Tuesday, September 10, 2013

တူနီးရှားတွင် အစိုးရအဖွဲ့ဝင်များ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆို

Tuesday, September 10, 2013
တူနီးရှားနိုင်ငံ မြို့တော်ကျူးနစ်အနီးရှိ ဘာဒိုမြို့လမ်းမများပေါ်တွင် ထောင်နှင့်ချီသော တူနီးရှားနိုင်ငံသား များကအစိုးရအဖွဲ့ဝင်များ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြကြောင်း စက်တင်ဘာ ၉ ရက်က ဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။ ဆန္ဒပြသမားများမှာ အတိုက်အခံခေါင်းဆောင် Mohamed Brahmi လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအတွက် ရက်ပေါင်း ၄၀ ကြာဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆန္ဒပြမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ Mohamed Brahmi မှာ၎င်း၏ နေအိမ်အပြင်ဘက်တွင် ဇူလိုင်လ ၂၅ ရက်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ ဆန္ဒပြသမားများအနေဖြင့် မြို့တော်ကျူးနစ်၏ ဆင်ခြေဖုံးမြို့တစ်မြို့ဖြစ်သော ဘက်ဆာဒွန်တွင် စုရုံးပြီး နောက်ဘာဒိုရင်ပြင်သို့ ချီတက်ခဲ့ကြသည်။ ယင်းသို့ ချီတက်ဆန္ဒပြခြင်းမှာ Brahmi သတ်ဖြတ်ခံရခြင်း အတွက်ပုံမှန်ပြုလုပ်နေကျဆန္ဒပြမှုမျိုး ဖြစ်သည်။ ဆန္ဒပြသမားများက Brahmi ၏ ရုပ်ပုံများအား ယူဆောင်လာပြီး ၎င်းအားဂုဏ်ပြု သည့်ကြွေးကြော်သံ များ ကြွေးကြော်ခဲ့ကြသည်။ ထို့အပြင် အစိုးရအားရှုံ့ချသည့်ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ ကြသည်။ အာဏာပိုင်များကလည်း Brahmi နှင့် ဖေဖေါ်ဝါရီလတွင် သေဆုံးခဲ့သည့်တခြားအတိုက်ခံခေါင်းဆောင် Chokri Belaid တို့အား လုပ်ကြံသတ်ဖြတ်ခဲ့သူများမှာ ဆာလာဖစ်စစ်သွေးကြွများ၏လက်ချက်ဟု ပြော ကြား ထားသည်။
သို့သော် အတိုက်အခံများအား ထောက်ခံသူများမှ Belaid အားလုပ်ကြံသတ်ဖြတ်ခဲ့ပြီး နောက်ပိုင်းတွင် အစ္စလာမ်မစ် စစ်သွေးကြွများအားနှိမ်နင်းရန် ပျက်ကွက်ခဲ့သည့်အတွက် အစိုးရအား ပြစ်တင်ဝေဖန်ထား ကြသည်။သို့သော် Brahmi အား သတ်ဖြတ်မှု၏ နောက်ကွယ်တွင် အစိုးရပါဝင်ခဲ့သည်ဟု ၎င်း၏မိသားစု ၀င်များက စွပ်စွဲပြောကြားထားသည်။ သို့သော် ယင်းစွပ်စွဲချက်အား Ennahda ပါတီမှ ငြင်းဆိုထားသည်။ Brahmi ၏ မိသားစုဝင်များနှင့် ၎င်း၏သူငယ်ချင်းတချို့မှာ ချီတက်ဆန္ဒပြပွဲအား ဦးဆောင်ခဲ့ကြသည်။ Brahmi အားသတ်ဖြတ်ခဲ့ပြီးနောက်ပိုင်းတွင် စတင်ခဲ့သည့်အစိုးရ ဆန့်ကျင်မှုများကို ဦးဆောင်ခဲ့သည့် အတိုက်အခံပါတီများအားလုံးအား ကိုယ်စားပြုသော အမျိုးသားကယ်တင်ရေးတပ်ပေါင်းစုက အစိုးရ အပေါ် ဆက်လက်ဖိအားပေးသွားရန် ကတိပြုထားသည်။

BBC
မဇ္ဈိမ

No comments:

Post a Comment

My Blog List