Tuesday, September 10, 2013

ဇာတ်သဘင် တည်ထောင်ခွင့် လိုင်စင်သတ်မှတ်ချက် ပြည့်စုံမှသာ ထုတ်ပေးမည်

Tuesday, September 10, 2013
ယခုနှစ် သဘင်ရာသီအတွက် ဇာတ်သဘင် တည်ထောင်ခွင့်လိုင်စင်များကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှသာ ထုတ်ပေးမည်ဖြစ်ကြောင်း အထက်မြန်မာပြည် သဘင်ပညာရှင်များ အစည်းအရုံးမှသိရသည်။ အထက်မြန်မာပြည် သဘင်ပညာရှင်များအစည်းအရုံးမှ ညွှန်ကြားရေးမှူးတစ်ဦး က “စည်းမျည်းစည်းကမ်းတွေနဲ့ ညီညွှတ်စွာလျှောက်လာတဲ့ ဇာတ်အဖွဲ့တွေကို ၂၄ နာရီ အမြန်ဆောင် ရွက်ပေးနေပါတယ်။ သူတို့ ဘက်က ပြည့်စုံဖို့တော့ လိုပါတယ်” ဟုပြောသည်။
မန္တလေးမြို့တွင် ဇာတ်သဘင်အဖွဲ့ သေးတချို့မှ လိုင်စင်မတင်ဘဲ လုပ်ကိုင်နေမှုများရှိသောကြောင့် ယခုကဲ့ သို့ စည်းကမ်းသတ်မှတ်လိုက်ရသည်ဟုလည်း ဆိုသည်။

ဇာတ်သဘင် တည်ထောင်ခွင့်လိုင်စင် လျှောက်ထားလိုသူများသည် အနည်းဆုံး လုပ်သားဦးရေ ၃၇ ဦးရှိရမည်ဖြစ်ပြီး ငွေကြေးအရှုပ်အရှင်း ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာတို့ ပါဝင်ရမည်ဖြစ်သည်။ ထို့အပြင် မြို့နယ်သဘင်အစည်းအရုံး၏ သဘင်ပညာရှင်ဖြစ်ကြောင်းထောက်ခံစာလည်း လိုအပ်သည်ဟုသိရသည်။
ဇာတ်သဘင် လိုင်စင်လျှောက်လွှာများကို ဦးမြမောင် (နန်းမြို့တော်) ထံတွင် ရယူရနိုင်မည် ဖြစ်သည်။ လက်ရှိတွင် မန္တလေးမြို့၌ ဇာတ်အဖွဲ့ ၄၅ ဖွဲ့၊ အငြိမ့်သုံးဖွဲ့ ရှိကြောင်း သိရသည်။
အောင်ကိုဦး
မဇ္ဈိမ

No comments:

Post a Comment

My Blog List