Friday, September 13, 2013

ကိုယ်ဝန်တုဖြင့် မူးယစ်ဆေးမှောင်ခိုကူးသူဖမ်းမိ

Friday, September 13, 2013
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တိုရွန်တိုသို့ လေကြောင်းလိုင်းဖြင့် သွားရောက် ရန်ကြိုးစားနေသောကိုယ်ဝန်တုဖြင့် ကိုကင်းမူးယစ်ဆေးဝါး သယ်ဆောင်သူ ကနေဒီယန်အမျိုး သမီးတစ်ဦး အား ဖမ်းဆီးမိသည်ဟု ကိုလံဘီယာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ပြောကြားကြောင်း ဘီဘီစီသတင်းတွင် စက်တင်ဘာ ၁၂ ရက်က ဖော်ပြထားသည်။
အဆိုပါ ကနေဒီယန်အမျိုးသမီးသည်ကိုလံဘီယာနိုင်ငံထဲသို့သြဂုတ်လဆန်းပိုင်းက ရောက်လာခဲ့ခြင်းဖြစ်ပြီး ဖမ်းမိချိန်၌တိုရွန်တိုသို့ပြန်မည့်ခရီး၌ဖြစ်သည်။စစ်ဆေးရေးရဲမေတစ်ဦးကကိုယ်ဝန်ရှိတာဘယ်လောက်ကြာပြီ လဲဟူသောအမေးကို ၄င်းအမျိုးသမီးက မနှစ်မြို့သည့် အမူအရာပြသဖြင့် သင်္ကာမကင်းဖြစ်လာရသည်ဟု သိရသည်။၎င်းအမျိုးသမီးက ကိုယ်ဝန်ခုနစ်လရှိပြီဟု ဖြေခဲ့သည်။ ထို့နောက် ရဲမေက လက်ဖြင့်စမ်းကြည့်ရာ ကိုယ်ဝန် မှာ မာလွန်းပြီး အေးစက်စက်ဖြစ်နေသည်ဟုဆိုကြောင်း၊ ဆက်လက်ရှာဖွေခဲ့ရာ ရော်ဘာကိုယ်ဝန်တုထဲ၌ ကိုကင်းနှစ်ကီလိုဂရမ်ပါ အိတ်နှစ်အိတ်ကိုတွေ့ရှိရကြောင်း သတင်းတွင်ဖော်ပြသည်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဝဝဝဝ ခန့်ရှိသည်ဟု ဆိုသည်။
၎င်းအမျိုးသမီးအား မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လက်ဝယ်ထားရှိမှုနှင့် ပိုင်ဆိုင်မှုတို့ဖြင့် ဖမ်းဆီး ထားပြီး ထောင်ဒဏ် ၅ နှစ်နှင့် ၈ နှစ်ကြား ကျခံရဖွယ်ရှိကြောင်း အာဏာပိုင်များက ဆိုသည်။ ၄င်းအာဏာပိုင်များ အဆိုအရ ကိုလံဘီယာနိုင်ငံ၌ လက်ရှိတွင် နိုင်ငံခြားသားအကျဉ်းသား ၈၇၄ ဦးရှိပြီး ၄င်းတို့သည် အဓိကအားဖြင့် မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေကြရခြင်းဖြစ်သည်ဟု သိရသည်။
Photo: ကိုယ်ဝန်တုဖြင့် မူးယစ်ဆေးမှောင်ခိုကူးသူဖမ်းမိ
Friday, September 13, 2013

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တိုရွန်တိုသို့ လေကြောင်းလိုင်းဖြင့် သွားရောက်ရန် ကြိုးစားနေသော ကိုယ်ဝန်တုဖြင့် ကိုကင်းမူးယစ်ဆေးဝါး သယ်ဆောင်သူ ကနေဒီယန်အမျိုး သမီးတစ်ဦးအား ဖမ်းဆီးမိသည်ဟု ကိုလံဘီယာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ပြောကြားကြောင်း ဘီဘီစီသတင်းတွင် စက်တင်ဘာ ၁၂ ရက်က ဖော်ပြထားသည်။ 

အဆိုပါ ကနေဒီယန်အမျိုးသမီးသည် ကိုလံဘီယာနိုင်ငံထဲသို့ သြဂုတ်လဆန်းပိုင်းက ရောက်လာခဲ့ခြင်းဖြစ်ပြီး ဖမ်းမိချိန်၌ တိုရွန်တိုသို့ပြန်မည့် ခရီး၌ဖြစ်သည်။ စစ်ဆေးရေး ရဲမေတစ်ဦးက ကိုယ်ဝန်ရှိတာ ဘယ်လောက်ကြာပြီလဲဟူသောအမေးကို ၄င်းအမျိုးသမီးက မနှစ်မြို့သည့် အမူအရာပြသဖြင့် သင်္ကာမကင်းဖြစ်လာရသည်ဟု သိရသည်။
 
၎င်းအမျိုးသမီးက ကိုယ်ဝန်ခုနစ်လရှိပြီဟု ဖြေခဲ့သည်။ ထို့နောက် ရဲမေက လက်ဖြင့်စမ်းကြည့်ရာ ကိုယ်ဝန်မှာ မာလွန်းပြီး အေးစက် စက်ဖြစ်နေသည်ဟုဆိုကြောင်း၊ ဆက်လက်ရှာဖွေခဲ့ ရာ ရော်ဘာကိုယ် ဝန်တုထဲ၌ ကိုကင်းနှစ်ကီလို ဂရမ်ပါ အိတ်နှစ်အိတ်ကိုတွေ့ရှိရကြောင်း သတင်းတွင်ဖော်ပြသည်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဝဝဝဝ ခန့်ရှိသည်ဟု ဆိုသည်။

၎င်းအမျိုးသမီးအား မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လက်ဝယ်ထားရှိမှုနှင့် ပိုင်ဆိုင်မှုတို့ဖြင့် ဖမ်းဆီးထားပြီး ထောင်ဒဏ် ၅ နှစ်နှင့် ၈ နှစ်ကြား ကျခံရဖွယ်ရှိကြောင်း အာဏာပိုင်များက ဆိုသည်။ ၄င်းအာဏာပိုင်များ အဆိုအရ ကိုလံဘီယာနိုင်ငံ၌ လက်ရှိတွင် နိုင်ငံခြားသားအကျဉ်းသား ၈၇၄ ဦးရှိပြီး ၄င်းတို့သည် အဓိကအားဖြင့် မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေကြရခြင်းဖြစ်သည်ဟု သိရသည်။ 

BBC
BBC

No comments:

Post a Comment

My Blog List