Saturday, December 22, 2012

ခရစ်သက္ကရာဇ် နှစ်သစ်ကြိုဆိုပွဲ မြန်မာမှာ ပထမဆုံး တရားဝင် ကျင်းပမယ်

Photo: ခရစ်သက္ကရာဇ် နှစ်သစ်ကြိုဆိုပွဲ မြန်မာမှာ ပထမဆုံး တရားဝင် ကျင်းပမယ်
Friday, December 21, 2012  

ခရစ် သက္ကရာဇ် အားဖြင့် နှစ်သစ်ကို ကြိုဆိုတဲ့ New Year count down ပွဲကို ရန်ကုန်မြို့မှာ တရားဝင် အားဖြင့် ပထမဆုံး ကျင်း ပတော့မှာ
ဖြစ်ပါတယ်။ 

တကယ်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ခရစ်သက္ကရာဇ် တနှစ်ကုန်လို့ တနှစ်ပြောင်းတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညတိုင်း နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ကန်တော်ကြီး၊ အင်းယား စတဲ့နေရာတွေနဲ့ နီးစပ်ရာ နေအိမ်၊ ခြံဝန်း၊ ဟော်တယ်တွေမှာ မြန်မာလူငယ်တွေက ကျင်းပခဲ့ကြတာပါ။ 

ပြောရရင် Happy New Year လို့ နှစ်သစ်ကို စတင်ကူးလိုက်တဲ့ အချိန်မှာ အော်ဟစ်ကြိုဆိုကြတဲ့ ယဉ်ကျေးမှုက မြန်မာနိုင်ငံနေရာအနှံ့မှာ
ရောက်နေခဲ့တာ ကြာပြီလို့ ဆိုရမှာပါ။ 

ဒါပေမယ့် ရေဒီယို၊ ရုပ်မြင်သံကြား စသဖြင့်တို့ကနေ တရားဝင် နာရီ စက္ကန့် Count down ကြေညာတာ မျိုးတော့ မရှိခဲ့ပါဘူး။ 

ဒီနှစ်မှာတော့ Myanmar Index Creative Village (MICV) လို့ခေါ်တဲ့ ကုမ္ပဏီကြီးတခုက စပွန်ဆာလုပ်ပြီး  မြန်မာ ကျပ်ငွေ သိန်းပေါင်း ၉ ထောင်ကျော် အကုန်အကျခံကာ လူပေါင်း ၅ သောင်းကျော်နဲ့ စီစဉ်ထားပါ တယ်ဆိုတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ 

အဆိုပါ (MICV)အနေနဲ့ ရန်ကုန်မြို့ မြို့မကွင်းမှာ ၂၀၁၃ ခုနှစ်
နှစ်သစ်ကူးကြိုဆိုပွဲကို ကျင်းပနိုင်ရေး အတွက် ကာကွယ်ရေး ၀န်ကြီးဌာနကနေ အဆိုပါ ကွင်းအား အသုံးပြုရေး လိုင်စင်လည်း ရရှိထားပြီလို့ ဆိုပါတယ်။ 

အိမ့်သံစဉ်  
ဧရာဝတီ
ခရစ် သက္ကရာဇ် အားဖြင့် နှစ်သစ်ကို ကြိုဆိုတဲ့ New Year count down ပွဲကို ရန်ကုန်မြို့မှာ တရားဝင် အားဖြင့် ပထမဆုံး ကျင်း ပတော့မှာ ဖြစ်ပါတယ်။

တကယ်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ခရစ်သက္ကရာဇ် တနှစ်ကုန်လို့ တနှစ်ပြောင်းတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညတိုင်း နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ကန်တော်ကြီး၊ အင်းယား စတဲ့နေရာတွေနဲ့ နီးစပ်ရာ နေအိမ်၊ ခြံဝန်း၊ ဟော်တယ်တွေမှာ မြန်မာလူငယ်တွေက ကျင်းပခဲ့ကြတာပါ။
ပြောရရင် Happy New Year လို့ နှစ်သစ်ကို စတင်ကူးလိုက်တဲ့ အချိန်မှာ အော်ဟစ်ကြိုဆိုကြတဲ့ ယဉ်ကျေးမှုက မြန်မာနိုင်ငံနေရာအနှံ့မှာရောက်နေခဲ့တာ ကြာပြီလို့ ဆိုရမှာပါ။

ဒါပေမယ့် ရေဒီယို၊ ရုပ်မြင်သံကြား စသဖြင့်တို့ကနေ တရားဝင် နာရီ စက္ကန့် Count down ကြေညာတာ မျိုးတော့ မရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ Myanmar Index Creative Village (MICV) လို့ခေါ်တဲ့ ကုမ္ပဏီကြီးတခုက စပွန်ဆာလုပ်ပြီး မြန်မာ ကျပ်ငွေ သိန်းပေါင်း ၉ ထောင်ကျော် အကုန်အကျခံကာ လူပေါင်း ၅ သောင်းကျော်နဲ့ စီစဉ်ထားပါ တယ်ဆိုတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ (MICV)အနေနဲ့ ရန်ကုန်မြို့ မြို့မကွင်းမှာ ၂၀၁၃ ခုနှစ်နှစ်သစ်ကူးကြိုဆိုပွဲကို ကျင်းပနိုင်ရေး အတွက် ကာကွယ်ရေး ၀န်ကြီးဌာနကနေ အဆိုပါ ကွင်းအား အသုံးပြုရေး လိုင်စင်လည်း ရရှိထားပြီလို့ ဆိုပါတယ်။


ဧရာဝတီ

No comments:

Post a Comment

My Blog List