Tuesday, September 10, 2013

တရုတ်ပြည်မှာ မြန်မာ့ဆန် တရားမ၀င်ဖြစ်နေ

Tuesday, September 10, 2013
မြန်မာ့ဆန်များ တရုတ်ပြည်ဈေးကွက်သို့ တင်ပို့နေကြသော်လည်း တရုတ်ပြည်ရောက်လျှင် တရားမ ၀င် ဖြစ်နေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်ဟု ဆိုသည်။ဦးစိုင်းမောင်လှိုင်က ပြောပြသည်မှာ “ကျွန်တော်တို့ မြန်မာပြည်ဘက်က တရုတ်ပြန်ဘက်ကို ပို့မယ်ဆိုရင် ပြည်တွင်းမှာ အခွန်ဆောင်ပြီးမှ ပို့ပါ တယ်။ ဒီဘက်ကတရားဝင်တင်ပို့တာပါ။ မြန်မာပြည်ဘက်က ပြည်ပပို့ဆန် ၈၅ရာခိုင်နှုန်းအား တရုတ်ပြည် ကိုတင်ပို့နေတာပါ။အဲဒီဆန်တွေဟာရွှေလီဈေးကွက်ကိုရောက်ရင်တော့တရားမ၀င် ဖြစ်သွားတယ်။ မှောင်ခို
ရောင်းတာဝယ်တာပဲ။ ပြီးတော့ ဈေးကွက်ထဲမှာ ဆန်ဝင်ရောက်မှုပေါ် မူတည်ပြီး ဈေးအတက်အကျ လည်း ဖြစ်တယ်။ ဆန်ဈေးက သူတို့ လက်ခုပ်ထဲက ရေပါပဲ”ဟု ပြောသည်။
“ဒါ့အပြင် ရွှေလီဈေးကွက်ထဲမှာ အမှတ်မထင် ဖမ်းတာဆီးတာတွေ ဖြစ်ခဲ့ရင် လည်း တစ်ဖက်ကုန်သည် နဲ့ ပေးရန်ရရန် အရင်းတွေ ကတိက၀တ်တွေ ပျက်ကြပြန်တယ်။ ဒီအခါမှာ မြန်မာဆန်ကုန်သည်တွေ ဘက်ကပဲနစ်နာရပါတယ်”ဟု ၄င်းကပြောသည်။ ဦးစိုင်းမောင်လှိုင်က ဆက်လက်ပြောပြသည်မှာ “မူဆယ် နယ်စပ် ကုန်သွယ်ရေးစခန်းဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ဂိတ်အားလုံးရဲ့ ၀င်ငွေ ၇၀ရာခိုင်နှုန်းကို ရှာဖွေပေးနေတာ ဖြစ်တယ်။ မိမိတို့နိုင်ငံက ရသင့်ရထိုက်တာကို ရချင်ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း ညှိုနှိုင်းပြီး တင်ပို့နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ က နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ပေးစေ လိုပါတယ်”ဟု တင်ပြခဲ့ကြောင်း သိရသည်။

Myanmar ICT

No comments:

Post a Comment

My Blog List