Sunday, September 08, 2013

ဧရာဝတီတိုင်းအတွင်းရှိအသက် (၂) နှစ်အထက်ရှိသူအားလုံးကိုဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးသွားမည်

Sunday, September 8, 2013
Photo: ဧရာဝတီတိုင်းအတွင်းရှိအသက် (၂) နှစ်အထက်ရှိသူအားလုံးကို
ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးသွားမည်
Sunday, September 8, 2013

ဧရာဝတီတိုင်းအတွင်းရှိအသက် (၂) နှစ်အထက်ရှိသူအားလုံးကို 
ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းကျန်းမာရေးဦးစီးမှူးရုံး
အစည်းအဝေးခန်းမတွင် ၄.၉.၂၀၁၃ နေ့ မွန်းလွဲ်က
“ဆင်ခြေထောက်ရောဂါကင်းဝေးရေး၊ လူကုန် ဆေးကျွေးခြင်းလုပ်ငန်း”
အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခဲ့သည်။
ဒု-တိုင်းကျန်းမာရေး ဦးစီးမှူး ဒေါက်တာစိုးမင်းဦး က
အဖွင့်အမှာစကားပြောကြားပြီး တိုင်း ဒေသကြီး၊ ရပကန အဖွဲ့ခေါင်းဆောင်
ဒေါက်တာမြတ်မင်းထွန်းက ဆင်ခြေထောက်ရောဂါ သိကောင်း စရာနှင့်
လူကုန်ဆေးကျွေးခြင်းလုပ်ငန်းဆိုင်ရာများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
၎င်းလုပ်ငန်းကို (၉.၉.၂၀၁၃) မှ (၁၅.၉.၂၀၁၃) အထိ (၂)
နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အသည်း၊
ကျောက်ကပ်၊ ပန်းနာ ရောဂါတစ်ခုခုကြောင့် အိပ်ယာထဲလဲနေသူနှင့်
ဆေးသောက်နေရသူများက လွဲပြီး ကျန်သူအားလုံးကိုဆင်ခြေထောက်ရောဂါကင်းဝေးရေး၊
ဆေးတိုက်ကျွေးသွားမှာဖြစ်ကြောင်း သိရသည်။ ဖိုးဇော်မြင့် (ပုသိမ်)
Popular Myanmar News Journal
ဧရာဝတီတိုင်းအတွင်းရှိအသက်(၂)နှစ်အထက်ရှိသူအားလုံးကိုဆင်ခြေထောက်ရောဂါကင်းဝေးရေးဆေးတိုက်ကျွေး သွားမည် ဖြစ်ကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊တိုင်းကျန်းမာရေးဦးစီးမှူးရုံးအစည်း အဝေး ခန်းမတွင် ၄.၉.၂၀၁၃ နေ့ မွန်းလွဲ်က “ဆင်ခြေထောက်ရောဂါကင်းဝေးရေး၊ လူကုန် ဆေးကျွေးခြင်း လုပ်ငန်း” အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခဲ့သည်။
ဒု-တိုင်းကျန်းမာရေး ဦးစီးမှူး ဒေါက်တာစိုးမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး တိုင်း ဒေသကြီး၊ ရပကန အဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်မင်းထွန်းက ဆင်ခြေထောက်ရောဂါ သိကောင်း စရာနှင့်
လူကုန်ဆေးကျွေးခြင်းလုပ်ငန်းဆိုင်ရာများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။ ၄င်းလုပ်ငန်းကို (၉.၉. ၂၀၁၃) မှ (၁၅.၉.၂၀၁၃) အထိ(၂) နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အသည်း၊ ကျောက်ကပ်၊ ပန်းနာ ရောဂါတစ်ခုခုကြောင့် အိပ်ယာထဲလဲနေသူနှင့် ဆေးသောက်နေရသူ များက လွဲပြီး ကျန်သူအားလုံးကိုဆင်ခြေထောက်ရောဂါကင်းဝေးရေး၊ ဆေးတိုက်ကျွေးသွားမှာဖြစ်ကြောင်း သိရသည်။ ဖိုးဇော်မြင့် (ပုသိမ်)
Popular Myanmar News Journal

No comments:

Post a Comment

My Blog List