Thursday, September 12, 2013

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းတစ်ခု ရေးဆွဲကာ လွှတ်တော်ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ကော် မတီသို့ တင်ပြမည်

Thursday, September 12, 2013
တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတစ်ခု ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီတွင် NBFပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များ လည်း ပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် အဆိုပါလွှတ်တော် ကိုယ်စား လှယ်များ ပါဝင်သော NBF သီးသန့်အစည်းအဝေး များ ပြုလုပ်ထားကြောင်း သိရသည်။အဆိုပါ ပြုလုပ်ပြီးသည့် အစည်းအဝေးများအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် NBF က ပြင်ဆင်လိုသော အချက်များကို မူကြမ်းအနေဖြင့် ရရှိထားပြီး ဖြစ်ကြောင်းနှင့် လာမည့်အစည်းအဝေးတွင် အချောသတ်နိုင် ရန် ကြိုးစားမည်ဟု NBF အဖွဲ့ဝင်ချင်းအမျိုးသားပါတီအထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် က ပြောကြားသည်။"အခု ကျွန်တော်တို့ ရေးဆွဲထားတဲ့ မူကြမ်းကို ပညာရှင်တွေထံ အသုံးအနှုန်းကအစ လိုအပ်တာတွေ လေ့လာနိုင်ဖို့ ပေးထားတယ်။ ပြီးရင်တော့ နောက်တစ်ခေါက် အစည်းအဝေးထိုင်ပြီး အချောသတ်နိုင်အောင် ကြိုးစားမယ်။ လွှတ်တော်က လေ့လာသုံးသပ်ရေး ကော်မတီကလည်း ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် အစီရင်ခံစာ တင်ရမှာဆိုတော့ အစည်းအဝေးက မကြာခင်မှာတော့ ခေါ်ဖြစ်မှာပါ" ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အချောသတ်ပြီးပါက လွှတ်တော်တွင်းတွင်သာမက လွှတ်တော်ပြင်ပ လှုပ်ရှားမှုများတွင်ပါ NBF မူတစ်ခုအနေဖြင့် ကိုင်စွဲသွားမည် ဟု လည်း ၎င်းကပြောကြားသည်။ 
"လွှတ်တော်ပြင်ပမှာတော့ တိုင်းရင်းသား ညီလာခံတစ်ခု လုပ်နိုင်ဖို့ ညီနောင်ပါတီတွေ ဘက်ကရော၊ အပစ်အခတ် ရပ်ထားတဲ့ အဖွဲ့တွေကရော ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ပြည်ထောင်စုညီလာခံ မဟုတ်ဘဲနဲ့ အဲဒီမတိုင် ခင် ပြည်တွင်းမှာ တိုင်းရင်းသားတွေ သီးသန့်ညီလာခံတစ်ရပ်ခေါ်ဖို့ စီစဉ်ထားတယ်။ သဘောက လွှတ်တော်ပြင်ပကနေ ကိုယ့်ပြည်နယ်အ သီးသီး ညီလာခံတွေ ကျင်းပမယ်။ ပြီးတော့ တိုင်းရင်းသားညီလာ ခံ၊ ပြည်ထောင်စု ညီလာခံတွေပေါ့။ အဲဒီအဆင့်ဆင့်မှာလည်း NBF ရဲ့ မူအနေနဲ့ တစိုက်မတ်မတ် ကိုင်စွဲသွားမှာပါ" ဟု ဆလိုင်းကျဲအိုဘိခ်ထောင် က ပြောကြားသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခု ရေးဆွဲ ရန် ကော်မတီ ဖွဲ့စည်းထားပြီး နိုဝင်ဘာလမကုန်မီ အပြီးရေးဆွဲ သွားမည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော် မတီ တစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီမှ တစ်ပတ်တစ်ကြိမ် တိုင်းရင်းသား ပါတီများမှ ကိုယ်စား လှယ် များနှင့် တွေ့ဆုံကာ ရရှိလာမည့် ရလဒ်များကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီထံ ပေးပို့သွားမည် ဖြစ်သည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့ဝင်ပါတီများမှာ ချင်းအမျိုးသား ပါတီ၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ တအာင်း (ပလောင်) အမျိုးသား ပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ "၀" ဒီမိုကရက်တစ် ပါတီ၊ "၀" အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်သည်။
Photo: ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းတစ်ခု ရေးဆွဲကာ လွှတ်တော်ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ကော် မတီသို့ တင်ပြမည်
Thursday, September 12, 2013

တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတစ်ခု ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် NBF ပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် အဆိုပါလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော NBF သီးသန့်အစည်းအဝေး များ ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ ပြုလုပ်ပြီးသည့် အစည်းအဝေးများအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် NBF က ပြင်ဆင်လိုသော အချက်များကို မူကြမ်းအနေဖြင့် ရရှိထားပြီး ဖြစ်ကြောင်းနှင့် လာမည့်အစည်းအဝေးတွင် အချောသတ်နိုင်ရန် ကြိုးစားမည်ဟု NBF အဖွဲ့ဝင် ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

"အခု ကျွန်တော်တို့ ရေးဆွဲထားတဲ့ မူကြမ်းကို ပညာရှင်တွေထံ အသုံးအနှုန်းကအစ လိုအပ်တာတွေ လေ့လာနိုင်ဖို့ ပေးထားတယ်။ ပြီးရင်တော့ နောက်တစ်ခေါက် အစည်းအဝေးထိုင်ပြီး အချောသတ်နိုင်အောင် ကြိုးစားမယ်။ 

လွှတ်တော်က လေ့လာသုံးသပ်ရေး ကော်မတီကလည်း ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် အစီရင်ခံစာ တင်ရမှာဆိုတော့ အစည်းအဝေးက မကြာခင်မှာတော့ ခေါ်ဖြစ်မှာပါ" ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အချောသတ်ပြီးပါက လွှတ်တော်တွင်းတွင်သာမက လွှတ်တော်ပြင်ပ လှုပ်ရှားမှုများတွင်ပါ NBF မူတစ်ခုအနေဖြင့် ကိုင်စွဲသွားမည်ဟုလည်း ၎င်းကပြောကြားသည်။

"လွှတ်တော်ပြင်ပမှာတော့ တိုင်းရင်းသား ညီလာခံတစ်ခု လုပ်နိုင်ဖို့ ညီနောင်ပါတီတွေ ဘက်ကရော၊ အပစ်အခတ် ရပ်ထားတဲ့ အဖွဲ့တွေကရော ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ပြည်ထောင်စုညီလာခံ မဟုတ်ဘဲနဲ့ အဲဒီမတိုင် ခင် ပြည်တွင်းမှာ တိုင်းရင်းသားတွေ သီးသန့်ညီလာခံတစ်ရပ်ခေါ်ဖို့ စီစဉ်ထားတယ်။ သဘောက လွှတ်တော်ပြင်ပကနေ ကိုယ့်ပြည်နယ်အ သီးသီး ညီလာခံတွေ ကျင်းပမယ်။ ပြီးတော့ တိုင်းရင်းသားညီလာ ခံ၊ ပြည်ထောင်စု ညီလာခံတွေပေါ့။ အဲဒီအဆင့်ဆင့်မှာလည်း NBF ရဲ့ မူအနေနဲ့ တစိုက်မတ်မတ် ကိုင်စွဲသွားမှာပါ" ဟု ဆလိုင်းကျဲအိုဘိခ်ထောင် က ပြောကြားသည်။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခု ရေးဆွဲ ရန် ကော်မတီ ဖွဲ့စည်းထားပြီး နိုဝင်ဘာလမကုန်မီ အပြီးရေးဆွဲ သွားမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ တစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီမှ တစ်ပတ်တစ်ကြိမ် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ရရှိလာမည့် ရလဒ်များကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီထံ ပေးပို့သွားမည် ဖြစ်သည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း အဖွဲ့ဝင် ပါတီများမှာ ချင်းအမျိုးသား ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ တအာင်း (ပလောင်) အမျိုးသား ပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ "၀" ဒီမိုကရက်တစ် ပါတီ၊ "၀" အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်သည်။ 


(NBF မှ ဇူလိုင်လအတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ဆွေးနွေးပွဲအား တွေ့ရစဉ်)

Eleven Media Group
(NBF မှ ဇူလိုင်လအတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ဆွေးနွေးပွဲအား တွေ့ရစဉ်)
Eleven Media Group

No comments:

Post a Comment

My Blog List