Thursday, September 12, 2013

ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ပိုလန်သမ္မတ အပါအ၀င် နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံခဲ့

Thursday, September 12, 2013
ဥရောပသုံးနိုင်ငံခရီးစဉ်အတွင်း ပထမဆုံးခရီးစဉ်အဖြစ် ပိုလန်နိုင်ငံဝါဆောမြို့သို့ ရောက်ရှိနေသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် (မြန်မာစံတော်ချိန် စက်တာဘာ ၁၁ ရက် ည ၁၁း၃၀ နာရီ ခန့်က စတင်ကာ) ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီးနောက် ပိုလန်သမ္မတ Bronislaw Komorowskim၊ ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့နှင့် တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်က ပိုလန်နိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ယခုခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံမြို့တော် ၀ါဆောတွင် ပိုလန်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံပြီး ၀ါဆောတက္ကသိုလ်တွင် ဟောပြောပို့ချရန် စီစဉ်ထားကြောင်း သိရသည်။ ပိုလန်နိုင်ငံသမ္မတဟောင်းနှ င့် နိုဗယ်ဆုရှင် တစ်ဦးဖြစ်သူ Lech Walesa၊ ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌ Ewa Kopacz တို့၏ ဖိတ်ကြားချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
"ပိုလန်နိုင်ငံဟာ စီးပွားရေးနဲ့ နိုင်ငံရေး အကူးအပြောင်းကို အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းမှာ မျှဝေချင်ပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ ပုံရိပ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခွင့် ရနိုင်မှာဖြစ်တဲ့အတွက် ကျွန်မအထူးပဲ ကျေနပ်ဝမ်းမြောက် မိပါတယ်" ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz က ပြောကြားသည်။

ပထမဆုံးနေ့ဖြစ်သည့် ဗုဒ္ဓဟူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်အောက်လွှတ်တော်သို့ သွားရောက်လေ့လာခဲ့သည်။ ပိုလန်အလုပ်သမား သမဂ္ဂများမှ အောက်လွှတ်တော် အဆောက်အအုံရှေ့တွင် ဆန္ဒပြနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ကားပေါ်မှဆင်းကာ လမ်းလျှောက်ခဲ့ရသည်။ "ဒီမိုကရေစီရဲ့ လက်တွေ့လှုပ်ရှားမှု တစ်ခုကို အခုလို တွေ့မြင်လိုက်ရတာ ကျွန်မအတွက် စိတ်ဝင်စားစရာပါပဲ။ မိုးရွာနေပေမယ့် ဒီလွှတ်တော် အဆောက်အအုံဆီကို လမ်းလျှောက်ပြီး လာခဲ့ရပါတယ်။ ဆန္ဒပြပွဲကလည်း (ဆန္ဒပြသူတွေ ၀တ်ထားတဲ့) ရောင်စုံမိုးကာတွေကြောင့် လှပနေပါတယ်။ ဒီမိုကရေစီ အတွက်ကြောင့် မိုးစိုရတာ တန်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz နှင့်အတူ လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ညနေ ၄ နာရီခန့်တွင် ပိုလန်အထက်လွှတ်တော် ဥက္ကဋ္ဌ Bogan Borusewicz နှင့်တွေ့ဆုံခဲ့ပြီး ည ၇ နာရီတွင် ပိုလန်ဝန်ကြီးချုပ် Donald Tusk တက်ရောက်သည့် လွှတ်တော်က တည်ခင်းဧည့်ခံသော ညစာစားပွဲ တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၁၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဗယ်ဆုရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပိုလန်နိုင်ငံ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကာ ညနေ ၄ နာရီတွင် ၀ါဆောတက္ကသိုလ်၌ နိုင်ငံရေးနှင့် ပညာရေးခေါင်းစဉ်ဖြင့် ဟောပြောပို့ချရန် စီစဉ်ထားကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်း ယခုဥရောပ ခရီးစဉ်သည် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ယခုတစ်ကြိမ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ချက်နိုင်ငံတို့ကို သွားရောက်မည်ဖြစ်ကာ ခုနစ်ရက်ကြာမြင့်မည် ဖြစ်သည်။
Photo: ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ပိုလန်သမ္မတ အပါအ၀င် နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံခဲ့

Thursday, September 12, 2013

ဥရောပ သုံးနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံး ခရီးစဉ်အဖြစ် ပိုလန်နိုင်ငံ ၀ါဆောမြို့သို့ ရောက်ရှိနေသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် (မြန်မာစံတော်ချိန် စက်တာဘာ ၁၁ ရက် ည ၁၁း၃၀ နာရီ ခန့်က စတင်ကာ) ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီးနောက် ပိုလန်သမ္မတ Bronislaw Komorowskim၊ ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့နှင့် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်က ပိုလန်နိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ယခုခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံမြို့တော် ၀ါဆောတွင် ပိုလန်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံပြီး ၀ါဆောတက္ကသိုလ်တွင် ဟောပြောပို့ချရန် စီစဉ်ထားကြောင်း သိရသည်။ ပိုလန်နိုင်ငံ သမ္မတဟောင်းနှင့် နိုဗယ်ဆုရှင် တစ်ဦးဖြစ်သူ Lech Walesa၊ ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌ Ewa Kopacz တို့၏ ဖိတ်ကြားချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

"ပိုလန်နိုင်ငံဟာ စီးပွားရေးနဲ့ နိုင်ငံရေး အကူးအပြောင်းကို အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းမှာ မျှဝေချင်ပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ ပုံရိပ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခွင့် ရနိုင်မှာဖြစ်တဲ့အတွက် ကျွန်မအထူးပဲ ကျေနပ်ဝမ်းမြောက် မိပါတယ်" ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz က ပြောကြားသည်။

ပထမဆုံးနေ့ဖြစ်သည့် ဗုဒ္ဓဟူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်အောက်လွှတ်တော်သို့ သွားရောက်လေ့လာခဲ့သည်။ ပိုလန်အလုပ်သမား သမဂ္ဂများမှ အောက်လွှတ်တော် အဆောက်အအုံရှေ့တွင် ဆန္ဒပြနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ကားပေါ်မှဆင်းကာ လမ်းလျှောက်ခဲ့ရသည်။ "ဒီမိုကရေစီရဲ့ လက်တွေ့လှုပ်ရှားမှု တစ်ခုကို အခုလို တွေ့မြင်လိုက်ရတာ ကျွန်မအတွက် စိတ်ဝင်စားစရာပါပဲ။ မိုးရွာနေပေမယ့် ဒီလွှတ်တော် အဆောက်အအုံဆီကို လမ်းလျှောက်ပြီး လာခဲ့ရပါတယ်။ ဆန္ဒပြပွဲကလည်း (ဆန္ဒပြသူတွေ ၀တ်ထားတဲ့) ရောင်စုံမိုးကာတွေကြောင့် လှပနေပါတယ်။ ဒီမိုကရေစီ အတွက်ကြောင့် မိုးစိုရတာ တန်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz နှင့်အတူ လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ညနေ ၄ နာရီခန့်တွင် ပိုလန်အထက်လွှတ်တော် ဥက္ကဋ္ဌ Bogan Borusewicz နှင့်တွေ့ဆုံခဲ့ပြီး ည ၇ နာရီတွင် ပိုလန်ဝန်ကြီးချုပ် Donald Tusk တက်ရောက်သည့် လွှတ်တော်က တည်ခင်းဧည့်ခံသော ညစာစားပွဲ တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၁၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဗယ်ဆုရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပိုလန်နိုင်ငံ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကာ ညနေ ၄ နာရီတွင် ၀ါဆောတက္ကသိုလ်၌ နိုင်ငံရေးနှင့် ပညာရေးခေါင်းစဉ်ဖြင့် ဟောပြောပို့ချရန် စီစဉ်ထားကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်း ယခုဥရောပ ခရီးစဉ်သည် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ယခုတစ်ကြိမ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ချက်နိုင်ငံတို့ကို သွားရောက်မည်ဖြစ်ကာ ခုနစ်ရက်ကြာမြင့်မည် ဖြစ်သည်။

Ref:AFP

Eleven Media Group

စက်တင်ဘာ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌ Ewa Kopacz တို့ တွေ့ဆုံစဉ်

No comments:

Post a Comment

My Blog List