Tuesday, September 10, 2013

သူရဦးရွှေမန်းကို ကြိုဆိုမည့် လယ်သိမ်းခံ တောင်သူများ အစီအစဉ် ရဲတပ်ဖွဲ့ တားမြစ်

Tuesday, September 10, 2013
ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း၏ထားဝယ်ခရီးစဉ်ကို ကြိုဆိုမည့်လယ်သိမ်းခံတောင်သူများ ၏ အစီအစဉ်ကို ရဲတပ်ဖွဲ့က တားဆီးခဲ့သဖြင့် အထမမြောက်ခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။
ထားဝယ်မြို့တော်ခန်းမမှ ရေနက်ဆိပ်ကမ်းသို့ သွားရာလမ်းဖြစ်သော ကမြောကင်းလမ်း တစ်နေရာ တွင် တောင်သူများက စာတန်းကိုင်ကာ ကြိုဆိုရန် စောင့်ဆိုင်းနေစဉ် စက်တင်ဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂နာရီခန့်အချိန်သူရဦးရွှေမန်း၏ယာဉ်တန်းမဖြတ်သန်းမီမိနစ်ပိုင်းအလိုတွင်ဟန့်တားခံခဲ့ရခြင်း ဖြစ်ကြောင်း လယ်သမား များက ပြောကြားသည်။
 Photo: သူရဦးရွှေမန်းကို ကြိုဆိုမည့် လယ်သိမ်းခံ တောင်သူများ အစီအစဉ် ရဲတပ်ဖွဲ့ တားမြစ်
Tuesday, September 10, 2013

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ထားဝယ်ခရီးစဉ်ကို ကြိုဆိုမည့် လယ်သိမ်းခံ တောင်သူများ၏ အစီအစဉ်ကို ရဲတပ်ဖွဲ့က တားဆီးခဲ့သဖြင့် အထမမြောက်ခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။

ထားဝယ်မြို့တော်ခန်းမမှ ရေနက်ဆိပ်ကမ်းသို့ သွားရာလမ်းဖြစ်သော ကမြောကင်းလမ်း တစ်နေရာတွင် တောင်သူများက စာတန်းကိုင်ကာ ကြိုဆိုရန် စောင့်ဆိုင်းနေစဉ် စက်တင်ဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် သူရဦးရွှေမန်း၏ ယာဉ်တန်းမဖြတ်သန်းမီ မိနစ်ပိုင်း အလိုတွင် ဟန့်တားခံခဲ့ရခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောကြားသည်။

“ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအား ကြိုဆိုပါ၏” စာတန်းနှင့် ယင်းစာတန်း၏ အောက်တွင် “လယ်ယာမြေများ မတရားသိမ်းဆည်း ခံထားရသည့် ထားဝယ်မြို့မှ လယ်သမားများ” ဟူသည့် စာကြောင်းနှစ်ကြောင်း ပါရှိသည့် ဗီနိုင်းကို ကိုင်ဆောင်ပြီး ကြိုဆိုရန် ကြိုးစားခဲ့ကြောင်း၊ သူရဦးရွှေမန်း၏ ယာဉ်တန်း ရောက်လာချိန်တွင် ဗီနိုင်းကို ဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက လုယူခဲ့ကြောင်း ၎င်းတို့က ရှင်းပြသည်။

“သူရဦးရွှေမန်း ယာဉ်တန်းလာတော့ လမ်းမှာသွားနေတဲ့ ကားနှစ်စီးကို ကျွန်တော်တို့ရှေ့မှာ ပိတ်ရပ်ခိုင်းလိုက်တယ်” ဟု သူရဦးရွှေမန်းကို ကြိုဆိုရန် ကြိုးစားရာတွင် ပါဝင်သည့် ဦးထွန်းထွန်းဝင်း က ပြောကြားသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ငြိမ်ငြိမ်ထိုင်ပြီး ကြိုဆိုရန်နှင့် မည်သည့် စာရွက်စာတမ်းမှ ကိုင်ဆောင်ခြင်း မပြုရန် ပြောခဲ့ကြောင်း ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

မိမိတို့ ကြုံနေရသည့် လယ်ယာမြေ ပြဿနာများကို လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က လာရောက် စစ်ဆေးခဲ့ဖူးသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို အားကိုးတကြီးဖြင့် ကြိုဆိုရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်သမားများကွန်ရက်မှ တနင်္သာရီတိုင်း လယ်သမားကိုယ်စားလှယ် ဦးမောင်အေးက ပြောကြားသည်။

သူရဦးရွှေမန်းကို ကြိုဆိုရန် လယ်ယာမြေ သိမ်းဆည်းခံထားရသည့် လယ်သမား ၃၀ ကျော်က ကမြောကင်း လမ်းမပေါ်တွင် နံနက် ၉ နာရီကတည်းက လာရောက် စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း လယ်ယာမြေ အငြင်းပွားမှုကြောင့် ပြီးခဲ့သည့်လက ထောင်တစ်လ ပြစ်ဒဏ်ကျခံရသည့် ဦးစံလင်း၏သမီး ဒေါ်ရွှေဇင်ယုက ပြောကြားသည်။

အထက်ပါ စာတန်းပါ ဗီနိုင်းပြားကိုင်ပြီး ကြိုဆိုရန် ကြိုးပမ်းခဲ့သည့် လယ်သမားများကို လုံခြံရေး ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးခန့်က တားမြစ်ခဲ့ကြောင်း လယ်သမားများက ပြောကြားသည်။

သူရဦးရွှေမန်းသည် စက်တင်ဘာ ၉ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ရှိခဲ့ပြီး ၁၀ ရက်နေ့တွင် မြိတ်နှင့် ကော့သောင်းမြို့များကိုလည်း သွားရောက်မည် ဖြစ်သည်။

Dawei Watch
The Voice Weekly
“ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအား ကြိုဆိုပါ၏” စာတန်းနှင့် ယင်းစာတန်း၏ အောက် တွင် “လယ်ယာမြေများ မတရားသိမ်းဆည်း ခံထားရသည့် ထားဝယ်မြို့မှ လယ်သမားများ” ဟူသည့် စာကြောင်းနှစ်ကြောင်း ပါရှိသည့် ဗီနိုင်းကို ကိုင်ဆောင်ပြီး ကြိုဆိုရန် ကြိုးစားခဲ့ကြောင်း၊ သူရဦးရွှေမန်း၏ ယာဉ်တန်း ရောက်လာချိန်တွင် ဗီနိုင်းကို ဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက လုယူခဲ့ကြောင်း ၎င်းတို့က ရှင်းပြသည်။
“သူရဦးရွှေမန်း ယာဉ်တန်းလာတော့ လမ်းမှာသွားနေတဲ့ ကားနှစ်စီးကို ကျွန်တော်တို့ရှေ့မှာ ပိတ်ရပ်ခိုင်း လိုက်တယ်” ဟု သူရဦးရွှေမန်းကို ကြိုဆိုရန် ကြိုးစားရာတွင် ပါဝင်သည့် ဦးထွန်းထွန်းဝင်း က ပြောကြား သည်။လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦးကငြိမ်ငြိမ်ထိုင်ပြီးကြိုဆိုရန်နှင့်မည်သည့်စာရွက်စာတမ်းမှကိုင်ဆောင်ခြင်း မပြုရန် ပြောခဲ့ကြောင်း ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
မိမိတို့ ကြုံနေရသည့် လယ်ယာမြေ ပြဿနာများကို လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် စုံစမ်း စစ်ဆေးရေးအဖွဲ့ကလာရောက်စစ်ဆေးခဲ့ဖူးသော်လည်းထူးခြားမှုတစ်စုံတစ်ရာမရှိသည့်အတွက် ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်းကို အားကိုးတကြီးဖြင့် ကြိုဆိုရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင် ငံလယ်သမားများကွန်ရက်မှ တနင်္သာရီတိုင်း လယ်သမားကိုယ်စားလှယ် ဦးမောင်အေးက ပြောကြားသည်။
သူရဦးရွှေမန်းကိုကြိုဆိုရန် လယ်ယာမြေ သိမ်းဆည်းခံထားရသည့် လယ်သမား ၃၀ ကျော်က ကမြောကင်း လမ်းမပေါ်တွင် နံနက် ၉ နာရီကတည်းက လာရောက် စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း လယ်ယာမြေ အငြင်းပွားမှုကြောင့် ပြီးခဲ့သည့်လက ထောင်တစ်လ ပြစ်ဒဏ်ကျခံရသည့် ဦးစံလင်း၏သမီး ဒေါ်ရွှေဇင်ယု က ပြောကြားသည်။အထက်ပါ စာတန်းပါ ဗီနိုင်းပြားကိုင်ပြီး ကြိုဆိုရန် ကြိုးပမ်းခဲ့သည့် လယ်သမားများကို လုံခြံရေး ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးခန့်က တားမြစ်ခဲ့ကြောင်း လယ်သမားများက ပြောကြားသည်။ သူရဦးရွှေမန်း သည် စက်တင်ဘာ ၉ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ရှိခဲ့ပြီး ၁၀ ရက်နေ့တွင် မြိတ်နှင့် ကော့သောင်း မြို့များကိုလည်း သွားရောက်မည် ဖြစ်သည်။

Dawei Watch
The Voice Weekly

No comments:

Post a Comment

My Blog List