Saturday, September 14, 2013

အသက်အာမခံ စနစ်သစ် ၂၀၁၅ တွင် အသုံးပြုရန်စီစဉ်

Saturday, September 14, 2013
မြန်မာ့ လူ့အဖွဲ့အစည်းနှင့် ကိုက်ညီမည့် ကျန်းမာရေး အာမခံစနစ်ကောင်း တစ်ခုကို ၂၀၁၅ခုနှစ်တွင် ပြည်သူ များအသုံးပြုနိုင်ရန်အတွက် ပညာ ရှင်များနှင့်ပူးပေါင်းကာ ဆောင် ရွက်နေပြီဖြစ်ကြောင်း ဘဏ္ဍာ ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာမောင်မောင်သိမ်းက ပြော ကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိအ သုံးပြုနေသော ကျန်းမာရေးအာ မခံ(အသက်အာမခံ) ပေါ်လစီမှာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက် ညီမှုမရှိသည့်အပြင် လူဦးရေ သန်း ခြောက်ဆယ်ခန့်ရှိသော မြန်မာ ပြည် တွင် ကျန်းမာရေးအာမခံ (အသက်အာမခံ)ထားသူမှာ သုံး သိန်းနီးပါးခန့်သာ ရှိပြီး တစ်နိုင်ငံ လုံး၏ ငါးရာခိုင်နှုန်းခန့်သာရှိသော ကြောင့် မူလပေါ်လစီများ ကို အ သစ်ပြန်လည်ရေးဆွဲမည်ဖြစ် ကြောင်း ဒေါက်တာ မောင်မောင် သိမ်းက ပြောကြားလိုက်သည်။ ''မြန်မာပြည်မှာရှိတဲ့အသက် အာမခံပေါ်လစီက လူကြိုက်နည်း ပြီး ခေတ်နဲ့ ရင်ပေါင်မတန်းနိုင် ဘူး။ ဆေးဖိုးဝါးခကုန်ကျစရိတ် တွေ တက်နေတဲ့အချိန်မှာ ကျန်း မာရေးအာမခံက အလွန်အရေး ပါတယ်။ ကျန်းမာရေးအာမခံဖြစ် ဖြစ်၊ အသက်အာမခံဖြစ်ဖြစ် အ သစ်ပြန်လုပ်တဲ့အခါမှာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးစီးပွား ရေးအချက်အလက်တွေကို ထည့် သွင်းစဉ်းစားရမယ်။ Data တွေ ရဖို့ အဆင်သင့်မဖြစ်သေးဘူး။ Research တွေလုပ်ရဦးမယ်။ Substainable ဖြစ်တဲ့ ကျန်းမာရေး အာမခံဖြစ်ဖို့ အခက်အခဲတွေအ များကြီးရှိပေမယ့် မဖြစ်မနေအ ကောင်အထည်ဖော်ဖို့ လိုအပ်နေ တယ်။ အခုကတည်းက ဆောင် ရွက်နေတာဖြစ်တဲ့အတွက် ၂၀၁၅ ခုနှစ်ကျရင် ပြည်သူတွေ ကျန်းမာ ရေးအာမခံကောင်းရနိုင်မှာပါ''ဟု ဒေါက် တာမောင်မောင်သိမ်း က ထပ်မံပြောသည်။
ကျန်းမာရေးအာမခံစနစ် ကို ပြည်တွင်းရှိ လူလတ်တန်းစား လူမှုအသိုင်း အဝိုင်း တွင် ကျယ်ပြန့် စွာရောက်ရှိစေရန်နှင့် သင့်တင့် သောပရီမီယံကြေး၊ လစဉ်အာ မခံကြေးပေးနိုင်မည့် စနစ်ဖြစ်ရန် ဆောင်ရွက်ရ မည်ဖြစ်၍ ပြည် တွင်း ရှိ လူနာများအခြေအနေ၊ ဆေး ကုသမှုအခြေအနေ အချက်အ လက်များကို အဖွဲ့အစည်းများစွာ နှင့် စုပေါင်းဆောင်ရွက်ရမည်ဖြစ် သဖြင့် ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင် ရွက်ရမည်ဟု သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ပုဂ္ဂ လိက အာမခံကုမ္ပဏီ၁၂ခုမှ လုပ် ပိုင်ခွင့်ရထားပြီး နိုင်ငံတကာရှိ အာ မခံကုမ္ပဏီများမှ ဌာနေကိုယ်စား လှယ်ရုံးခွဲများဖွင့်လှစ်ရန် ခွင့်ပြု ထားကြောင်း သိရသည်။

ရွှေနု
The Yangon Times

No comments:

Post a Comment

My Blog List