Tuesday, September 10, 2013

ဆီးရီးယားကို အရေးယူတိုက်ခိုက်ရန် အာရပ်ဝန်ကြီးများ သဘောတူ

Tuesday, September 10, 2013
ဆီးရီးယားကဓာတုလက်နက်များအသုံးပြုခဲ့ခြင်းမှာ“ကမ္ဘာ့သတိပေးစည်း(global red line)” ကို ဖြတ်ကျော် လိုက်ခြင်းဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံပါရီ (Paris) မြို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲများ၌ အာရပ်အဖွဲ့ချုပ်မှ ၀န်ကြီးများက သဘောတူခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က ပြောခဲ့ သည်ဟု စက်တင်ဘာ ၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။
ဂျီ-၂၀ အဖွဲ့ဝင် နိုင်ငံများအနက်မှ ၁၂ နိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် ကြေညာချက်ကို အာရပ်နိုင်ငံတချို့ကလည်း သဘောတူလက်မှတ်ရေးထိုးရန် ဆန္ဒရှိနေကြကြောင်း ဂျွန်ကယ်ရီကပြောခဲ့ သည်။ ထိုကြေညာချက်မှာ၊ ဆီးရီးယား အစိုးရကကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားကြသည့် ဓာတုလက်နက် အသုံးပြုတိုက်ခိုက်မှုအပေါ် တုံ့ပြန်အရေးယူရန် တောင်းဆိုထားသည့် ကြေညာချက်ဖြစ်ပြီး၊ အာရပ်နိုင်ငံ တချို့အနေဖြင့် ထိုကြေညာချက်ကို ထောက်ခံကြောင်း နောက်ထပ် ၂၄ နာရီအတွင်း ထုတ်ပြန်မှုများ ပြု လုပ်ကြလိမ့်မည်ဟုဆိုသည်။“အာဆတ်ရဲ့ဆိုးရွားလှတဲ့၊ဓာတုဗေဒလက်နက်သုံးတိုက်ခိုက်မှုဟာ နိုင်ငံတကာသတိပေးစည်းကို ဖြတ်ကျော် လိုက်တာပဲ ဆိုတာကို ကျွန်တော်တို့အားလုံး သဘောတူကြပါတယ်။ တစ်နိုင်ငံမှ မဆန့်ကျင် ကြပါဘူး” ဟု အစည်းအဝေးတစ်ခုအပြီးတွင် ဂျွန်ကယ်ရီက သတင်းထောက်များအား ပြောကြားခဲ့သည်။
“ဖြစ်နိုင်ပြီး လိုအပ်ချက်နဲ့ကိုက်ညီမယ့်၊ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေအကြောင်းကို ဒီနေ့ ဆွေးနွေးခဲ့ပါတယ်” ဟု သူကဆိုသည်။ “ဂျီ-၂၀ ရဲ့ သဘောတူညီချက်ကို အချို့နိုင်ငံတွေက ချက်ချင်းသဘောတူ လက်မှတ်ထေိုးခဲ့ကြပါတယ်” ဟု ဂျွန်ကယ်ရီကဆိုခဲ့ပြီး၊ ထိုကဲ့သို့ လက်မှတ်ရေး ထိုးခဲ့ကြသည့် နိုင်ငံများထဲတွင် ဆော်ဒီအာရေဘီးယား နိုင်ငံလည်းပါဝင်ကြောင်း ဂျွန်ကယ်ရီက ပြောခဲ့ သည်။“တခြားနိုင်ငံတွေရဲ့ အမည်ကိုတော့ ကျွန်တော်အခုမပြောတော့ပါဘူး။ ဘာလို့လဲဆိုတော့၊ အဲဒီနိုင်ငံ က ကိုယ်စားလှယ်တွေ သူတို့နိုင်ငံကို ပြန်သွားတဲ့အခါကျမှ ၂၄ နာရီအတွင်း အဲဒီနိုင်ငံတွေ ကိုယ်တိုင်ကြေ ညာချက်ထုတ်ပြန်ကြမှာ ဖြစ်တယ်လို့ ကျွန်တော်တို့ အစည်းအဝေးမှာ သဘောတူခဲ့လို့ပါ” ဟု ကယ်ရီ က ပြောခဲ့သည်။
“နောက်ထပ် ၂၄ နာရီအတွင်းမှာ ဆုံးဖြတ်ချက်တွေချရမှာ ဖြစ်တယ်ဆိုတာကို အားလုံးကိုယ်စီကိုယ်ငှ နားလည်  ခဲ့ကြပါတယ်” ဟု သူက ပြောသည်။
ဂျွန်ကယ်ရီသည် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး aud al-Faisal နှင့်လည်း တွေ့ဆုံခဲ့သည်။ ဆော်ဒီနိုင်ငံခြား ရေးဝန်ကြီးက ဆော်ဒီအနေဖြင့် ဆီးရီးယားအားစစ်ရေးအရ တိုက်ခိုက်မည့်အစီအစဉ်ကို ထောက်ခံ ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

“တိုက်ခိုက်မယ့်အစီအစဉ်ကို သူတို့ကထောက်ခံထားပါတယ်” ဟု ကယ်ရီကဆိုသည်။ ကာတာ နိုင်ငံခြား ရေးဝန်ကြီး Khaled al-Attiyah ကလည်း၊ ဘက်ရှာအယ်လ်အာ ဆတ်ခေါင်းဆောင်သည့် ဆီးရီးယား အစိုးရက သြဂုတ် ၂၁ တွင် ဓာတုဗေဒလက်နက်အသုံးပြုကာ တိုက်ခိုက်ခဲ့သည်ဆိုခြင်းမှာ အာဆတ် အစိုးရအနေဖြင့် သမားရိုးကျ
စစ်ပွဲအသွင်မှ “အဖျက်စွမ်းအား အလွန်ကြီးမားသောလက်နက်များ အသုံးပြု သည့်” စ်ပွဲအသွင်သို့ကူးပြောင်းရန် ဆောင်ရွက်ခြင်းတစ်ခုသ ဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

AFP
မဇ္ဈိမ

No comments:

Post a Comment

My Blog List