Wednesday, September 11, 2013

နေပြည်တော်တွင် ဟိုတယ် ၁၃ လုံး တည်ဆောက်လျက်ရှိပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလတွင် အခန်း ၄၂၀၀ ခန့် ပါဝင်မည့် ဟိုတယ် ၅၃ လုံး ဖွင့်လှစ်မည်

Wednesday, September 11, 2013
နေပြည်တော်တွင် ဟိုတယ် ၁၃ လုံး တည်ဆောက်လျက်ရှိပြီး အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်ပြိုင်ပွဲ) ကာလတွင် အခန်း ၄၂၀၀ ခန့် ပါဝင်မည့် ဟိုတယ် ၅၃ လုံး ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိအချိန်တွင် နေပြည်တော်ဟိုတယ်ဇုန်၌ ဆောက်လုပ်ပြီး ဟိုတယ် ၄၀ ရှိပြီး တည်ဆောက်ဆဲ ဟိုတယ် ၁၃ လုံးရှိကာ အဆိုပါ တည်ဆောက်ဆဲ ဟိုတယ်များကို ဆီးဂိမ်းပြိုင်ပွဲအမီ ဆောက်လုပ်မည်ြ ဖစ်ကြောင်း သိရသည်။
Photo: နေပြည်တော်တွင် ဟိုတယ် ၁၃ လုံး တည်ဆောက်လျက်ရှိပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလတွင် အခန်း ၄၂၀၀ ခန့် ပါဝင်မည့် ဟိုတယ် ၅၃ လုံး ဖွင့်လှစ်မည်
Wednesday, September 11, 2013

နေပြည်တော်တွင် ဟိုတယ် ၁၃ လုံး တည်ဆောက်လျက်ရှိပြီး အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်ပြိုင်ပွဲ) ကာလတွင် အခန်း ၄၂၀၀ ခန့် ပါဝင်မည့် ဟိုတယ် ၅၃ လုံး ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် နေပြည်တော် ဟိုတယ်ဇုန်၌ ဆောက်လုပ်ပြီး ဟိုတယ် ၄၀ ရှိပြီး တည်ဆောက်ဆဲဟိုတယ် ၁၃ လုံးရှိကာ အဆိုပါ တည်ဆောက်ဆဲ ဟိုတယ်များကို ဆီးဂိမ်းပြိုင်ပွဲအမီ ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့်ဒီဇင်ဘာ ၁၁ ရက်မှ စတင်၍ နှစ်ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များသည် ပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း အားကစားသမားများနှင့် လာရောက်သည့် ဧည့်သည်များကို မိမိတို့ဟိုတယ် အစီအစဉ်ဖြင့် တည်းခိုရန် အခန်းနေရာ ချထားခြင်း မပြုလုပ်ရန်နှင့် သက်ဆိုင်ရာ ကော်မတီများ၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ကောက်ခံရမည့် ဟိုတယ်အခန်းခ နှုန်းထားများကို သတ်မှတ်သွားမည်ဖြစ်ပြီး ဟိုတယ်များမှ မိမိအစီအစဉ်ဖြင့် အခန်းခနှုန်းထားများ တိုးမြှင့်ကောက်ခံခြင်း မပြုလုပ်ကြရန်လည်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ် ၈၃၄ လုံးအထိ ဖွင့်လှစ်ခွင့်ပြုထားပြီး ဇူလိုင်လကုန် စာရင်းများအရ မန္တလေးတိုင်း ဒေသကြီးတွင် ဟိုတယ် ၂၅၃ လုံး၊ အခန်း ၉၆၆၃ ခန်းဖြင့် အများဆုံး ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ် ၂၁၃ လုံး၊ အခန်း ၉၂၉၄ ခန်းဖြင့် ဒုတိယအများဆုံး ဖွင့်လှစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ဖွင့်လှစ်ခွင့်ပြုထားသည့် မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ် ၈၃၄ လုံးတွင် အခန်းပေါင်း ၃၀၄၀၁ ခန်းပါဝင်ပြီး ရန်ကုန်မြို့တွင် အခန်းပေါင်း ၉၂၉၄ ခန်း ပါဝင်သော ဟိုတယ် ၂၁၃ လုံး၊ မန္တလေးမြို့တွင် အခန်းပေါင်း ၃၇၄၉ ခန်း ပါဝင်သော ဟိုတယ် ၈၇ လုံး၊ နေပြည်တော်တွင် အခန်းပေါင်း ၂၅၃၇ ခန်းပါဝင်သော ဟိုတယ်အလုံး ၄၀၊ ပုဂံညောင်ဦးမြို့တွင် အခန်းပေါင်း ၂၃၅၁ ခန်း ပါဝင်သော ဟိုတယ် ၇၆ လုံး၊ တောင်ကြီးအင်းလေးတွင် အခန်းပေါင်း ၁၇၄၂ ခန်း ပါဝင်သော ဟိုတယ် ၆၂ လုံးတို့ကို ဖွင့်လှစ်ခွင့် ပြုထားကြောင်း သိရသည်။

ထို့အတူ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၁၁၃၂ ခု၊ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် ၁၉၀ ခုနှင့် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၃၃၄၃ ခုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ ဒသမ ၅ သန်းခန့် ၀င်ရောက်မည်ဟု ခန့်မှန်းထားပြီး ခရီးသွား များပြားလာမှုကြောင့် ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီ လုပ်ငန်းလိုင်စင်များကို တိုးမြှင့်ခွင့် ပြုပေးနေကြောင်း သတင်းရရှိသည်။

(နေပြည်တော်ရှိ တည်ဆောက်ဆဲ ဟိုတယ်တစ်လုံးကို တွေ့ရစဉ်)
Eleven Media Group
(နေပြည်တော်ရှိ တည်ဆောက်ဆဲ ဟိုတယ်တစ်လုံးကို တွေ့ရစဉ်)
(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့်ဒီဇင်ဘာ ၁၁ ရက်မှ စတင်၍ နှစ်ပတ်ကြာပြုလုပ်သွားမည်ဖြစ် ပြီး နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များသည် ပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း အားကစားသမားများနှင့် လာရောက်သည့်ဧည့်သည်များကိုမိမိတို့ဟိုတယ်အစီအစဉ်ဖြင့် တည်းခိုရန်အခန်းနေရာချထားခြင်း မပြုလုပ် ရန်နှင့် သက်ဆိုင်ရာကော်မတီများ၏အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ကောက်ခံရမည့် ဟိုတယ်အခန်းခ နှုန်းထားများကို သတ်မှတ်သွား မည်ဖြစ်ပြီး ဟိုတယ်များမှ မိမိအစီအစဉ်ဖြင့် အခန်းခနှုန်းထားများ တိုးမြှင့်ကောက်ခံခြင်း မပြုလုပ်ကြရန် လည်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ် ၈၃၄ လုံးအထိ ဖွင့်လှစ်ခွင့်ပြုထားပြီး ဇူလိုင်လကုန် စာရင်းများအရ မန္တလေးတိုင်း ဒေသကြီးတွင် ဟိုတယ် ၂၅၃ လုံး၊ အခန်း ၉၆၆၃ ခန်းဖြင့် အများဆုံး ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ် ၂၁၃ လုံး၊ အခန်း ၉၂၉၄ ခန်းဖြင့် ဒုတိယအများဆုံး ဖွင့်လှစ် ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။
ဖွင့်လှစ်ခွင့်ပြုထားသည့် မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ် ၈၃၄ လုံးတွင် အခန်းပေါင်း ၃၀၄၀၁ ခန်းပါဝင်ပြီး ရန်ကုန်မြို့တွင် အခန်းပေါင်း ၉၂၉၄ ခန်း ပါဝင်သော ဟိုတယ် ၂၁၃ လုံး၊ မန္တလေးမြို့တွင် အခန်းပေါင်း ၃၇၄၉ ခန်း ပါဝင်သော ဟိုတယ် ၈၇ လုံး၊ နေပြည်တော်တွင် အခန်းပေါင်း ၂၅၃၇ ခန်းပါဝင်သော ဟိုတယ် အလုံး ၄၀၊ ပုဂံညောင်ဦးမြို့တွင် အခန်းပေါင်း ၂၃၅၁ ခန်း ပါဝင်သော ဟိုတယ် ၇၆ လုံး၊ တောင်ကြီး အင်းလေးတွင် အခန်းပေါင်း ၁၇၄၂ ခန်း ပါဝင်သော ဟိုတယ် ၆၂ လုံးတို့ကို ဖွင့်လှစ်ခွင့် ပြုထားကြောင်း သိရသည်။ ထို့အတူ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၁၁၃၂ ခု၊ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် ၁၉၀ ခုနှင့် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၃၃၄၃ ခုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ ဒသမ ၅ သန်းခန့် ၀င်ရောက်မည်ဟု ခန့်မှန်းထားပြီး ခရီးသွားများပြားလာမှုကြောင့် ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီ လုပ်ငန်းလိုင်စင်များကို တိုးမြှင့်ခွင့်ပြုပေးနေေ ကြာင်း သတင်းရရှိသည်။
Eleven Media Group

No comments:

Post a Comment

My Blog List