Sunday, September 08, 2013

ဒေးဒရဲ တိုးစံပြရွာတွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံ လိုအပ်လျက်ရှိ

Sunday, September 8, 2013
ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် တိုးစံပြကျေး ရွာတွင် မုန်တိုင်းဒဏ်ခံအဆောက် အအုံဆောက်လုပ်ပေးရန်လိုအပ် လျက်ရှိကြောင်း ဒေသခံများထံ မှ သိရသည်။
အဆိုပါဒေသသည် ပင်လယ် နှင့်နီးသည့်အတွက် သဘာဝဘေး အန္တရာယ်ကြုံတွေ့လာပါက လက်ရှိ တွင် လူ ၁၀ဝကျော်ခန့်သာခိုလှုံနိုင်သည့် မုန်တိုင်းဒဏ်ခံအဆောက် အအုံ (Cyclone Shelter) တစ်လုံးသာ ရှိသည့်အတွက် သဘာဝ ဘေးအန္တရာယ်တွေ့ကြုံလာပါ က ကျေးရွာနေလူဦးရေနှင့် လုံ လောက်မှုမရှိ၍ အခက်အခဲရှိ နိုင်မည့်အတွက် ထပ်မံဆောက် လုပ်ပေးစေလိုခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါကျေးရွာမှရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင် တင်က ''Shelter တွေထပ်ဆောက် ပေးမယ် ဆိုရင်ကျွန်တော်တို့ရွာသားတွေက သဘောကျကြမှာပါ။ လိုအပ်မယ်ဆိုရင်ကျွန်တော့်အနေနဲ့လဲ အထက်ကို တင်ပြသွား ဖို့ရှိပါတယ်''ဟုပြောသည်။အဆိုပါ Shelter သည် အလျားပေခြောက်ဆယ်နှင့် အနံ ပေသုံးဆယ်ရှိပြီး ယခုအချိန်တွင် ရွာမှ ကိုးတန်းနှင့် ဆယ်တန်း ကျောင်းသားများစာ သင်ကြား နေသည့်နေရာဖြစ်နေကြောင်း သိရသည်။
တိုးစံပြကျေး ရွာမှ ရွာသူ တစ်ဦးဖြစ်သူ ဒေါ်စန်းတင့်က ''တကယ့်တကယ်မုန်တိုင်းကျမယ်ဆိုရင် ရွာမှာရှိတဲ့ သူအားလုံး ဘယ် လိုမှ အဆင်မပြေနိုင်ဘူး။ အဲဒါ ကြောင့် ထပ်ဆောက်ပေးစေချင် တယ်''ဟုပြောသည်။
''ရေဒီယိုမှကြေညာသော မုန်တိုင်းသတင်းကိုရွာသားများက အမြဲနားထောင်ကြပြီး သက်ကြီး ရွယ်အိုများနှင့် ကလေးသူငယ်များကိုသာ သွားရောက်ပို့ဆောင် ကြကြောင်း၊ လူလတ်ပိုင်းများမှာ မူ ၎င်းတို့၏အိမ်များတွင် သာနေ ထိုင်ကြရကြောင်း'' ရွာသူတစ်ဦး ဖြစ်သူ မစိုးမိုးက ပြောသည်။တိုးစံပြကျေးရွာဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း ၎င်းတို့၏ရွာသည် သဘာဝဘေးအန္တရာယ် အချိန်မရွေးကျရောက်နိုင် သော ရွာဖြစ်ကြောင်း ပြောသည်။တိုးစံပြကျေးရွာသည် လူ နေအိမ်ခြေပေါင်း ၁၀၀၀ နီးပါး ရှိပြီး လူဦးရေ သုံးထောင်ကျော် ရှိသည့်အတွက် နာဂစ်မုန်တိုင်း ကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ် ပေါ်ပါက အခက်အ ခဲဖြစ်နိုင်ကြောင်း ဦးသန်းဌေးက ပြောသည်။
နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က အဆိုပါရွာအတွင်းတွင် ထိခိုက်မှုမရှိသော်လည်း ကွင်းပြင် ထဲမှရွာသားများ သာ အသေအ ပျောက်ရှိခဲ့ကြောင်း သိရသည်။
နာဂစ်မုန်တိုင်းဖြစ်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးတွင် (Cyclone Shelter) အလုံးရေ (၅၆)လုံးကို နိုင်ငံတော်အစိုးရနှင့် ပြည် တွင်းပြည်ပအဖွဲ့အစည်းများပူး ပေါင်းကာ ဆောက်လုပ်ပေးခဲ့ ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List