အောက်တိုဘာလမှ လကုန်လောက်မှာ လုပ်ဖို့ လုပ်ထားပါတယ်။ ပရောဆက်က တဆက်တည်းဖြစ်သောလည်း သဘော သဘာဝခြင်းက မတူကြဘူး၊ မတူတော့ ကြားထဲမှာ လိုင်းလေးတစ်လိုင်းတားချင်တာပေါ့၊ အဲ့လိုင်းက ဘာလဲဆိုရင် ခုနကပြောတဲ့ အားလုံး စေ့ဖါးရား အကော့ ဆိုတဲ့ဥစ္စာလေးလက်မှတ်ထိုးဖို့ဆိုပြီး လုပ်တာပါ၊ အဲ့တော့ဒီကိစ္စတွေလည်း ကိုယ်တို့ ဆွေးနွေးကြတယ်။"
ဒီဆွေးနွေးပွဲကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က နိုင်ဟံသာ ဦးဆောင်တဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ၁၂ ဦးနဲ့ လေ့လာသူ ၇ ဦး တက်ရောက် ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့မှာ ၀န်ကြီး ဦးအောင်မင်း အပါအ၀င်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီနဲ့ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း တို့ပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ဦးတက်ရောက်ခဲ့ကြပါတယ်။
UPWC အဖွဲ့ဟာ UNFC နဲ့ မတွေ့ဆုံခင် စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီကလည်း RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ယောက်နဲ့ အတူ KNU ကရင်အမျိုးသား အစည်းအရုံး က ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ အလွတ် သဘော တွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment

My Blog List