Thursday, September 12, 2013

အလုပ်ရှင်များ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် စက်ရုံအလုပ်ရုံ အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွား

Thursday, September 12, 2013
လုပ်ခလစာနည်းပါးခြင်း၊ မဆင်းမနေရအချိန်ပိုဆင်းရခြင်းများ အပါအ၀င်အလုပ်သမား အခွင့်အရေး များကို အလုပ်ရှင်များမှ အပြည်အ၀မပေးဘဲ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကြောင့် ရန်ကုန်တိုင်းဒေ သကြီး စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ လက်ရှိ တွင် လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံ၊ Hong Tex အထည်ချုပ်စက် ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချို့စက်ရုံတို့၌ ဆန္ဒဖော်ထုတ်မှု များ ဖြစ်ပွားလျက်ရှိပြီး Hong Tex အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများမှာ ပြေလည်မှု ရရှိပြီး ဖြစ်သည်ဟု သိရသည်။အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပေးရေး၊ အလုပ်သမားများ လစာတိုးမြှင့်ပေးရေး၊ အလုပ်သမားများ၏ ဆန္ဒမပါဘဲ အချိန်ပို မခေါ်ရေး၊ အချိန်ပိုကြေး တိုးမြှင့်ရရှိရေး၊ အလုပ်ချိန် တိကျစွာ သတ်မှတ်ပေးရေး၊ အစိုးရ ရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရေး စသည့်အချက်များ အပါအ၀င် ဥပဒေပါ အလုပ်သမား အခွင့်အရေးများကို တောင်းဆိုမှုများ ပြုလုပ်လျက်ရှိရာ အလုပ်ရှင်များက လိုက်လျောမှု မရှိသဖြင့် ထိုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
"ကျွန်မတို့ ဆန္ဒထုတ်ဖော်တာ သုံးရက်ရှိပါပြီ။ အလုပ်ရှင်နဲ့ ညှိနှိုင်းခွင့် ရပေမဲ့လည်း လိုက်လျောမပေးဘူး လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အလုပ်သမားရုံးကိုတော့ တိုင်ကြားထားပါတယ်။ ကျွန်မတို့ အလုပ်သ မားတွေတောင်းဆိုထားတဲ့အချက်တွေအပြည့်အ၀ရဖို့ကိုခုံသမာဓိကောင်စီအထိ အဆင့်ဆင့်တင်ပြ တောင်း ဆို သွားမှာပါ" ဟု ရန်ကုန်မြို့ ရွှေလင်ပန်းစက်မှုဇုန်ရှိ Force ဖိနပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် မခိုင်ဇင်မင်းက ပြောပါသည်။
ထို့အပြင် အလုပ်ရှင်များ အနေဖြင့် ယခင်ဇွန်လက ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင်များကို အကြောင်းအမျိုးမျိုးပြ၍ အလုပ်မှ ထုတ်ပယ်ခြင်းများနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ ပြုလုပ်မှုများ ရှိနေကြောင်းလည်း အလုပ်သမားအရေး ကိစ္စများ ဆောင်ရွက်နေသူများထံမှ သိရသည်။အလုပ်ထုတ်ပယ်ခြင်းခံရသော အလုပ်သမားများကို ပြန်လည်ခန့် အပ်ရန်အတွက် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးရုံးမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့သော်လည်း အလုပ်ရှင်များကလိုက်နာမှုမရှိခြင်းကြောင့် ခုံသမာ ဓိကောင်စီအထိတိုင်ကြားထားကြောင်းအလုပ်သမားအရေးဆောင်ရွက်သူရှေ့နေဦးဌေးကပြောကြားသည်။
စက်ရုံအလုပ်ရုံအများစုသည်အလုပ်သမားများ၏အခြေခံလုပ်အားခလစာကို အနိမ့်ဆုံးဖြစ်စေရန် သတ်မှတ် ထားခြင်း၊ မဆင်းမနေရ အချိန်ပို ဆင်းခိုင်းခြင်းများ၊ အချိန်ပိုလုပ်ခ နည်းစွာဖြင့် တစ်ရက်လျှင် ၁၃ နာရီခန့် ခိုင်းစေမှုများ ရှိကြောင်း၊ တစ်ရက်လျှင် ၁၂ နာရီခန့် မတ်တပ်ရပ် အနေအထားဖြင့် အလုပ်လုပ်ခိုင်းစေမှုများ ရှိနေခြင်း၊ နားနေချိန်နည်းပါးစွာခိုင်းစေမှုများရှိနေခြင်းများ အပါအ၀င်အလုပ်သမား ဥပဒေများအား လိုက်နာဆောင်ရွက်မှုများ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။
Photo: အလုပ်ရှင်များ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် စက်ရုံအလုပ်ရုံ အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွား
Thursday, September 12, 2013

လုပ်ခလစာ နည်းပါးခြင်း၊ မဆင်းမနေရ အချိန်ပိုဆင်းရခြင်းများ အပါအ၀င် အလုပ်သမား အခွင့်အရေးများကို အလုပ်ရှင်များမှ အပြည်အ၀ မပေးဘဲ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံ၊ Hong Tex အထည်ချုပ်စက်ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချို့စက်ရုံတို့၌ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားလျက်ရှိပြီး Hong Tex အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများမှာ ပြေလည်မှု ရရှိပြီး ဖြစ်သည်ဟု သိရသည်။

အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပေးရေး၊ အလုပ်သမားများ လစာတိုးမြှင့်ပေးရေး၊ အလုပ်သမားများ၏ ဆန္ဒမပါဘဲ အချိန်ပို မခေါ်ရေး၊ အချိန်ပိုကြေး တိုးမြှင့်ရရှိရေး၊ အလုပ်ချိန် တိကျစွာ သတ်မှတ်ပေးရေး၊ အစိုးရ ရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရေး စသည့်အချက်များ အပါအ၀င် ဥပဒေပါ အလုပ်သမား အခွင့်အရေးများကို တောင်းဆိုမှုများ ပြုလုပ်လျက်ရှိရာ အလုပ်ရှင်များက လိုက်လျောမှု မရှိသဖြင့် ထိုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"ကျွန်မတို့ ဆန္ဒထုတ်ဖော်တာ သုံးရက်ရှိပါပြီ။ အလုပ်ရှင်နဲ့ ညှိနှိုင်းခွင့် ရပေမဲ့လည်း လိုက်လျောမပေးဘူးလို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အလုပ်သမားရုံးကိုတော့ တိုင်ကြားထားပါတယ်။ ကျွန်မတို့ အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေ အပြည့်အ၀ရဖို့ကို ခုံသမာဓိကောင်စီအထိ အဆင့်ဆင့်တင်ပြ တောင်းဆိုသွားမှာပါ" ဟု ရန်ကုန်မြို့ ရွှေလင်ပန်းစက်မှုဇုန်ရှိ Force ဖိနပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် မခိုင်ဇင်မင်းက ပြောပါသည်။

ထို့အပြင် အလုပ်ရှင်များ အနေဖြင့် ယခင်ဇွန်လက ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင်များကို အကြောင်းအမျိုးမျိုးပြ၍ အလုပ်မှ ထုတ်ပယ်ခြင်းများနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ ပြုလုပ်မှုများ ရှိနေကြောင်းလည်း အလုပ်သမားအရေး ကိစ္စများ ဆောင်ရွက်နေသူများထံမှ သိရသည်။

အလုပ်ထုတ်ပယ်ခြင်းခံရသော အလုပ်သမားများကို ပြန်လည်ခန့် အပ်ရန်အတွက် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း အလုပ်ရှင်များက လိုက်နာမှု မရှိခြင်းကြောင့် ခုံသမာဓိကောင်စီအထိ တိုင်ကြားထားကြောင်း အလုပ်သမားအရေး ဆောင် ရွက်သူ ရှေ့နေဦးဌေးက ပြောကြားသည်။

စက်ရုံအလုပ်ရုံ အများစုသည် အလုပ်သမားများ၏ အခြေခံ လုပ်အားခလစာကို အနိမ့်ဆုံးဖြစ်စေရန် သတ်မှတ်ထားခြင်း၊ မဆင်းမနေရ အချိန်ပို ဆင်းခိုင်းခြင်းများ၊ အချိန်ပိုလုပ်ခ နည်းစွာဖြင့် တစ်ရက်လျှင် ၁၃ နာရီခန့် ခိုင်းစေမှုများ ရှိကြောင်း၊ တစ်ရက်လျှင် ၁၂ နာရီခန့် မတ်တပ်ရပ် အနေအထားဖြင့် အလုပ်လုပ်ခိုင်းစေမှုများ ရှိနေခြင်း၊ နားနေချိန် နည်းပါးစွာ ခိုင်းစေမှုများ ရှိနေခြင်းများ အပါအ၀င် အလုပ်သမား ဥပဒေများအား လိုက်နာဆောင်ရွက်မှုများ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။

(လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံရှေ့တွင် အလုပ်သမားများမှ ဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ်)
(လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံရှေ့တွင် အလုပ်သမားများမှ ဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ်)


No comments:

Post a Comment

My Blog List