Monday, September 09, 2013

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ သက်ကြီး စာတတ်မြောက်မှု နှုန်းသည် ၉၅ ဒသမ ၁၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာ

Monday, September 9, 2013
၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ သက်ကြီးစာတတ်မြောက်မှုနှုန်းသည် ၉၅ ဒသမ ၁၃ ရာခိုင်နှုန်း သို့ ရောက်ရှိလာကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၈ ရက် MICC အစည်းအဝေး ခန်းမတွင် ကျင်းပပြု လုပ်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြအေး က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ဆက်လက် ပြောကြားရာတွင် “တစ်ကမ္ဘာလုံးမှာ စာမတတ် သူပေါင်း ၇၇၄ သန်းရှိနေပြီး အများစုဖြစ်တဲ့ သုံးပုံနှစ်ပုံကျော်ဟာ အမျိုးသမီးများ ဖြစ်ကြပါတယ်။ မူလတန်း အရွယ် ကလေးငယ် ၅၇ သန်းနဲ့ အလယ်တန်း အထက်တန်း အရွယ်က လေးငယ် ၆၉ သန်းဟာ ပညာသင် ယူခွင့်များ မရကြကြောင်းကို လေ့လာတွေ့ရှိ ရပါတယ်။ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှု အခြေ အနေကို ပြန်လည်သုံးသပ်ကြည့်ရင် ဘုန်းတော်ကြီးကျောင်း ပညာရေးရဲ့ အကျိုးကျေးဇူးကြောင့် ရှေးမြန်မာ မင်းများ လက်ထက်က စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့ပါတယ်” ဟု ပြောကြားသည်။
Photo: ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ သက်ကြီး စာတတ်မြောက်မှု နှုန်းသည် ၉၅ ဒသမ ၁၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာ
 Monday, September 9, 2013

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ သက်ကြီး စာတတ်မြောက်မှု နှုန်းသည် ၉၅ ဒသမ ၁၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၈ ရက် MICC အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြအေးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ဆက်လက် ပြောကြားရာတွင် “တစ်ကမ္ဘာလုံးမှာ စာမတတ်သူပေါင်း ၇၇၄ သန်းရှိနေပြီး အများစုဖြစ်တဲ့ သုံးပုံနှစ်ပုံကျော်ဟာ အမျိုးသမီးများ ဖြစ်ကြပါတယ်။ မူလတန်းအရွယ် ကလေးငယ် ၅၇ သန်းနဲ့ အလယ်တန်း အထက်တန်း အရွယ်က လေးငယ် ၆၉ သန်းဟာ ပညာသင်ယူခွင့်များ မရကြကြောင်းကို လေ့လာတွေ့ရှိ ရပါတယ်။ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှု အခြေအနေကို ပြန်လည် သုံးသပ်ကြည့်ရင် ဘုန်းတော်ကြီးကျောင်း ပညာရေးရဲ့ အကျိုးကျေးဇူးကြောင့် ရှေးမြန်မာမင်းများ လက်ထက်က စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့ပါတယ်” ဟု ပြောကြားသည်။

၂၀၁၃-၂၀၁၄ ပညာသင် နှစ်အတွင်း ပြည်ထောင်စု တစ်ဝန်းလုံးတွင် မူလတန်းဆင့် သင်ကျောင်း ၃၀၀၁၅ ကျောင်း၊ မူလတန်းလွန်ကျောင်း ၆၆၂၉ ကျောင်း၊ အလယ်တန်းဆင့် သင်ကျောင်း ၃၇၄၂ ကျောင်း၊ အထက်တန်းဆင့် သင်ကျောင်း ၂၇၉၅ ကျောင်း၊ စုစုပေါင်း အခြေခံ ပညာသင် ကျောင်းပေါင်း ၄၃၁၈၁ ကျောင်း ဖွင့်လှစ်သင်ကြား ပေး လျက်ရှိကြောင်း သိရသည်။

သက်ကြီး စာတတ်မြောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်ခဲ့မှု များကြောင့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု နှုန်းသည် ၉၅ ဒသမ ၁၃ ရာခိုင်နှုန်း အဆင့်သို့ ရောက်ရှိလာကြောင်း သိရသည်။

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ပြုလုပ်နေစဉ်
Eleven Media Group

No comments:

Post a Comment

My Blog List