Tuesday, September 10, 2013

မွန်တိုင်းရင်းသားညီလာခံ စက်တင်ဘာ နောက်ဆုံးပတ်တွင် ကျင်းပမည်

Tuesday, September 10, 2013
မွန်တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် မွန်လူမှုအဖွဲ့အစည်းများ ပါဝင်ဆွေးနွေးမည့် မွန်တိုင်းရင်းသား ညီလာခံကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ မော်လမြိုင်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက The Voice သို့ ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို မွန်တိုင်းရင်းသားများ ညီညွတ်ရေးအတွက် မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့်မွန်ဒီမိုကရေစီပါတီတို့ကဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း၎င်းကဆက်လက် ပြောကြား သည်။ “မွန်တစ်မျိုးသားလုံး တန်းတူအခွင့်အရေးအတွက် အဓိကဆွေးနွေးမယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ညီလာခံကို နှစ်ကြိမ်ကျင်းပမည်ဖြစ်ပြီး ညီလာခံ ကျင်းပနိုင်ရေးအတွက် စက်တင်ဘာ ၁၀ ရက်နေ့ တွင် အကြိုညှိနှိုင်းအစည်းအဝေးကိုကျင်းပမည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်များကို ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီထံမှ သိရသည်။
အဆိုပါ ညီလာခံတွင် မွန်လူမျိုးများ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်သည့် စာတမ်းငါးစောင် ဖတ်ကြားရန် ရှိကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရှိရသည်။
အဆိုပါ သုံးရက်တာကျင်းပမည့် မွန်တိုင်းရင်းသားများ ညီလာခံတွင် လူ ၃၀၀ ခန့်ဖိတ်ကြားရန် စီစဉ် ထားကြောင်း အဆိုပါ ညီလာခံ ဖြစ်မြောက်ရေးအတွက် စီစဉ်နေသူများထံမှ သိရှိရသည်။
၂၀၁၂ ခုနှစ်မှ စတင်ကာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီ (MDP) တို့ ပူးပေါင်း ရန် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ယနေ့တိုင် ပူးပေါင်းနိုင်ခြင်း မရှိသေးပေ။
(ဟိန်းသွင်ထက်)
The Voice Weekly

No comments:

Post a Comment

My Blog List