ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လုပ်ခဲ့တဲ့
မြန်မာငြိမ်းချမ်းရေးစင်တာ နဲ့ United
Nationalities Federal Council (UNFC) တို့
ဒုတိယအကြိမ် တွေ့ဆုံပွဲမှာ စစ်တပ်ရဲ့ တောင်းဆိုချက် (၆) ချက်ကို တိုင်းရင်း သား ခေါင်းဆောင်တွေက
ခါးခါးသီးသီးငြင်းတာတွေ၊ တန်ပြန်မေးခွန်းထုတ်တာတွေ လုပ်ခဲ့ကြ တယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့
စစ်တပ်လုပ်သမျှကို အမြဲလိုလို ဆန့်ကျင် ကန့် ကွက်နေခဲ့ကြတာ မထူးဆန်းတော့ပေမယ့် ဒီကနေ့လိုငြိမ်းချမ်းနေချိန်မှာ စစ်တပ်က ပြည်သူ့ အတွက်ေ တာင်း ဆိုတဲ့ အချက် တွေကို ဆန့်ကျင်တာကတော့
စိတ်ပျက်စရာပါ။ စစ်တပ်က တောင်း ဆိုတဲ့ အချက်တွေကတော့-
၁။ လူမသတ်ရန်၊
၂။
အဓမ္မ တပ်စုဆောင်းခြင်း မပြုရန်နှင့် ဆတ်ကြေး
မကောက်ရန်၊
၃။
တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊
၎။ မဟာမိတ် တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော
အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်း
မပြုရန်၊
၅။
အစိုးရ
အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်
၆။ တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို
တိုက်ခိုက်ခြင်း မပြုရန် တို့ ဖြစ်ပါတယ်။
အချက်အားလုံးကာ
စစ်တပ် အကျိုးရှိဖို့ တောင်းဆိုထားတဲ့ အချက် တစ်ခုမှ မပါပါ ဘူး။ ပြည်သူ့အတွက် တွေချည်းပါပဲ။
လူမသတ်ဖို့ တောင်းဆိုမှုမှာ လူဆိုတာ အားလုံးပါပါတယ်။ စစ်သားတွေကို မသတ်ဖို့ ၊ ဗမာတွေကို
မသတ်ဖို့ ကန့်သက်ချက် မပါပါဘူး။ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်မှုတွေ မလုပ်ဖို့လည်း
ပါပါတယ်။ တပ်သားသစ်မစု ဆောင်းရန် နဲ့ ဆတ်ကြေး မကောက်ရန် ဆိုတာကလည်း မြန်မာနိုင်ငံတွင်းက
ပြည်သူအားလုံးအတွက် တောင်းဆိုတာဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့
နီးကပ်စွာနေထိုင်ရတဲ့ ဒေသခံတွေက ဒီဒုက္ခတွေကို ပိုသိပါတယ်။ တပ်နေရာသစ် မတိုးချဲ့ဖို့၊
အပစ်ရပ်တပ်ဖွဲ့ များ ထည့်သွင်းမတိုက်ခိုက်ဖို့နဲ့ ပြည်သူ့စစ်များကို မတိုက်ခိုက်ဖို့
ဆိုတာကလည်း စစ်တပ်အကျိုးအတွက် တောင်းဆိုတာ
မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ငြိမ်းချမ်းနေတဲ့ အခြေအနေကို ကြာရှည် ထိန်းသိမ်းဖို့
ဖြစ်ပါတယ်။ ဒီအချက်တွေကို စစ်တပ်တစ်ခု ပဲ တောင်းဆိုချင်တာမဟုတ်ဘဲ ငြိမ်းချမ်းရေးလိုလားတဲ့
မြန်မာလူထုတစ်ရပ်လုံးက တောင်းဆိုချင်တဲ့ အချက်တွေပါ။ အစိုးရအုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်ခြင်း
မလုပ်ဖို့ တောင်းဆိုတယ် ဆိုတာကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဖြစ်ပါတယ်။
အစိုးရ ကို ဝေဖန်ချင် လျှင်၊ ထောက်ပြချင်လျှင် တရားဝင်မှတ်ပုံတင်ပြီး ကိုယ်ပိုင်သတင်းစာထုတ်လို့ရပါတယ်။
ဒေသတွင်း က အစိုးရဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုများကို မကျေနပ်လျှင်လည်း တိုင်ကြားလို့ရပါတယ်။
အုပ်ချုပ်ရေး ပိုင်းကို ဝင်ရောက်နှောက်ယှက်တာတွေနဲ့ ဘေးထိုင်ဘုပြောတာတွေကိုတော့ ဘယ်သူမှမကြိုက်ပါဘူး။
တကယ်လုပ် ဆောင်နေသူများအတွက်လည်း အနှောက်အယှက် ဖြစ်စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ
ကိုယ်တိုင်ကတောင် ၎င်းတို့နယ်မြေတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ်ပိုင်တရား စီရင်ခွင့်တွေကို
လွတ်လွတ်လပ်လပ်လုပ်ဖို့ တောင်းဆိုနေတာပါ။ ချင်းမိုင် ဆွေးနွေးပွဲမှာ RCSS/ SSA မှ ဗိုလ်ကြီး
စိုင်းမိန်း က တိုင်းရင်းသားလက်နက်ကိုင် အရေအတွက်က တပ်မတော်ကို မမှီကြောင်း ပြောဆိုခဲ့ပြီး
UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကလည်း အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များကို
မထောက်ပံ့တာကြောင့် ကိုယ့်ခွင်မှာ ကိုယ်လုပ်ရမှာပဲဟု ပြောဆိုကြကြောင်း သတင်းထောက်များကို
ပြောခဲ့ပါတယ်။ အစိုးရ ဝန်ကြီး ဦးအောင်မင်းကတော့ “တပ်မတော်ရဲ့ သဘော ထား ၆ ချက်က ပြည်သူလူထုရဲ့
အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ အချက်တွေ ပါ။ ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို
မထိရင် တိုက်ပွဲ ဖြစ်စရာ မလိုဘူးလို့ ပြောတာ ပါ။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုမထိရင်
တိုက်ပွဲဖြစ်စရာ မလိုဘူး၊ တာဝန်ယူ တယ်လို့ ပြော တာဖြစ်တယ်။ ဒီစကားလေးကို အဓိပ္ပာယ် မလွဲဖို့လိုတယ်”လို့
သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
လူမသတ်ဖို့၊ ဆက်ကြေးမကောက်ဖို့၊ အတင်းအဓမ္မလူသစ်မစုဖို့၊
ပြည်သူ့စစ်တွေကို သွားပြီး မတိုက်ခိုက်ဖို့ဆိုပြီး စစ်တပ်က တောင်းဆိုတာတွေကို ဘာကြောင့်
ခါးခါးသီးသီး ငြင်းနေကြတာလဲဆိုတာ အဖြေကရှင်းပါတယ်။ သူတို့ကိုယ်တိုင်က အရင်ကလည်း လူသတ်၊
ဆက်ကြေးကောက်၊ လူသစ်စု၊ ရန်စတိုက်ခိုက်တာတွေကို အရင်ကလည်း လုပ်နေပြီး အခုလည်း လုပ်နေသလို
နောက်လည်း လုပ်ချင်နေတာ ကြောင့်ဆိုတာ သိသာပါတယ်။ အခုလို စစ်တပ်ရဲ့ တောင်းဆိုချက်ကို
သဘောမတူနိုင် တာတွေကြောင့် ယခင်က ဖြစ်ပေါ်ခဲ့တဲ့ အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်မှုများ၊
အမျိုးသမီးများကို မုဒိန်းကျင့်မှုများ၊ တစ်ရွာဝင် တစ်ရွာထွက် ဆတ်ကြေးကောက်မှုများ၊ အတင်းအဓမ္မလူသစ်စုမှုများ၊
အကြောင်းမဲ့ ရန်စ တိုက်ခိုက်မှုများကို ၎င်းတို့ ကျူးလွန်ခဲ့တယ်ဆိုတာကို ဝန်ခံလိုက်ခြင်းဖြစ်သလို
အဆိုပါ သတင်းများကို ထိန်ချန်ခဲ့သော၊ ပြောင်းပြန် ရေးသားထုတ်လွှင့်ခဲ့သော မီဒီယာများအတွက်လည်း
သိက္ခာကျ အခက်တွေ့စေ ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များအနေနဲ့ ၎င်းတို့ စိတ်ကြိုက် ဖန်တီးခဲ့တာ
ဆယ်စုနှစ် ပေါင်းများစွာ ကြာခဲ့ပါပြီ။ ယနေ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ၎င်းတို့ ဆန္ဒတွေကိုလျှော့ပြီး
ပြည်သူ့ဆန္ဒကို ဦးစားပေးကာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အချိန်ရောက်ပြီဖြစ် ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့
စစ်တပ်က တောင်းဆိုတဲ့ အချက် (၆) ချက်ကို မလိုက် နာနိုင်သမျှ
ကာလပတ်လုံးတော့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေအုံး မှာပါ။
ရဲဘော် မောင်တူး (ပြည်သူ့စစ်)
No comments:
Post a Comment