Wednesday, September 11, 2013

မြန်မာ့ယဉ်ကျေးမှု ဓလေ့ကို အလေးထား၍ အလုပ်သမားများကို ဆက်ဆံရန် နိုင်ငံခြားသား လုပ်ငန်းရှင်များအား ဒုဝန်ကြီး သတိပေး

Wednesday, September 11, 2013
နိုင်ငံခြားသား လုပ်ငန်းရှင်များက မြန်မာ့ဓလေ့ ယဉ်ကျေးမှု ထုံးစံတို့ကို အလေးထား၍ မြန်မာအလုပ်သမား များကိုဆက်ဆံရန်လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမတွင်ပြုလုပ်သည့် အလုပ်ရှင်အလုပ်သမား တွေ့ဆုံပွဲ တွင် အလုပ်သမား ၀န်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က သတိပေး ပြောကြားသည်။

Photo: မြန်မာ့ယဉ်ကျေးမှု ဓလေ့ကို အလေးထား၍ အလုပ်သမားများကို ဆက်ဆံရန် နိုင်ငံခြားသား လုပ်ငန်းရှင်များအား ဒုဝန်ကြီး သတိပေး
Wednesday, September 11, 2013

နိုင်ငံခြားသား လုပ်ငန်းရှင်များက မြန်မာ့ဓလေ့ ယဉ်ကျေးမှု ထုံးစံတို့ကို အလေးထား၍ မြန်မာအလုပ်သမားများကို ဆက်ဆံရန် လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမတွင် ပြုလုပ်သည့် အလုပ်ရှင် အလုပ်သမား တွေ့ဆုံပွဲတွင် အလုပ်သမား ၀န်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က သတိပေး ပြောကြားသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က "ကျွန်တော့်အနေနဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ ကို မေတ္တာရပ်ခံ လိုတာက မြန်မာအလုပ်သမားတွေကို ဆက်ဆံရာမှာ မိမိတို့ မြန်မာလူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို နားလည်သဘောပေါက်ဖို့ လိုအပ်ပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံကို အလေးထား ဆက်ဆံပေးဖို့ သတိပြုစေ လိုပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာမန်နေဂျာတွေ အနေနဲ့လည်း မြန်မာ့ဓလေ့ယဉ်ကျေးမှု ထုံးစံကို နိုင်ငံခြားသားတွေ နားလည်သဘောပေါက်အောင် လိုက်နာဆောင်ရွက်ပေးဖို့ လိုပါတယ်" ဟု ပြောကြားသည်။

နိုင်ငံခြားသား လုပ်ငန်းရှင်များ အနေဖြင့် အလုပ်သမားများအား မလိုအပ်ဘဲ အချိန်ပို ခိုင်းစေမှုများ၊ ညလုံးပေါက် ခိုင်းစေမှုများနှင့် အလုပ်သမားများအား အနားမပေးဘဲ ခိုင်းစေမှုများကို ရှောင်ရှားသင့်ပြီး သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် စည်းကမ်းချက်များကို လိုက်နာဖို့ လိုအပ်ကြောင်း၊ အလုပ်သမားများ၏ အလုပ်ချိန်ကို တစ်နေ့ ရှစ်နာရီထက် မပိုစေရန်နှင့် ထမင်းစားချိန်ကို မိနစ် ၃၀ ထက်မနည်း သတ်မှတ်ပေးရန်နှင့် လုပ်ခလစာ ရှင်းတမ်းများကို အလုပ်သမားများ နားလည်လွယ်သည့် မြန်မာဘာသာဖြင့် သာ ရှင်းလင်းသင့်ကြောင်းနှင့် အစိုးရ ရုံးပိတ်ရက်များတွင် အချိန်ပို ခိုင်းစေခြင်း မပြုဘဲ အလုပ်သမားနေ့နှင့် ဘာသာရေးဆိုင်ရာ တရားဝင် ရုံးပိတ်ရက်များတွင် အလုပ်စေခိုင်းခြင်း မပြုမိအောင် သတိထားဖို့ လိုအပ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

"၀န်ကြီးဌာန အနေနဲ့ အလုပ်ရှင် အလုပ်သမား နှစ်ဖက်မျှတစွာ ဆောင် ရွက်နိုင်ဖို့ ကြပ်မတ်ပေးသွားမှာ ဖြစ်ပါတယ်။ အလုပ်ရှင် အလုပ်သမား မျှတမှု မရှိဘဲ တစ်ဖက်သတ် ဖြစ်နေခဲ့ရင်တော့ လိုအပ်တဲ့ သတိပေးခြင်း၊ ညွှန်ကြားခြင်းတို့ ဆောင်ရွက်မှာပါ။ မလိုက်နာရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမှာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိတွင် နိုင်ငံခြားသားပိုင် စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ် ကိုင်နေသည့် အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်၌ ခွဲခြားဆက်ဆံမှုများ ရှိနေပြီး ယဉ်ကျေးမှုနှင့် ဥပဒေများကို နားမလည်မှုကြောင့် လုပ်ခလစာ၊ အလုပ်သမား အခွင့်အရေးများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွား လျက် ရှိသည်။

Eleven Media Group
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က "ကျွန်တော့်အနေ နဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ ကို မေတ္တာရပ်ခံလိုတာက မြန်မာအလုပ်သမားတွေကို ဆက်ဆံရာမှာ မိမိ တို့ မြန်မာလူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို နားလည်သဘောပေါက်ဖို့ လိုအပ်ပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံကို အလေးထား ဆက်ဆံပေးဖို့ သတိပြုစေ လိုပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာမန်နေဂျာတွေ အနေနဲ့လည်း မြန်မာ့ဓလေ့ယဉ်ကျေးမှု ထုံးစံကို နိုင်ငံခြားသားတွေ နားလည်သဘောပေါက်အောင် လိုက်နာဆောင်ရွက်ပေးဖို့ လိုပါတယ်" ဟု ပြောကြားသည်။
နိုင်ငံခြားသားလုပ်ငန်းရှင်များအနေဖြင့်အလုပ်သမားများအားမလိုအပ်ဘဲအချိန်ပိုခိုင်းစေမှုများ၊ ညလုံးပေါက် ခိုင်းစေမှုများနှင့် အလုပ်သမားများအား အနားမပေးဘဲ ခိုင်းစေမှုများကို ရှောင်ရှားသင့်ပြီး သတ်မှတ်ထား သည့် ဥပဒေ၊ နည်းဥပဒေနှင့် စည်းကမ်းချက်များကို လိုက်နာဖို့ လိုအပ်ကြောင်း၊ အလုပ်သမားများ၏ အလုပ်ချိန်ကို တစ်နေ့ရှစ်နာရီထက်မပိုစေရန်နှင့် ထမင်းစားချိန်ကို မိနစ် ၃၀ ထက်မနည်း သတ်မှတ်ပေး ရန်နှင့် လုပ်ခလစာရှင်းတမ်းများကို အလုပ်သမားများ နားလည်လွယ်သည့် မြန်မာဘာသာဖြင့် သာ ရှင်းလင်းသင့်ကြောင်းနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်ပိုခိုင်းစေခြင်းမပြုဘဲ အလုပ်သမားနေ့နှင့် ဘာသာရေးဆိုင်ရာတရားဝင်ရုံးပိတ်ရက်များတွင်အလုပ်စေခိုင်းခြင်းမပြုမိအောင်သတိထားဖို့လိုအပ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။
"၀န်ကြီးဌာနအနေနဲ့ အလုပ်ရှင်အလုပ်သမား နှစ်ဖက်မျှတစွာ ဆောင် ရွက်နိုင်ဖို့ ကြပ်မတ်ပေးသွားမှာဖြစ်ပါ တယ်။ အလုပ်ရှင်အလုပ်သမားမျှတမှုမရှိဘဲ တစ်ဖက်သတ် ဖြစ်နေခဲ့ရင်တော့ လိုအပ်တဲ့ သတိပေးခြင်း၊ ညွှန်ကြားခြင်းတို့ ဆောင်ရွက်မှာပါ။ မလိုက်နာရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမှာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။
လက်ရှိတွင် နိုင်ငံခြားသားပိုင် စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ် ကိုင်နေသည့် အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်၌ ခွဲခြားဆက်ဆံမှုများ ရှိနေပြီး ယဉ်ကျေးမှုနှင့် ဥပဒေများကို နားမလည်မှုကြောင့် လုပ်ခလစာ၊ အလုပ်သမား အခွင့်အရေးများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွား လျက် ရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List